မုန်လာဥနီစားပေးခြင်းရဲ့အလှအပဆိုင်ရာလျှို့ဝှက်ချက်
weddingguide.com.mm
|
2019-09-07

မုန်လာဥနီစားပေးတာဟာအမြင်အာရုံကို ကောင်းစေတယ်လို့ လူ သိများပေမယ့်


လှအပဆိုင်ရာ ကောင်းကျိုးတွေ ရှိတာနဲ့ပတ်သက် ပြီးတော့ သိသူနည်းတာမို့


ဘယ်လိုကောင်းကျိုးတွေရှိလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။


မုန်လာဥနီကို နေ့စဉ်စားပေး မယ်ဆိုရင်အသားအရောင်လှစေတဲ့အပြင် ဗီတာမင်အေကြွယ်ဝတဲ့အတွက်


အရေပြား ကင်ဆာဖြစ်ခြင်းက ကာကွယ်ပေးတဲ့အပြင် ခရမ်းလွန်ရောင်ခြည်ကြောင့်


အသားအရေပျက်စီးတာတွေကို လည်း ကာကွယ်ပေးပါတယ်။


မုန်လာဥနီမှာပါတဲ့ ပိုတက်ဆီယမ်နဲ့ ရေဓာတ်ကအရေပြားကိုအစိုဓာတ်ပြည့်ဝပြီး တင်းရင်းလှပနေစေသလို


မျက်နှာမှာအရေးအကြောင်းဖြစ်တာတွေကို လျော့ပါးစေပါတယ်။


ဗီတာမင်အေနဲ့စီ ကြွယ်ဝတဲ့အတွက် မုန်လာဥနီပုံမှန်စားပေး ခြင်းဖြင့်အရေပြားပျက်စီးမှုတွေကို ကာကွယ်ပေးပြီး


အရွယ်တင် နုပျိုစေတယ်လို့ဆိုပါတယ်။


ဒါတင်မက ထိခိုက်ဒဏ်ရာ ကြောင့်အမာရွတ်ကြီးကြီးတွေရှိ နေတယ်ဆိုရင်လည်း တဖြည်း ဖြည်း လျော့ပါး


ပျောက်ကင်းစေ သလို ဝက်ခြံပေါက်တာတွေ၊ ဝက်ခြံကြောင့် ရောင်ရမ်းတာတွေကို လည်း ပျောက်ကင်းစေပါတယ်။


မုန်လာဥနီကို ကြိတ်ခြေအ ရည်ဖျော်ပြီး ဂွမ်းလုံးလေးနဲ့ မျက် နှာတစ်ဝိုက်ကို ပွတ်ပေးမယ်ဆိုရင်လည်း


အဆီနဲ့အညစ်အကြေး တွေ သန့်စင်ပြီး မျက်နှာအသားအရေကြည်လင်စေပါတယ်။


ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင် ဖြူတာတို့၊ ဆံပင်ကျွတ်တာတွေ ဆိုရင်လည်း မုန်လာဥနီကို ဖျော်ရည်လုပ်ပြီး


ဦးရေပြားနဲ့ ဆံသား တွေကို သုတ်လိမ်းပေါင်းတင်ပြီး ခေါင်းလျှော်ပေးလိုက်ရင် ထူးခြားတဲ့ ရလဒ်ကို တွေ့ရမှာပါ။

Myanmar Wedding Guide



Some text some message..