နာတာရှည် နာကျင်မှုဝေဒနာခံစားနေရသူများတွင် နှစ်ခြိုက်စွာအိပ်ပျော်နိုင်ရန် သိထားသင့်သည်များ
hellosayarwon.com
|
2018-11-04

သင်သည် ညဘက်တွင်အိပ်ရာမှနိုးလာပြီး ပြန်အိပ်မပျော်တော့သည့်အခါမျိုးနှင့် ကြုံဖူးပါသလား။အကယ်၍သင်သည် နာတာရှည် နာကျင်ခြင်းကို ခံစားနေရလျှင် ၁၀ မိနစ်တာမျှအိပ်ပျော်ရန်ပင် သင့်အတွက်ခက်ခဲနေနိုင်ပါသည်။ ကောင်းမွန်စွာအိပ်ပျော်မှသာ နေ့စဉ်အလုပ်များလုပ်ဆောင်ရာတွင်အဆင်ပြေမည်ဖြစ်သည်။အိပ်ရေးမဝလျှင် ဦးနှောက်မကြည်လင်တော့ဘဲ နေ့စဉ်အလုပ်များကို ထိခိုက်နိုင်ပါသည်။ ထို့ကြောင့် နာကျင်ဝေဒနာခံစားနေရသူများအတွက် ကောင်းမွန်စွာအိပ်စက်နိုင်မည့်နည်းများကို တင်ပြလိုက်ရပါသည်။  

လူတယောက်သည် တနေ့လျှင် ဘယ်လောက်အိပ်စက်သင့်သလဲ။
အသက်အရွယ်ပေါ်မူတည်ပြီါ်အိပ်ချိန်ကွာခြားမှုရှိသော်လည်း လူတယောက်သည် ပျမ်းမျှအားဖြင့် တနေ့လျှင် ၇ နာရီမှ ၉ နာရီထိအိပ်စက်ရန်လိုအပ်သည်။ သင်အိပ်စက်နေသောအချိန်တွင် ဦးနှောက်က နောက်နေ့အလုပ်လုပ်နိုင်ရန်အားအင်မွေးနေပါသည်။ ထို့ကြောင့်အိပ်ချိန်လုံလောက်စွာရှိမှ ဦးနှောက်က ကောင်းစွာလုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထို့အပြင် သင်ယူလေ့လာခြင်း၊ ပြသနာများဖြေရှင်းခြင်း ၊ တိကျစွာဆုံးဖြတ်နိုင်ခြင်း နှင့် တီထွင်နိုင်စွမ်းများ တိုးလာခြင်း စသည့် ကောင်းကျိုးများကိုလည်းရရှိနိုင်ပါသည်။ သင်အိပ်စက်နေသောအချိန်တွင် သင့်ခန္ဓာကိုယ်ရှိပျက်စီးနေသော ဆဲလ်များ သည်အသစ်ပြန်လည် မွေးဖွားလာကာ ကြွက်သားများကို သန်မာကြီးထွားစေပြီး ကျန်းမာရေးကိုအကျိုးပြုသော ဟော်မုန်းများထွက်လာစေသည်။

အိပ်စက်ခြင်း နှင့် နာကျင်မှုဝေဒနာ ဘယ်လို ဆက်နွယ်မှုရှိသလဲ။
နာကျင်မှုဝေဒနာများကို ခံစားနေရသူများသည် သန်း ၆၀ ခန့်ရှိပြီး ထိုသူတို့တွင် နာကျင်မှုကြောင့် ညဘက်တွင်အိပ်ရာမှနိုးလာပြီး နိုးနေသောကြောင့် နာကျင်မှုပိုဆိုးကာ သံသရာလည်နေတော့သည်။

