ဟုတ်ကဲ့၊ ဒါတကယ်ပါ။ ဒါပေမယ့်အမျိုးသားတွေ ဖြစ်တတ်တာနဲ့တော့ ကွာပါတယ်။အမျိုးသမီးတွေ ပြီးတာကို (orgasm ရတာကို) သတိပြုမိဖို့ကတော့ မလွယ်ပါဘူး။အမျိုးသမီးတွေအတွက် ပြီးသွားတယ်ဆိုတာမျိုးဟာ ဘာလဲ၊ ဘယ်လိုဖြစ်သလဲ ဆိုတာကို နားလည်ဖို့ နည်းနည်းတော့ ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က လိင်မှုဆိုင်ရာသာယာမှုတွေကို ဆွေးနွေးပြောဆိုရမှာ ရှက်ကြောက်နေကြတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ ဒီကိစ္စကို နည်းနည်းလောက် ရှင်းပြပါရစေ။အမျိုးသားတွေအနေနဲ့ စိတ်ကြွလာတဲ့အခါမှာ ခန္ဓာကိုယ်ထဲမှာ သွေးတွေစီးဆင်းရာကနေ လိင်တံကိုရောက်တဲ့အခါ ထောင်မတ်လာသလိုအမျိုးသမီးတွေမှာဆိုရင်တော့ ယောနိရယ် မိန်းမအင်္ဂါဇာတ် ရယ်တို့ကလည်း သာမန်အချိန်ထက် ပိုကြီးလာတတ်ကြပြီး မိန်းမအင်္ဂါစေ့ကို ဖြတ်ပြီး ခန္ဓာကိုယ်ကနေအရည်တွေကို ပိုထုတ်ပေးတာကြောင့် လှုံ့ဆော်မှုတွေအားကောင်းပြီး စိုစွတ်လာနိုင်ပါတယ်။ သင်စိတ်လှုပ်ရှားမှု ဖြစ်တဲ့အချိန်မှာ သင့်ခန္ဓာကိုယ်ထဲကအာရုံခံလှုံ့ဆော်နိုင်မှုတွေ စုစည်းပြီး သင့်ကိုသာယာမှုတွေ ပိုဖြစ်စေနိုင်မှာပါ။အဲ့အချိန်မှာ သင့်ကြွက်သားတွေက သင့်ကိုစတင်ပြီး ရုန်းကန်မှုတွေ ဖြစ်စေပါလိမ့်မယ်။အဲ့ကြွက်သားရုန်းကန်မှုတွေ ဖြေလျော့လိုက်တဲ့အချိန်ကတော့ ပြီးတဲ့အချိန်ပါပဲ။ တချို့အမျိုးသမီးတွေကတေ့ ဒီအချိန်က သူတို့ ခန္ဓာကိုယ်ရဲ့ ပေါက်ကွဲချိန်နဲ့တောင် တူတယ်လို့ ထင်ပါတယ်တဲ့။ ဒါကြောင့်အမျိုးသမီးတွေအတွက် ပြီးတာနဲ့ပတ်သက်ပြီး ပြောပြနိုင်တဲ့အတွေ့အကြုံက ခက်ပါသလားဆိုရင် မခက်ပါဘူး။ မှန်ကန်တဲ့အစိတ်အပိုင်းပေါ်မှာအာရုံထား တတ်ရင်မခက်ပါဘူး။ လိင်ဆက်ဆံစဉ် သင့်ယောနိနဲ့ သင့်မိန်းမအင်္ဂါစေ့တို့အပေါ် ပိုအာရုံထားတတ်ရင်၊ ခံစားမှုအားပိုကောင်းရင် သင်အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးနိုင်ပါလိမ့်မယ်။ သင့် စိတ်ကျေနပ်မှုအတွက် ဘယ်အစိတ်အပိုင်းကအလုပ်လုပ်တယ်ဆိုတာ ရှာမတွေ့မချင်းအာရုံစိုက်ကြည့်ပါ။ တစ်ယောက်နဲ့တစ်ယောက် orgasm ရပုံချင်းတော့ မတူနိုင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သင့်ခန္ဓာကိုယ်နဲ့ စိတ်က လိင်ပိုင်းဆိုင်ရာ သာယာမှုမှာ ဘယ်လိုတုံ့ပြန်တယ်ဆိုတာကို ရှင်းလင်းစွာ သိပြီဆိုရင်တော့ ပိုပြီးသာယာကောင်းမွန်တဲ့အတွေ့အကြုံရရှိနိုင်ဖို့အထောက်အကူပြုနိုင်မှာပါ။ Credit : Lydiaသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။