လိင်တံ
ပတ်လည်မှာ ရှိတဲ့ ဆီးခုံမွေးတွေကို ရိတ်ဖို့ လိုအပ်လားဆိုတာ
ယောက်ျားလေးတွေ
မကြာခဏ မေးတတ်ကြတဲ့ မေးခွန်းတွေထဲက တစ်ခုပါပဲ။ ကျန်းမာရေးအရ ကြီးမားတဲ့ ပြောင်းလဲမှုမျိုး၊ ကောင်းကျိုးများစွာ မရှိပေမယ့်
တစ်ကိုယ်ရေသန့်ရှင်းမှု
ကိုအလေးထားတယ်ဆိုရင်တော့ ရိတ်လို့ ရပါတယ်။အရေပြားအလွန်နူးညံ့ပြီး ထိခိုက်လွယ်တဲ့
လိင်အင်္ဂါ
နားကို ဘလိတ်ဓါးကိုင်ပြီးအမွေးရိတ်ဖို့ဆိုတာ တော်ရုံ
အမျိုးသားတွေ
အတွက်တော့ တွေးမိရုံနဲ့တင်အသည်းယားစရာ ကိစ္စ ဖြစ်မှာပါ။ နေ့စဉ် ရေပုံမှန်ချိုးပေးမယ်။ လိင်တံထိပ်အရေပြား မဖြတ်ထားတဲ့သူတွေဆိုရင်အရေပြားအတွင်းကို ဆပ်ပြာ၊ ရေနဲ့အမြဲ ဆေးကြောသန့်ရှင်းပေးမယ်ဆိုရင်တော့အမွေးရိတ်ဖို့ မလိုအပ်ဘူးလို့သာ ပြောချင်ပါတယ်။ ဒါဆိုရင်
ဆီးခုံမွေး
ရိတ်လို့ ဘာကောင်းကျိုး ရနိုင်လဲ။ ဘာလို့ တချို့ယောက်ျားလေးတွေကအရဲစွန့်ပြီး လိင်အင်္ဂါတစ်ဝိုက်ကအမွေးအမျှင်တွေကို ရိတ်နေကြတာလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။
ဆီးခုံမွေး ရိတ်ခြင်းဆိုသည်မှာ
လူပျိုဖြစ်တဲ့အချိန် လိင်အင်္ဂါအပေါ်ဘက်မှာအမွေးအမျှင်တွေ စတင်ပေါက်လာပြီးအသက်ကြီးလာတာနဲ့အမျှအမွေးအမျှင်အုံထူလာပါတယ်။ တချို့အမျိုးသားတွေမှာဆိုရင် လိင်တံပတ်လည်၊
ဝှေးစေ့
၊
ပေါင်ခြံ
တစ်ဝိုက်မှာပါအမွေးအမျှင်တွေ ထူထဲစွာ ပေါက်တာမျိုးလည်း ရှိပါတယ်။ များသောအားဖြင့် ဆီးခုံမွေးရိတ်တဲ့အခါမှာ လိင်တံရဲ့အပေါ်စပ်နားမှာ ရှိတဲ့အမွေးအမျှင်တွေကိုသာအဓိကရိတ်ကြတာဖြစ်ပါတယ်။ ဝှေးစေ့ဟာအလွန်ထိခိုက်လွယ်တဲ့အပြင် ဓားနဲ့ ရိတ်ရတာဖြစ်တာကြောင့် ကျွမ်းကျင်မှု မရှိတဲ့အခါ ပွန်းပဲ့ဒဏ်ရာ ဖြစ်နိုင်ပါတယ်။
ဆီးခုံမွေး ရိတ်ခြင်းဖြင့် ရနိုင်တဲ့ ကောင်းကျိုးတွေ
၁။ တစ်ကိုယ်ရေ သန့်ရှင်းမှု
အမွေးအမျှင်တွေ ပါးသွားတဲ့အခါ သန့်ရှင်းရေး လုပ်ဖို့၊ ချေးချွတ်သန့်စင်ဖို့ ပိုလွယ်ကူပါတယ်။ ပုံမှန်အားဖြင့် ဘောင်းဘီ၊
အတွင်းခံဘောင်းဘီ