လုံလောက်စွာ မအိပ်စက်ရလျှင် ဘာဖြစ်သလဲ။
သင်သည် သတ်မှတ်ရက်မရောက်မီနောက်ဆုံးနေ့များတွင်အလုပ်မပြီးသည့်အခါ ၊ မနက်ဖြန်တွင် စာမေးပွဲရှိသည့်အခါများတွင်အိပ်ရေးပျက်ခံပြီးအလုပ်များကို ကုန်းရုန်းလုပ်လေ့ရှိသည်။ လုံလောက်စွာမအိပ်ရသောသူသည်အလုပ်၊ သင်ယူမှု၊ စဉ်းစားတွေးခေါ်မှုနှင့် ပေါင်းသင်းဆက်ဆံရေးများတွင် လျော့နည်းစေရုံသာမက ကျန်းမာရေးကိုလည်း ထိခိုက်စေသည်။ ကြာရှည်စွာအိပ်ရေးပျက်သူများသည်အဝလွန်ခြင်း၊ သွေးတိုး ၊ဆီးချို၊ ကျောက်ကပ်ရောဂါ ၊ လေဖြတ်ခြင်း စသည်တို့ခံစားရနိင်ပါသည်။ ထို့ပြင်အိပ်မပျော်လျှင် ဗိုက်ပိုဆာစေပြီး သင်သည် ပြသနာများဖြေရှင်းရာ၊ ထုံးဖြတ်ချက်များချရာတွင် ထိခိုက်နိုင်ပြီး သင့်စိတ်ကို သင်တည်ငြိမ်အောင်မထိန်းချုပ်နိုင်ခြင်းကြောင့် စိတ်ဓာတ်ကျခြင်း၊ မိမိကိုယ်ကို မိမိသေကြောင်းကြံစည်ခြင်း နှင့် မူမမှန်သောအပြုအမူများဖြစ်လာခြင်း စသည့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးချို့ယွင်းချက်များဖြစ်လာနိုင်ပါသည်။ ထို့ပြင် ညဘက်တွင် မအိပ်စက်ရခြင်းကြောင့် နေ့ဘက်တွင်အိပ်ငိုက်ခြင်းဖြစ်တတ်ပါသည်။ ၎င်းသည်ထိန်းချုပ်မှုမဲ့သောအသေးစားအိပ်ပျော်ခြင်းမျိုးဖြစ်ပြီး ထိုသို့အိပ်ငိုက်ခြင်းသည် သင်သည် ရုပ်ပိုင်းဆိုင်ရာ နိုးနေသော်လည်း သင့်ဦးနှောက်က ခဏတာမျှအိပ်ပျော်သွားခြင်းမျိုးဖြစ်ပါသည်။ သင်သည် ကားမောင်းသူ၊ စက်ယန္တရားများကို ကိုင်တွယ်မောင်းနှင်ရသူဖြစ်ပါက ထိုသို့ဖြစ်ခြင်းသည် သင့်အတွက်အန္တရာယ်ဖြစ်စေပါသည်။

