ပေါင်ခြံမည်းခြင်း ၊ ဟိုကြားဒီကြားမည်းခြင်းတို့ကိုအထိရောက်ဆုံး ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းများ
shweinnlay.com
|
2019-09-08



လူမြင်မခံဝံ့သောနေရာများ ၊ ပေါင်ခြံ ၊ ချိုင်း ၊ ရင်သားထိပ်သီး ၊ စတဲ့အရေပြားနေရာတွေဟာအခြား နေရာတွေထက်စာလျှင် ပိုပြီး ညိုမည်းလေ့ ရှိကြပါတယ် ။ ဒီလိုဖြစ်ရခြင်းအကြောင်းရင်းဟာအမွှေးရိတ်ခြင်း တစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး ။

ထိုအရေပြားနေရာတဝိုက်အောက်ဆီဂျင်မရခြင်းကြောင့် လည်းကောင်း ၊ စိုစွတ်မှုများခြင်းကြောင့်လည်းကောင်း ၊ ချွေးထွက်ခြင်းကြောင့်လည်းကောင်း ၊တင်းကျပ်သောအတွင်းခံများကြောင့်လည်းကောင်း ၊အရေပြားပွတ်တိုက်မှုကြောင့် လည်းကောင်း ၊အသက်အရွယ်ကြောင့်လည်းကောင်း ၊ ကိုယ်ဝန်ဆောင်ခြင်းကြောင့်လည်းကောင်း ဒီလို ညိုမည်းလေ့ ရှိကြပါတယ် ။

မည်သို့သောအကြောင်းကြောင့်ဖြစ်စေ ဒီလိုညိုမည်းနေခြင်းကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ် ။ ဒီလိုမဖြစ်ရလေအောင် ပြန်လည်ဖြူဝင်းစေနိုင်မယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ် ။

၁။သံပုသီး

သံပုယိုသီးကိုအသုံးမပြုခင်မှာ မိမိရဲ့ ဆီးခုံမွှေးကို ဖယ်ရှားရှင်းလင်းထားဖို့ လိုပါတယ် ။ ဖယ်ပြီးပြီဆိုလျှင်တော့ သံပုယိုသီးကိုအရည်သီးသန့်ညှစ်ပြီး မည်းနေသော နေရာများသို့ သုတ်လိမ်းပေးပါ ။၁၀မိနစ်ခန့်ထားပြီးလှျှင် ရေနွေးလေးဖြင့် ဆေးကြောလိုက်ပါ။ ဆီးခုံမွှေး ရှင်းတဲ့အခါ ဓါးမရှမိဖို့ ၊ မပွန်းပဲ့စေဖို့ သတိပြုပါ။

၂။ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက်အနှစ်ကိုယူပြီး ညိုမည်းနေသောအရေပြားပေါ်သို့ နှိပ်နယ်လိမ်းပေးပါ ။ မိနစ် ၂၀ခန့် ထားပြီးနောက် ရေနွေးဖြင့် ဆေးကြောပေးပါ။

၃။ဒိန်ချဉ်

အရောအနှောမပါသော ဒိန်ချဉ် သီးသန့်ဖြစ်ဖို့ လိုပါတယ် ။ ဒိန်ချဉ်သန့်သန့်ကို မည်းနေသော ပေါင်ခြံ ၊ ချိုင်း ၊ မိန်းမကိုယ်အင်္ဂါအနီးတဝိုက်ကို သုတ်လိမ်းပေးပါ ။မိနစ် ၂၀ ခန့်ကြာသွားလျှင် ရေနွေးဖြင့် ဆေးချလိုက်ပါ ။ Plain Yogurt ကို ဈေး နှင့်အခြား super market တို့တွင်အလွယ်တကူ ဝယ်ယူနိုင်ပါတယ် ။

၄။နနွင်း နှင့် လိမ္မော်ရည်

ညှစ်ထားသော လိမ္မော်ရည် လက်ဖက်ရည်ဇွန်း ၂ဇွန်းခန့်ကို နနွင်းမှုန့်အနည်းငယ်ရောပြီးအရေပြားပေါ် လိမ်ေးပးရမှာပါ ။ နှိပ်နယ်လိမ်းပေးပြီး မိနစ်၂၀ကြာတဲ့အခါ ရေနွေးနွေးဖြင့်သာ ဆေးကြောပေးပါ ။

၅။ကုလားပဲမှုန့်

ကုလားပဲမှုန့်ကို ရေအနည်းငယ်ရောပြီး ခပ်ပျစ်ပျစ်အနေအထား မွှေပေးပါ ။ ပြီးလျှင် မိမိအလိုရှိရာ မည်းနေသောအရေပြားပေါ် သုတ်လိမ်းလိုက်ပါ ။ ခြောက်သွေ့သည်အထိ ထားပြီးလျှင် ရေဆေးချလိုက်ရုံပါပဲ ။

ပျိုမေအားလုံး ယုံကြည်မှုရှိရှိ လှပနိုင်ကြပါစေ…

CHAN (ရွှေအင်းလေး)




Some text some message..