လက်သည်းက ပြောတဲ့ သင့်ကျန်းမာရေးအကြောင်း
moda.com.mm
|
2019-08-24



လက်သည်းကိုကြည့်ပြီး ကျန်းမာရေးနဲ့ ပတ်သက်ပြီးအကြမ်းမျဉ်းသိနိုင်ပါတယ်။ ဒီတော့ သင့်လက်သည်းတွေကနေ တစ်ဆင့် သင့်ကျန်းမာရေးအခြေအနေကို ပြောပြပေးနိုင်မှာပါ။အကြမ်းမျဉ်းအားဖြင့်တော့ ကျန်းမာတဲ့လက်သည်းတွေဟာ ပန်းသွေးရောင်သန်းနေတတ်ပြီး လက်သည်းအရောင်ညစ်တဲ့ဘက်ကို ရောက်နေတယ်ဆိုရင်တော့ သင့်ကျန်းမာရေးကို စစ်ဆေးသင့်ပါပြီ။ နောက်ထပ် လက်သည်းတွေကတစ်ဆင့် ကျန်းမာရေးကို ဘယ်လိုသိနိုင်မလဲ ဆက်ကြည့်ကြရအောင်နော်။




သင့်လက်သည်းအရောင်ဟာ ဖြူဖတ်ဖြူလျော်ဖြစ်နေပြီဆိုရင်တော့ သင်ဟာ သွေးအားနည်းခြင်း၊ နှလုံးအားနည်းခြင်း၊အသည်းနဲ့ ပတ်သက်တဲ့ရောဂါ ဒါမှမဟုတ်အာဟာရချို့တဲ့လက္ခဏာတွေ ရှိနေပြီပဲ ဖြစ်ပါတယ်။ သင့်ရဲ့ လက်သည်းဟာအဖြူရောင်ဘက်ကို ရောက်နေပြီဆိုရင်တော့အသည်းမှာပြဿနာရှိနေပါပြီ။ ဒီ လက္ခဏာဟာအသဲရောင်ရောဂါဖြစ်ပေါ်နေတဲ့ လက္ခဏာမျိုးဖြစ်တာကြောင့် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။




အကယ်၍ သင့်လက်သည်းအရောင်ဟာအဝါရောင်ဖြစ်နေတယ်ဆိုရင်တော့ ဒါဟာ မှိုရောဂါစွဲကပ်နေခြင်းဖြစ်တဲ့အတွက် ဒီလိုအခြေအနေမျိုးရောက်နေပြီဆိုရင်တော့ ပြင်းထန်တဲ့ thyroid ရောဂါခံစားနေရတာမျိုးဖြစ်နိုင်သလိုအဆုတ်ရောဂါ၊ ဆီးချိုရောဂါမျိုးတွေလဲ ခံစားနေရတာမျိုးဖြစ်နိုင်ပါတယ်။




အောက်ဆီဂျင်လုံလောက်စွာမရရှိတဲ့ လက်သည်းအရောင်ကတော့အပြာရောင်လက်သည်းတွေပဲ ဖြစ်ပါတယ်။ ဒါဟာအဆုတ်ရောဂါလက္ခဏာကြောင့် ဖြစ်တတ်ပြီး တစ်ချို့ နှလုံးပြဿနာတွေကြောင့်လဲ ဖြစ်တတ်ပါတယ်။အဆစ်ရောင်ရောဂါ ဒါမှမဟုတ်အရေပြားရောဂါခံစားနေရသူတွေရဲ့ လက်သည်းမျက်နှာပြင်က လှိုင်းထနေသကဲ့သို့ ဖြစ်နေတတ်ပါတယ်။ လက်သည်းပေါ်မှာအနက်ရောင်လိုင်းဖြစ်ပေါ်နေတယ်ဆိုရင်တော့ မပေါ့ဆသင့်ပါဘူး။ ဒီလက္ခဏာဟာအလွန်ဆိုးဝါးတဲ့အရေပြားကင်ဆာရောဂါဖြစ်ပွားတဲ့အထိ ဖြစ်နေတတ်တာမို့ ဆရာဝန်နဲ့ သွားရောက်ပြသပြီးဆွေးနွေးသင့်တဲ့အခြေအနေပါ။




ကဲ ဒီတော့ လက်သည်းနဲ့ ပတ်သက်ပြီး မိမိရဲ့ ကျန်းမာရေးအခြေအနေကို သိနိုင်ပြီးဖြစ်တာမို့ ကိုယ့်ရဲ့ လက်သည်းအရောင်လေးတွေကို ကြည့်ပြီး ဆန်းစစ်ကြည့်နိုင်ပါတယ်နော်။

Editor : Lin Lin




Some text some message..