အိပ်စက်ချိန်လုံလောက်စွာရရှိရန် ဘယ်လိုလုပ်ရမလဲ။
သင်သည် နာကျင်ခြင်းကြောင့် တညလျှင် ၃-၄ ကြိမ်နိုးနေလျှင် ကောင်းမွန်သောအိပ်စက်မှုမျိုးရလိမ့်မည်မဟုတ်ပါ။အောက်ပါအချက်များ သည် သင့်ကို နှစ်ခြိုက်စွာအိပ်ပျော်စေရန် ကူညီပေးပါလိမ့်မည်။ ·       တရားထိုင်ခြင်းနှင့်အခြားသောကုထုံးများ ကြာရှည်စွာနာကျင်ခြင်းကို ခံစားနေရသော လူနာများသည် ဆေးများစွာသောက်နေရသောကြောင့် ထိုဆေးများ၏အာနိသင်ကြောင့်အနာသက်သာပြီးအိပ်ပျော်သော်လည်း တရားထိုင်ခြင်း၊အပ်စိုက်ကုသခြင်း၊ လျှပ်စစ်နည်းဖြင့်အာရုံကြောများကို နှိုးဆွခြင်း နှင့်အာရုံကြောများကို ပိတ်ခြင်း စသည့်နည်းများကိုလည်းအသုံးပြုနိုင်ပါသည်။ ·       အနေအထားပြောင်းပြီးအိပ်ခြင်း ခါးနှင့် လည်ပင်း နာကျင်သူများသည် ဗိုက်မှောက်ပြီး မအိပ်သင့်ပါ။ ထိုအနေအထားသည် ကျောရိုးမနေအထားမမှန်ဖြစ်စေကာ  သင့်နာကျင်မှုကို ပိုဆိုးစေပါသည်။ ပက်လက်အနေအထားအိပ်ပြီး ဒူးအောက်တွင် ခေါင်းအုံးခံအိပ်ခြင်းသည် ကျောရိုးမပေါ်တွင်ဖိအားသက်ရောက်မှုနည်းစေပြီး သင့်ကို ပိုသက်သာစေပါသည်။အိပ်နေစဉ်တွင်အနေအထားပြောင်းလဲမှုမရှိစေရန် ဘေးတဖက်တချက်တွင် ဖက်လုံးများထားခြင်း၊ ခွလ့ုံးဖြင့်အိပ်ခြင်းတို့ကိုပြုလုပ်နိုင်သည်။ လည်ပင်းနာသူများအတွက်အထူးထုတ်လုပ်ထားသော ခေါင်းအုံးများကိုအသုံးပြုပါ။ လေယာဉ် ၊ ကားလမ်းခရီးတို့ဖြင့် ခရီးသွားရမည်ဆိုလုျှင်လည်း ခရီးသွားရာတွင်အလွယ်သယ်သွားနိုင်သော ခေါင်းအုံးကို ယူသွားခြင်းဖြင့် သင့်လည်ပင်းကိုအနေအထားမှန်စေပါသည်။အိပ်နေစဉ် သင့်ကိုယ်နေကိုယ်ထားသည်အရေးကြီးသလို ရင်ပူခြင်း၊ စားချဉ့်ပြန်ခြင်းတို့ကြောင့်လည်း သင့်ကိုအိပ်ရေးပျက်စေပါသည်။ ·       သဘာဝအတိုင်းအိပ်ပျော်နိုင်ရန်နည်းကို၇ှာဖွေပါ။ အချို့သူများသည် သူတို့၏နာကျင်ခြင်းကိုအစွဲကြီးမားနေခြင်းကြောင့်အိပ်မပျော်ဘဲဖြစ်နေတတ်သည်။ ထို့ကြောင့် သင့်စိတ်ကို စင်ကြယ်အောင်ထားပြီး သဘာဝအတိုင်းအိပ်ပျော်နိုင်ရန်နည်းကိုရှာဖွေပါ။အောက်ပါအနာသက်သာစေနိုင်သောနည်းလမ်းများကို ကြိုးစားကြည့်ပါ။    သင်လဲလျောင်းရန် သက်တောင့်သက်သာဖြစ်စေမည့် နေရာကိုရှာပါ။ အာရုံစူးစိုက်ပြီအသက်ရှုသွင်းရှုထုတ်ခြင်းကို ဖြေးညင်းစွာ တမိနစ်ခန့်ပြုလုပ်ပါ။ မည်သည့်အတွေးကိုမျှ မတွေးပါနှင့်။ ကောင်းသည် ဆိုးသည် စသည်ဖြင့် တွေးမနေဘဲ သင့်စိတ်ကိုအတတ်နိုင်ဆုံးစင်ကြယ်အောင်ထားပါ။ သင့်စိတ်ကို သဘာဝအတိုင်း စင်ကြယ်စွာထားပြီး ဝင်လေထွက်လေကိုသာအာရုံထားပါ။ ဦးနှောက်နှင့် ကိုယ်ခန္ဓာသည် ဆက်စပ်နေပါသည်။ စိတ်ဖိစီးခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်စိတ်များခြင်းတို့သည် နာကျင်မှု၏ နောက်ဆက်တွဲ ပြသနာများဖြစ်သည်။ ထို့ကြောင့် နာကျင်မှုကိုခံစားရလျှင် ထိုဝေဒနာကိုအစွဲမထားဘဲ သင့်ကိုယ်သင် လက်ခံနိုင်ရန် ကြိုးစားသင့်သည်။

· ကြွက်သားများကို ပြေလျော့အောင်နေပါ။
ညမအိပ်မီ ရေနွေးဖြင့်ရေချိုးခြင်းပြုလုပ်ပါ။ သင်အနားယူနေချိန်တွင် သင့်ခန္ဓာကိုယ်ကို သက်တောင့်သက်သာ ရှိသောအနေအထားတွင်နေပါ။ သင့်ကြွက်သားများကိုပြေလျော့စေသော ရိုးရာနည်းများဖြင့် ကုသခြင်း၊ သီချင်းအေးများနားထောင်ခြင်း၊အနံ့ကုထုံးစသည်တို့သည် သင့်ကြွက်သားများကို ပြေလျော့စေသည်။ ထိုနည်းများဖြင့် ကြွက်သားများ ပြေလျော့သွားသောအခါ သင့်ကိုနှစ်ခြိုက်စွာအိပ်ပျော်စေပါလိမ့်မည်။

