အဆီကျိတ်
healthcare.com.mm
|
2019-08-31


အရေပြားအောက်ကအဆီကျိတ်အဆီကျိတ်ဆိုပြီး ခြုံငုံပြောလိုက်ပေမဲ့ တကယ်တော့ အခုဆွေးနွေးမှာကအရေပြားအောက်ကအဆီကျိတ်ပါ။အရေပြားမှာအပေါ်လွှာ၊အလယ်လွှာ၊အောက်လွှာဆိုပြီးအလွှာ (၃) ခုရှိသည့်အနက်အတွေ့များတဲ့အဆီကျိတ်ကအရေပြားအောက်ဆုံးအလွှာထဲမှာရှိတဲ့အဆီကျိတ်ပါ။ ဆေးဝေါဟာရအရ ပြောရရင် subcutaneous lipoma ပေါ့။အဆီကျိတ်ကို လိုက်ပိုးမား (Lipoma) လို့ခေါ်ပါတယ်။ subcutaneous ဆိုတာကတော့အရေပြားရဲ့အောက်မှာလို့အဓိပ္ပာယ်ရပါတယ်။ တကယ်တော့အရေပြားရဲ့အောက်လွှာမှာအဆီဆိုတာ ရှိပြီးသားပါ။အဲဒီအဆီတွေကြောင့်အရေပြားဟာ မို့မို့ဖောင်းဖောင်း ဖြစ်စေတဲ့အပြင် ခန္ဓာကိုယ်ရဲ့အပူချိန်ကိုလည်းအထိုက်အလျောက် ထိန်းညှိပေးတာပါ။ ပင်ကိုရှိပြီးသားအဆီ ကလာပ်စည်းတွေကနေအဆီကျိတ်ဖြစ်တာမို့အရေပြားအောက်ကအဆီကျိတ်ကို သမုတ်လိုက်တာပါ။ ပျော့ပျော့ပျောင်းပျောင်းအဆီကျိတ်ဆိုတော့အခြားအရေပြားအကျိတ်တွေနဲ့ မတူပဲ ကိုင်ကြည့်ရင် ပျော့ပျော့ပျောင်းပျောင်းပါ။ နာလည်းမနာပါ။ ဟိုဘက်ဒီဘက်ကို တွန်းကြည့်ရင်လည်း နည်းနည်းပါးပါးရွေ့ပါတယ်။အရေပြားအောက်ကအကျိတ်ဆိုတော့အရေပြားနဲ့ လွတ်လွတ်ကင်းကင်းပါပဲ။ ရှင်းရှင်းပြောရရင်ဒီအကျိတ်တွေကအရေပြားနဲ့ ကြွက်သားကြားထဲမှာ ရှိနေတာပါ။ ဒါပေမဲ့ နဖူးမှာပေါက်တတ်တဲ့အဆီကျိတ်ကျတော့အရေပြားအောက်က နဖူးကြွက်သား (Frontalis muscle) ထဲထိ နက်နက်ရှိုင်းရှိုင်းအခြေတည်နေတတ်ပါတယ်။အဆီကျိတ်ဟာ သူ့ကိုလွှမ်းခြုံထားတဲ့အကာအမျှင်တွေထဲမှာ သီးသန့်ရှိနေပြီးအခြား ပုံမှန်အဆီကလာပ်စည်းတွေနဲ့ ရောနေတာ မဟုတ်ပါဘူး။ ကင်ဆာဖြစ်မှာကြောက်တယ်အရေပြား ဘာအဖုအကျိတ်ဖြစ်ဖြစ် ကင်ဆာများလားဆိုပြီးတော့ ကြောက်တတ်ကြတယ်။ တကယ်တော့အန္တရာယ်ရှိတဲ့ရောဂါကို ကြောက်တတ်တာကောင်းပါတယ်။ ဒါပေမဲ့ ဒီအဆီကျိတ်တွေကတော့ တကယ့်ကို ရေမြွေပါ။အန္တရာယ်မပေးသလောက်ပါပဲ။ ကင်ဆာလည်း မဖြစ်ပါဘူး။ ချက်ချင်းကြီးလည်း ဝုန်းဒိုင်းဆိုပြီး တအားကြီးထွားမလာ ပါဘူး။ တဖြည်းဖြည်းချင်းသာ ကြီးလာပြီး တစ်ချိန်ကျတော့ ရပ်သွား၊ တန့်သွားတာပါ။ ဒါကြောင့် များသောအားဖြင့်အဆီကျိတ်တွေကို မခွဲမပြု၊ ဒီအတိုင်းပဲ ထားကြတာပါ။ ခွဲရင် ပိုက်ဆံကုန်မယ်၊ နာမှကြောက်တယ် စတဲ့အကြောင်းပြချက်တွေနဲ့ သေရာပါတဲ့အထိ ဒီအတိုင်းပဲ ထားကြတာပါ။ ဒုက္ခမှ မပေးပဲကိုး။ ဒါပေမဲ့ ပေါင်မှာဖြစ်တဲ့အဆီကျိတ်က ထောပတ်သီးအရွယ်လောက်ထိ ကြီးနေတယ်ဆိုရင်တော့ ကင်ဆာဖြစ်နိုင်ခြေရှိတယ်လို့လည်း တချို့ကဆိုပါတယ်။ ဒါကြောင့် သိပ်ကြီးရင်တော့ မပေါ့စေချင်ပါဘူး။ ဘာကြောင့်အဆီကျိတ်ဖြစ်တာလဲ သွေးထဲမှာအဆီတွေများလို့လား၊ လူကဝလို့လား၊အထိုင်များလို့လား