အူမကြီးကင်ဆာ (Colon Cancer)
healthcare.com.mm
|
2019-09-08


အူမကြီးနှင့်အူမကြီးကင်ဆာအူမကြီးသည်အူသိမ်ပိုင်းနှင့်စအိုကို ဆက်သွယ်ပေးထားသော ၆ ပေရှည်လျားသည့် ကြွက်သားပြွန်တစ်ခု (Large Intestine) ဖြစ်ပါတယ်။ စအိုနှင့် တစ်စပ်တည်းသောအူမကြီးသည်အညစ်အကြေးစွန့်ပစ်သည့် လုပ်ငန်းဆောင်ရွက်မှုအတွက်အရေးပါသောအင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။အူမကြီးသည် မစင်များမှရေကို စုပ်ယူပြီး မစင်များကို ကျစ်လျစ်စေပါတယ်။အညစ်အကြေးစွန့်ရန်အတွက်အူမကြီးဟာ ၎င်းထဲမှာရှိတဲ့အညစ်အကြေးများကို စအိုအတွင်းသု့ိ တစ်နေ့တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် စွန့်ထုတ်ပေးပါတယ်။အူမကြီးကင်ဆာဟာအစာခြေစနစ်ရဲ့အောက်ဆုံးပိုင်းဖြစ်တဲ့ Large Intestine မှာဖြစ်တဲ့ ကင်ဆာဖြစ် ပါတယ်။ စအိုကင်ဆာကတော့အူမကြီးရဲ့အောက်ဆုံးအပိုင်းမှာဖြစ်တဲ့ ကင်ဆာဖြစ်ပါတယ်။အဲဒါကြောင့်အဲဒီနေရာ ၂ ခုလုံးမှာ ကင်ဆာဖြစ်နေပြီဆိုရင်တော့အူမကြီးနှင့်စအိုကင်ဆာ (Colorectal Cancer) လို့ ခေါ်ပါတယ်။အူမကြီးကင်ဆာအများစုဟာ Adenomatous Polyps လို့ခေါ်တဲ့အသားလုံးများမှ ကင်ဆာအဖြစ် ကူးပြောင်းလဲလာခြင်း ဖြစ်ကြောင်းတွေ့ရှိရပါတယ်။ ရောဂါလက္ခဏာများအစောပိုင်း ကင်ဆာအဆင့်များတွင် လူအများစုသည် မည်သည့်ရောဂါလက္ခဏာများကိုမှ ခံစားရခြင်းမရှိ ပါ။ တဖြည်းဖြည်းနှင့် ရောဂါရင့်လာပါကအောက်ပါလက္ခဏာရပ်များနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ၁။ ဝမ်းသွားသောအလေ့အထ ပြောင်းလဲလာခြင်း (ဝမ်းပျက်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းအပျော့အမာ ပြောင်းလဲခြင်း) ၂။ ဝမ်းထဲတွင် သွေးပါခြင်း (သို့) စအိုမှ သွေးယိုခြင်း ၃။ ဝမ်းဗိုက်အတွင်း မအီမသာဖြစ်ခြင်း၊ ဗိုက်နာခြင်း ၄။ ဝမ်းသွားရာတွင် မဝခြင်း ၅။အားအင်ကုန်ခမ်းခြင်း ရောဂါရှာဖွေ စစ်ဆေးခြင်းအူမကြီးကင်ဆာရှိနေကြောင်းကို ၁။အူမကြီးအတွင်းသို့ မှန်ပြောင်းဖြင့်စစ်ဆေးခြင်း ( Colonoscopy) ၂။ ဝမ်းဗိုက်ကို CT Scan ရိုက်ပြီး စစ်ဆေးခြင်းတို့ဖြင့် သိရှိနိုင်ပါတယ်။ ရောဂါကုသခြင်းအူမကြီးကင်ဆာကို ခွဲစိတ်ခြင်းဖြင့်လည်းကောင်း၊ ဓာတ်ရောင်ခြည်ဖြင့်လည်းကောင်း၊ ကင်ဆာဆေးသွင်းခြင်းဖြင့်လည်းကောင်း၊ ကင်ဆာဆဲလ်များ ကြီးထွားနှုန်းကို ရပ်တန့်စေသော ဆေးများဖြင့်လည်းကောင်း ကုသနိုင်ပါတယ်။ ရောဂါကုထုံးများသည် ရောဂါ၏အဆင့်ပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။အူမကြီးကင်ဆာမဖြစ်အောင် ကာကွယ်ခြင်းအူမကြီး ကင်ဆာမျိုးရိုးရှိသူတွေအနေနဲ့အသက် ၄၅-၅ဝ လောက်ကစပြီး စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ်။အူမကြီးကင်ဆာဖြစ်ပွားနှုန်းကို လျှော့ချနိုင်ရန်အတွက်အောက်ပါနည်းလမ်းများကို လုပ်ဆောင်ပေးပါ။ ၁။ ကောက်နှံတစ်ခုလုံးပါဝင်သောအစားအစာများ၊ ဟင်းသီးဟင်းရွက်များနှင့်အသီးအနှံများကို စုံလင်စွာစားပေးပါ။ ၂။အရက်လျှော့သောက်ပါ။အမျိုးသားများဆိုလျှင် တစ်နေ့ကိုအများဆုံး ၂ ခွက်၊အမျိုးသမီးများဆိုလျှင် တစ်နေ့ကိုအများဆုံး ၁ ခွက် ပဲသောက်ပါ။ ၃။ ဆေးလိပ်လုံးဝမသောက်ပါနဲ့။ ၄။ တစ်နေ့ကို မိနစ် ၃ဝ လောက်အချိန်ပေးပြီး လေ့ကျင့်ခန်းလုပ်ပါ။ ၅။ မပိန်လွန်း မဝလွန်းစေဘဲ ပုံမှန်ကိုယ်အလေးချိန်ဖြစ်အောင် ကြိုးစားပါ။ ၆။ Aspirin၊ Celecoxib စတဲ့အကိုက်အခဲပျောက်ဆေးတွေကအူမကြီးကင်ဆာဖြစ်ပွားနှုန်းကို လျှော့ချပေးပါတယ်။ ဒါပေမယ့် ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား ဖြစ်နိုင်တာကြောင့် ဆရာဝန်ညွှန်ကြားမှသာ သောက်သုံးသင့်ပါတယ်။အူမကြီးကင်ဆာဝေဒနာရှင်များ စားသင့်သည့်အစားအစာများ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ သစ်သီးများ၊ Omega -3 ပါဝင်သော ငါးများ၊ ကောက်နှံတစ်ခုလုံး ပါဝင်တဲ့အစားအစာများနှင့်အဆီထုတ်ထားသော နို့ထွက်ပစ္စည်းများဟာအူမကြီးကင်ဆာဝေဒနာရှင်များ စားသင့်တဲ့အစားအစာဖြစ်ပါတယ်။အူမကြီးကင်ဆာဝေဒနာရှင်များ ရှောင်ကြဉ်ရမည့်အစားအစာများအရက်၊ ဆေးလိပ်၊အဆီများသောအစားအစာ၊အသင့်စားအစားအစာများ၊ ဝက်ပေါင်ခြောက်၊ ခရက်ကာ၊ ဝက်အူချောင်းကဲ့သို့သော Sodium ဓာတ်များစွာပါဝင်တဲ့အစားအစာများကိုတော့ ရှောင်ရှားပေးရမှာ ဖြစ်ပါတယ်။ Credit : drmyanmar သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။  





Some text some message..