ဆီးချို၊ သွေးချိုကြောင့် မျက်စိကွယ်သည်အထိဖြစ်ပွားနိုင်
akonthi.com
|
2019-09-07


ဆီးချို၊ သွေးချိုရောဂါသည် မျက်စိကွယ်သည်အထိဖြစ်ပွားစေနိုင်သဖြင့် ဂရုစိုက်ရန်လိုအပ်ကြောင်း ဆေးတက္ကသိုလ် ၂ ၊ ဆီးချိုနှင့်ဟော်မုန်းဌာနမှ ပါမောက္ခဒေါက်တာကိုကိုကပြောသည်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွင်း “ဆီးချို၊သွေးချိုရောဂါအကြောင်းသိကောင်းစရာ” ကျန်းမာရေးအသိပညာပေး ဟောပြောရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“အခုလက်ရှိမှာ ဆီးချို ၊ သွေးချိုကြောင့် မျက်စိကွယ်တာဟာမျက်စိဌာနမှာအဓိကဖြစ်နေပါတယ်။အရင်တုန်းကတော့မျက်ခမ်းစပ်ပေါ့။ မျက်ခမ်းစပ်ရောဂါကိုကုသတာအောင်မြင်လာတဲ့အခါမှာအခု ဆီးချို၊ သွေးချိုကြောင့် မျက်စိကွယ်တာတွေအဓိကဖြစ်နေတာကို ကျွန်တော်တို့တွေ့ရပါတယ်။ မျက်စိကိုလည်း ကြည့်ရှုဖို့လိုအပ်ပါတယ်။ ဆီးချိုသွေးချိုကြောင့် လေဖြတ်မယ်။ မျက်စိကွယ်မယ်။ ကျောက်ထိတာတွေပါမယ်။အဲဒီတော့ကျောက်ကပ်မှာလည်း ဆီးချို၊သွေးချိုကြောင့် ကျောက်ကပ်လဲရတာတွေအများကြီးပဲ။ ကျောက်ကပ်ဆေးရတာတွေအများကြီးပဲ’’ ဟု ဆေးတက္ကသိုလ် ၂ ၊ ဆီးချိုနှင့်ဟော်မုန်းဌာနမှ ပါမောက္ခဒေါက်တာကိုကိုက ပြောသည်။
ဆီးချို၊ သွေးချိုရောဂါသည် ခန္ဓာကိုယ်အတွင်းအင်ဆူလင်ပမာဏနည်းပါးလျှင်(သို့မဟုတ်) မရှိတော့လျှင် သွေးအတွင်း သကြားဓါတ်ပမာဏများပြားကာဖြစ်ပွားတတ်ပြီး ဆီးမကြာခဏသွားခြင်း၊အမြင်ေ၀ဝါးခြင်း၊အနာကျက်နှေးခြင်း၊ ကိုယ်လက်ပင်ပန်းခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ ကိုယ်လက်များထုံခြင်း လက္ခဏာများဖြစ်ပေါ်တတ်ကြောင်း သိရသည်။
မျက်စိရောဂါများကိုစောစီးစွာသိရှိနိုင်ရန်အမြင်အာရုံမှုန်ဝါးပါက သက်ဆိုင်ရာမျက်စိဆရာဝန်ထံအမြန်ဆုံးပြသရန်လိုအပ်ပြီး ရန်ကုန်မျက်စိအထူးကုဆေးရုံကြီးတွင် မည်သည့်လူနာကိုမဆိုအခမဲ့ကုသပေးနေကြောင်း မျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာတင်ဝင်းကလည်း ပြောကြားထားသည်။


မင်းသီဟန်(အကုန်သိသတင်းဌာန)


Unicode Version


ဆီးချို၊ သွေးချိုကြောင့် မျက်စိကွယ်သည်အထိဖြစ်ပွားနိုင်


ဆီးချို၊ သွေးချိုရောဂါသည် မျက်စိကွယ်သည်အထိဖြစ်ပွားစေနိုင်သဖြင့် ဂရုစိုက်ရန်လိုအပ်ကြောင်း ဆေးတက္ကသိုလ် ၂ ၊ ဆီးချိုနှင့်ဟော်မုန်းဌာနမှ ပါမောက္ခဒေါက်တာကိုကိုကပြောသည်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွင်း “ဆီးချို၊သွေးချိုရောဂါအကြောင်းသိကောင်းစရာ” ကျန်းမာရေးအသိပညာပေး ဟောပြောရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ အခုလက်ရှိမှာ ဆီးချို ၊ သွေးချိုကြောင့် မျက်စိကွယ်တာဟာမျက်စိဌာနမှာအဓိကဖြစ်နေပါတယ်။ အရင်တုန်းကတော့မျက်ခမ်းစပ်ပေါ့။ မျက်ခမ်းစပ်ရောဂါကိုကုသတာအောင်မြင်လာတဲ့အခါမှာ အခု ဆီးချို၊ သွေးချိုကြောင့် မျက်စိကွယ်တာတွေအဓိကဖြစ်နေတာကို ကျွန်တော်တို့တွေ့ရပါတယ်။ မျက်စိကိုလည်း ကြည့်ရှုဖို့လိုအပ်ပါတယ်။ ဆီးချိုသွေးချိုကြောင့် လေဖြတ်မယ်။ မျက်စိကွယ်မယ်။ ကျောက်ထိတာတွေပါမယ်။ အဲဒီတော့ကျောက်ကပ်မှာလည်း ဆီးချို၊သွေးချိုကြောင့် ကျောက်ကပ်လဲရတာတွေအများကြီးပဲ။ ကျောက်ကပ်ဆေးရတာတွေအများကြီးပဲ’’ ဟု ဆေးတက္ကသိုလ် ၂ ၊ ဆီးချိုနှင့်ဟော်မုန်းဌာနမှ ပါမောက္ခဒေါက်တာကိုကိုက ပြောသည်။
ဆီးချို၊ သွေးချိုရောဂါသည် ခန္ဓာကိုယ်အတွင်းအင်ဆူလင်ပမာဏနည်းပါးလျှင်(သို့မဟုတ်) မရှိတော့လျှင် သွေးအတွင်း သကြားဓါတ်ပမာဏများပြားကာဖြစ်ပွားတတ်ပြီး ဆီးမကြာခဏသွားခြင်း၊အမြင်ေ၀ဝါးခြင်း၊ အနာကျက်နှေးခြင်း၊ ကိုယ်လက်ပင်ပန်းခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ ကိုယ်လက်များထုံခြင်း လက္ခဏာများဖြစ်ပေါ်တတ်ကြောင်း သိရသည်။
မျက်စိရောဂါများကိုစောစီးစွာသိရှိနိုင်ရန် အမြင်အာရုံမှုန်ဝါးပါက သက်ဆိုင်ရာမျက်စိဆရာဝန်ထံ အမြန်ဆုံးပြသရန်လိုအပ်ပြီး ရန်ကုန်မျက်စိအထူးကုဆေးရုံကြီးတွင် မည်သည့်လူနာကိုမဆို အခမဲ့ကုသပေးနေကြောင်း မျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာတင်ဝင်းကလည်း ပြောကြားထားသည်။


မင်းသီဟန်(အကုန်သိသတင်းဌာန)





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..