ကြွက်နို့
healthcare.com.mm
|
2018-11-04

ကြွက်နို့သည် ယေဘုယအားဖြင့် သေးငယ်သော၊ မျက်နှာပြင်ကြမ်းသောအဖုလေးဖြစ်ပြီး လက်နှင့် ခြေတွင်အဖြစ်များပါသည်။ေ၈ါ်ဖီပန်းနှင့် တူတတ်ပြီးအစိုင်အခဲဖြစ်သောအရည်ကြည်ဖုငယ်လေးနှင့်လည်း တူတတ်ပါသည်။ ကြွက်နို့သည်အဖြစ်များပြီး human papillomavirus (HPV) ဟုခေါ်သော ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပါသည်။ ဗိုင်းရပ်စ် ပိုးရှိသောအသုံးပြုသော မျက်နှာသုတ်ပဝါ၊အခြားအသုံးအဆောင်များနှင့် ထိတွေ့ခြင်းမှလည်း ကူးစက်နိုင်ပါသည်။ လအနည်းငယ်ကြာလျှင် ပျောက်သွားတတ်သော်လည်း နှစ်များစွာကြာသည်အထိလည်း ရှိနေတတ်ပါသည်။ ပြန်ဖြစ်ခြင်း များလည်း တွေ့ရတတ်ပါသည်။ ကြွက်နို့အမျိုးအစားများ -အတွေ့ရများသော ကြွက်နို့ Common wart (Verruca vulgaris)-  ကြွတက်နေပြီး မျက်နှာပြင်ကြမ်းကာ လက်များနှင့် ဒူးခေါင်းတွင်အဖြစ်များပါသည်။ - ပြင်ညီကြွက်နို့ Flat wart (verruca plana) သေးငယ်သော ညီညာပြီး ပြားနေသောအသားရောင်ရှိ ကြွက်နို့များ ဖြစ်ပါသည်။အရေအတွက်အများကြီး ဖြစ်နိုင်ပါသည်။ မျက်နှာ၊ လည်ပင်း၊ လက်များ၊ လက်ကောက်ဝတ်နှင့် ဒူးခေါင်းများတွင်အဖြစ်များပါသည်။ - ခြေဖဝါးကြွက်နို့  မာပြီး တစ်ခါတစ်ရံ နာကျင်တတ်သော ကြွက်နို့များ ဖြစ်ပြီး ဗဟိုတွင်အမည်းစက်များ တွေ့ရတတ်ပါသည်။ ခြေဖဝါး ၏ ဖိအားဒဏ်ခံရသော နေရာများတွင်အတွေ့ရများတတ်ပါသည်။ - Mosaia ကြွက်နို့ - ပြွတ်သိပ်နေသော ခြေဖဝါး ကြွက်နို့အစုများ ဖြစ်ပါသည်။ လက်များနှင့် ခြေဖဝါးတွင်အတွေ့ရများပါသည်။  - လိင်အင်္ဂါကြွက်နို့ - လိင်အင်္ဂါတစ်ဝိုက် ဖြစ်ပွားပါသည်။ ကုသမှု Podophyllum rasin လိမ်းဆေး၊ benzoin I.P1 aloes ၊ isopropyl alcohol I.P များ လိမ်းနိုင်ပါသည်။အရေပြားကွာစေသော salicylic acid ၊ formaldehyde များလည်း လိမ်းနိုင်ပါသည်။အအေးဖြင့် ခဲစေခြင်း Cryosurgery ဖြင့်လည်း ကုသနိုင်ပါသည်။ Infrared coagulator ၊ Imiquimod ၊ Bleomycin ၊ Dinitrochlorobenzene (DNCB) ? Fluorouracil တို့ဖြင့်လည်း ကုသနိုင်ပါသည်။အရေပြားအနာကျက်သွားတဲ့အခါ ကြွက်နို့ပြန်ထွက်ခြင်းများကို မကြာခဏတွေ့ရတတ်ပါသည်။ ကာကွယ်ခြင်း Gardasil HPV ကာကွယ်ဆေးဖြင့် HPVအမျိုးအစား ၁၆၊ ၁၈၊ ၆ နှင့် ၁၁ တို့ကို ကာကွယ်နိုင်ပါသည်။ Ref: အရေပြားရောဂါများအကြောင်း တစေ့တစောင်း ဒေါက်တာခိုင်ခိုင်ဇော်သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..