ငှက်ပျောသီးက နူးညံ့ပြောင်းပြီး ချိုသင်းတဲ့အရသာရှိတယ်။ ငှက်ပျောသီးမှာအာဟာရ သိပ်ကိုကြွယ်ဝတယ်။ (ဂရမ် ၁ဝဝ=၆.၂) ကျပ်သားတိုင်းမှာ (အခွံမပါအသားသက်သက်) ပရိုတင်း ၁.၂ ဂရမ်၊အဆီ ဝ.၅ဂရမ်၊ ကစီ ၁၉.၅ ဂရမ်၊ ဖိုင်ဘာမျှင်အကြမ်း ဝ.၉ ဂရမ်၊ ထုံးဓာတ် ၉ မီလီဂရမ်၊ မီးစုန်းဓာတ် ၃၁ မီလီဂရမ်၊ သံဓာတ် ဝ.၆ မီလီဂရမ် တို့ပါဝင်တဲ့အပြင် ကယ်ရိုတင်း၊ နိုင်ယာစင် (Niacin) ဗီတာမင်စီ၊အီးနဲ့စိုးစဉ်လိုအပ် ဒြပ်စင်ဖြစ်တဲ့ ပိုတက်စီယမ်စတာတွေလည်း ပါဝင်တယ်။ မကြာမီနှစ်ပိုင်းအတွင်းများက ကမ္ဘာ့ဆေးပညာပါရဂူများရဲ့ သုတေသနပြုတွေ့ရှိခဲ့တာက ငှက်ပျောသီးက လူ့ခန္ဓာကိုယ်တွင်း ဦးနှောက်ကြီးအတွက် “ သွေးကြည်ရည် Blood Serum တစ်မျိုးထုတ်လုပ်ဖို့ ကူညီတယ်လို့ဆိုပါတယ်။အဲဒီဒြပ်ပစ္စည်းကအာရုံကြောစနစ်ကို လှုံ့ဆော်မှုပေးတယ်။အဲဒီကနေလူတွေကို ပျော်ရွင်စေတယ်၊ တည်ငြိမ်စေတယ်။အိပ်ချိန်ကိုအချက်ပေးတယ်။ နာကျင်မှုကို သက်သာစေတဲ့အကျိုးတောင်ရှိသေးတယ်လို့ သိရပါတယ်။ ဒါကြောင့် ငှက်ပျောသီးကို “ပျော်ရွင်ဖွယ်စားစရာ” လို့တောင် နာမည်ကောင်းပေးထားပါတယ်။အမေရိကန်နိုင်ငံ ဆေးပညာပါရဂူတွေရဲ့သုတေသနပြုတွေ့ရှိချက်အရအမြဲငှက်ပျောသီးစားရင် သွေးတိုးရောဂါကို ကြိုတင်ဟန့်တားနိုင်တယ်။အကြောင်းရင်းကတော့ ငှက်ပျောသီးမှာ “ပိုတက်ဆီယမ်အိုင်းယွန်း Iron များများစားစား ပါဝင်နေတော့ “ဆိုဒီယမ်အိုင်းယွန်း” တွေ မြင့်တက်လာနိုင်မှုကို ဟန့်တားနိုင်တဲ့အတွက် သွေးကြောများ မထိခိုက်တော့ပါ။ သိပ္ပံပညာရှင်များ ထပ်မ့တွေ့ရှိသေးတာက လူမှာ ပိုတက်ဆီယမ်ချို့တဲ့ခဲ့ရင် မူးဝေတာ၊ တစ်ကိုယ်လုံးအားကုန်တာ၊ နှလုံးခုန်မမှန်တာတွေပါ ဖြစ်တတ်သေးတယ်လို့ ဆိုပါတယ်။ နောက်ပြီး ငှက်ပျောသီးမှာအာဟာရအမျိုးမျိုးရှိတဲ့အပြင် လူကိုမဝစေဘူး။ ဦးနှောက်ကိုအားကောင်းစေတယ်။အာရုံကြောများ မပန်းစေဘူး။အဆုတ်ကိုချောမွေ့စေပြီး ချောင်းဆိုးသက်သာစေတယ်။ ဝမ်းမှန်စေတယ်လို့ ယူဆကြပါတယ်။ တရုတ်တိုင်းရင်ဆေးပညာအရ ငှက်ပျောသီးဟာအအေးစာဖြစ်တဲ့အတွက်အစာအိမ်အားနည်းသူ၊အစာအိမ်နာတတ်သူ၊ ဝမ်းလျှောတတ်သူများလျှော့စားသင့်တယ်။အစာအိမ်အချဉ်ပေါက်သူများ မစားသင့်ဘူးလို့ ယူဆပါတယ်။ Credit : မောင်မောင်လှိုင် သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။