စသဖြင့်အဆီကျိတ် ဘာလို့ဖြစ်ရတာလဲဆိုပြီး မေးတတ်ကြပါတယ်။ တကယ်တော့ သူ့ဟာသူ ဖြစ်ချင်လို့ဖြစ်လာတာပါ။ မျိုးရိုးဗီဇပါလာလို့ပါ။ သွေးထဲကအဆီတွေနဲ့လည်း မဆိုင်သလိုအဝလွန်တာနဲ့လည်း မပတ်သက်ပါဘူး။ တချို့လူက ပိန်ပိန်ပါးပါးနဲ့အဆီကျိတ်တွေ ဟိုတစ်လုံး၊ ဒီတစ်လုံးရှိရင် ရှိနေတာပါ။ ကျွန်တော်လက်ရှိ နေထိုင်တဲ့အိမ်ရာမှာ ဗေလုဝလို့အမည်ပြောင်းပေးထားတဲ့ ခပ်ပိန်ပိန် လုံခြုံရေးဝန်ထမ်းရဲ့ နဖူးအလယ်တည့်တည့်မှာ ကွမ်းသီးလုံးလောက်အဆီကျိတ်တစ်လုံးနှင့်ပါ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက ရှိနေတာ ကြီးလည်းမလာပါဘူး။အကျိတ်က နဖူးမှာရှိတဲ့အပြင် သူ့မှာ သွေးတိုးလည်းရှိနေတော့ ကျွန်တော်က ခွဲစိတ်ပေးရမှာကို လက်တွန့်နေတာမို့ ကြာနေတာပါ။ တချို့ကျတော့ ထိခိုက်မိတာကနေအဆီကျိတ်ပေါ်လာတာမျိုးရှိပါတယ်။ ဥပမာ လက်ဖျံနဲ့ တစ်ခုခုတိုက်မိတာ၊ ရိုက်မိရာကအဲဒီနေရာမှာ ကြာတော့အဆီကျိတ် ထွက်လာတာမျိုးပါ။ နဂိုဗီဇအခံပါခဲ့ရင် ပိုပြီးဖြစ်လွယ်တာပေါ့။အဆီကျိတ်တွေ ပျောက်ချင်တယ် ဘာမှ ပြဿနာမပေးရင်တော့ မကုဘဲ ထားလို့ရပါတယ်။ စိတ်သောကရောက်စရာမလိုပါဘူး။ ဒါပေမဲ့ လူမြင်သူမြင် နေရာမှာရှိနေလို့အလှပျက်တာ၊ စိတ်အနှောက်အယှက်ဖြစ်တာ ရှိနေရင်တော့ ဖယ်ရှားပစ်ရမှာပါ။ ဒါ့အပြင်အကျိတ်ဟာအရမ်းကြီးနေရင် ဒါမှမဟုတ် နာကျင်နေရင်လည်း ကုသမှုခံယူရမှာပါ။ ကုသနည်းတွေကအားလုံးသိကြတဲ့ ခွဲစိတ်ဖယ်ထုတ်ပစ်လိုက်ခြင်းပါပဲ။အရေပြားကြွက်သားထဲမှာ နက်နက်နဲနဲအမြစ်တွယ်ကပ်နေတတ်တဲ့ နဖူးပေါ်ကအဆီကျိတ်မျိုးဆိုရင်တော့ ဂရုစိုက်ပြီး သေသေချာချာကို ခွဲထုတ်ပစ်မှရမှာပါ။ ကြွက်သားတွေကို မထိခိုက်ဖို့အရေးကြီးပါတယ်။ ဒီနည်းကတော့ ပြန်ဖြစ်တာမျိုးမရှိပါဘူး။ ခွဲတယ်ဆိုတော့အခန့်မသင့်ရင်အမာရွတ်တော့ကျန်နိုင်ပါတယ်။ ဒုတိယနည်းကတော့အရေပြားကို နည်းနည်းလေးပဲ ခွဲပြီးတော့အဆီကျိတ်ကို ညှစ်ထုတ်တဲ့နည်းပါ။အဆီတွေတွေကို ခွဲထားတဲ့အပေါက်ကပဲ ထွက်သွားအောင် ညှစ်လိုက်တာပါ။ ဒါပေမဲ့အဆီအိတ်ရဲ့အကာကျန်ခဲ့နိုင်တာမို့ ပြန်ဖြစ်နိုင် ပါတယ်။ နောက်တစ်နည်းကတော့အဆီတွေကို စုပ်ယူတဲ့နည်းပေါ့။ liposuction လို့ခေါ်တဲ့နည်းပါ။ ဝမ်းဗိုက်အဆီပြင်တွေကို ဒီနည်းနှင့်ပဲ စုပ်ထုတ်နေကြတာပါ။သွေးထဲကအဆီပဲဖြစ်ဖြစ်၊ ဗိုက်ခေါက်ထဲကအဆီပဲဖြစ်ဖြစ်၊အရေပြားအောက်ကအဆီကျိတ်ထဲကအဆီပဲဖြစ်ဖြစ် ပုံမှန်ထက်ပိုလျှံနေရင်မကောင်းပါဘူး။ ပြဿနာပေးနိုင်တဲ့အဆီပို၊အဆီလျှံမှန်သမျှကို လျော့ပါးကင်းစင်သွားအောင် ဖယ်ရှားပေးနိုင်ရင်အကောင်းဆုံးပါ။ Credit : ဒေါက်တာ ကျော်ကျော်သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။  





Some text some message..