· သင့်စိတ်ကိုငြိမ်းချမ်းစေမည့်နေရာကို ရွေးချယ်ပါ။
အချို့သူများသည် ပတ်ဝန်းကျင်တွင် ဆူညံသံများရှိနေသော်လည်းအိပ်ပျော်သည်။အချို့မှာမူ ထိုအရာသည်အနှောင့်အယှက်တခုဖြစ်နိုင်သည်။ သင်ကောင်းမွန်စွာအိပ်စက်နိုင်လေလေအိပ်စက်နေစဉ်သင်မသိလိုက်သော ဇီဝဖြစ်စဉ်များသည် ခန္ဓာကိုယ်တွင် ပိုမိုကောင်းမွန်လေလေဖြစ်ပါသည်။ ထို့ကြောင့် ကောင်းမွန်သော ပတ်ဝန်းကျင်တွင်အိပ်စက်ခြင်းသည် သင့် ကိုအလွယ်တကူအိပ်ပျော်စေသောနည်းလမ်းဖြစ်ပါသည်။ o   ပတ်ဝန်းကျင်တွင် ဆူညံသံများမရှိအောင်ပြုလုပ်ပါ။ လူအချို့သည် လုံးဝဆိတ်ငြိမ်ခြင်းကို နှစ်သက်ပြီးအချို့မှာအိပ်ပျော်စေသောအသံအချို့ကို နှစ်သက်ကြသည်။ o   မည်သည့်ရက်တွင်မဆိုအချိန်မှန်မှန်အိပ်ပြီးအချိန်မှန် မှန်ထပါ။ o  အိပ်ရာမဝင်မီ ကော်ဖီ၊အရက်နှင့် လက်ဖက်ရည်သောက်ခြင်း ရှောင်ပါ။ o  အိပ်ရာမဝင်မီ ၃-၄ နာရီကြာမျှ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် သင့်ကိုအိပ်ပျော်ရန် ပိုခက်စေသည်။ o   တိရိစ္ဆာန်များနှင့် တခန်းတည်းအတူနေခြင်း၊အတူအိပ်ခြင်း မပြုလုပ်ပါနှင့်။

· နာကျင်မှုအကြောင်းကိုမတွေးပါနှင့်။
သင်သည် တနေကုန် သင့်အနာအကြောင်းကိုတွေးနေလျှင် ထိုမကောင်းသောအတွေးများကြောင့် ညဘက်တွင်အိပ်မပျော်ဖြစ်စေလိမ့်မည်။ ထို့ကြောင့်အကောင်းမြင်စိတ်နှင့်တွေးပြီး သင်ဝါသနာပါရာ လုပ်ခြင်း၊ မဂ္ဂဇင်း၊ စာအုပ်ဖတ်ခြင်းစသည်တို့ပြုလုပ်လျှင် သင့်နာကျင်မှုဆီစိတ်မရောက်တော့ဘဲကောင်းစွာအိပ်ပျော်နိုင်သည်။

·အိပ်ချိန်မှန်စေသောဟော်မုန်းဆေးများသောက်ခြင်း
မီလတိုနင်ဆေးသည်အိပ်ချိန်မှန်စေသောဟော်မုန်းဆေးဖြစ်သည်။ ဆေးအမျိုးအစားများစွာရှိရာ သင်သည်အိပ်ပျော်ရန် ဆေးသောက်ချင်လျှင် သင့်ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

· သင့်ဆရာဝန်၏အကူအညီကိုရယူပါ။
အိပ်နေစဉ်ဟောက်ခြင်း၊အိပ်မပျော်ခြင်း စသည့်ကျန်းမာရေးပြသနာများကို ဖြေရှင်းနိုင်ရန် သင့်ကိုအိပ်ရေးပျက်စေသော ဆရာဝန်နှင့်တိုင်ပင်သင့်သည်။ ထိုအခြေအနေများသည်အကြောင်းရင်းများဖြစ်သောကြောင့် ၎င်းတို့ကိုအရင်ပျောက်အောင်ကုသသင့်သည်။   နာတာရှည်နာကျင်မှု ဝေဒနာကြောင့်အိပ်ရေးမဝခြင်းဖြစ်ရသော်လည်း သင့်ကိုအိပ်ရေးပျက်စေသောအခြားအကြောင်းရင်းများစွာရှိနေပါသည်။ တခါတရံအိပ်ရေးပျက်ခြင်းသည် လက်ခံနိုင်သော်လည်းရေရှည်အတွက်မကောင်းပါ။အိပ်မပျော်လျှင် နာကျင်မှုများလည်းမသက်သာနိုင်ပေ။ နောက်ဆုံးအနေဖြင့် သင်သည် ဆေးသောက်ခြင်း၊ စားသောက်နေထိုင်မှုပုံစံပြောင်းလဲခြင်း နှင့်အခြားကုထုံးများပြုလုပ်နေပါလျက်အိပ်မပျော်သော ပြသနာနှင့် ကြုံတွေ့နေရဆဲဖြစ်ပါလျှင် ဆရာဝန်ထံသွားကာ တိုင်ပင်သင့်ပါသည်။

သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။            




Some text some message..