နဲ့အမြဲထိကပ်နေပြီး ချွေးအလွန်ထွက်တာကြောင့် ဘက်တီးရီးယားပိုးတွေအမြဲ ကပ်ငြိနေနိုင်ပါတယ်။ ဆီးခုံမွေးနည်းသွားတဲ့အခါ ချွေးထွက်နည်းသွားနိုင်တဲ့အပြင် ကိုယ့်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုအတွက်လည်းအကျိုးဖြစ်စေပါတယ်။
၂။ လိင်တံ ကျန်းမာရေး
အမွေးအမျှင်တွေ မရှိတော့တဲ့အတွက် ဘက်တီးရီးယားပိုးမွှားတွေအပြင် တခြားသောအင်းဆက်ပိုးမွှားတွေပါ မကပ်တွယ်နိုင်တော့တဲ့အတွက် ပိုပြီး သန့်ရှင်းသွားတယ်။ ဒါ့အပြင်
မှိုကြောင့်ဖြစ်တဲ့အရေပြားရောဂါေ
တွ ဥပမာ - ပွေး၊ ဝဲ၊ ညှင်း၊ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်။ ဆီးကျိတ်ကင်ဆာရှိ၊ မရှိ ကိုယ့်ရဲ့ ဝှေးစေ့ကိုအသေးစိတ် စစ်ဆေးကြည့်လို့ ရတယ်။
၃။ ထိတွေ့ခံစားမှု
အမွေးအမျှင် နည်းသွားတဲ့အခါ တစ်ကိုယ်ရေအာသာဖြေတာ ဖြစ်စေ၊ ကိုယ့်ရဲ့ ချစ်သူနဲ့
လိင်ဆက်ဆံ
တဲ့အခါဖြစ်စေ ပိုပြီး ထိတွေ့ခံစားမှု ကောင်းလာပါတယ်။အမွေးအမျှင်တွေ မရှိတော့တဲ့အတွက် ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ကိုလည်း ယားယံမှုတွေ မဖြစ်စေနိုင်တော့ပါဘူး။
၄။အရွယ်အစား
ပုံမှန်အမွေးအမျှင်တွေနဲ့ ဖုံးနေတဲ့ နေရာဟာ ပြောင်ရှင်းသွားတဲ့အခါ ကိုယ့်ရဲ့
လိင်တံ
ဟာ ပိုပြီး သန့်ရှင်းသွားတယ်။ ခါတိုင်းထက် ပိုပြီး ကြီးနေသလို စိတ်ထဲမှာ ခံစားရစေပါတယ်။
ဆီးခုံမွေး ရိတ်ဖို့အတွက် ဘာတွေ ပြင်ဆင်သင့်လဲ
၁။ ရိတ်ရလွယ်ကူစေဖို့အရင်ဆုံး ရှည်နေတဲ့အမွေးတွေကို ကပ်ကြေးဖြင့် တိုအောင် ညှပ်လိုက်ပါ။ ၂။ ပြီးရင် ရေနွေးနွေးနဲ့ လိင်တံတစ်ဝိုက်ကို လောင်းချလိုက်ပါ။ ၃။ ခြောက်အောင် သုတ်ပြီးသွားရင်အမွေးအမျှင်ရိတ်တဲ့ ခရင်မ်၊ ဂျယ်လ် များများ သုတ်လိမ်းထားပါ။ ၄။အသစ်စက်စက် ဘလိတ်ဓားကိုအသုံးပြုပြီးအမွေးအမျှင်တွေကို ဖြည်းညှင်းစွာ ရိတ်ပါ။ ၅။အရေပြားကို ဆွဲဆန့်ထားပြီး ဓားကိုအောက်ဘက်သို့ ဦးတည်ပြီး ရိတ်ပါ။ ၆။အမွေးအမျှင်ရိတ်ပြီးသွားရင် ရေနဲ့ ပြောင်စင်အောင် ဆေးကြောပြီး ခြောက်အောင် သုတ်ပါ။ ၇။ ယားယံမှုကင်စေဖို့အစိုဓာတ်ထိန်းခရင်မ် တစ်မျိုးမျိုး လိမ်းပေးရင် ပိုကောင်းပါတယ်။
Hello Health Group
သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။