၁။ လက်မှာ ဘာဒဏ်ရာတွေရတတ်လဲ
သင့်ကိုယ်ခန္ဓာရဲ့အရိုးပေါင်း ၂၀၆ ချောင်းမှာ လက်မောင်းရိုး ၁ချောင်း၊ လက်ဖျံရိုး ၂ချောင်းနဲ့ လက်ကို ဖွဲ့စည်းထားပါတယ်။ သင့်လက်မှာ ကြွက်သား၊အဆစ်၊ ကြွက်သားအရွတ်နဲ့ တခြားတစ်သျှူးတွေ ပါဝင်ပါတယ်။အဲဒီအစိတ်အပိုင်းတခုခုဟာအားကစား၊ လဲကျခြင်း၊ မတော်တဆထိခိုက်မှု စတဲ့အရာတွေကြောင့် ဒဏ်ရာရတတ်ပါတယ်။ ဒဏ်ရာအမျီုးအစားတွေကတော့အောက်ပါအတိုင်း ဖြစ်ပါတယ်။
ကြွက်သားအရွတ်ရောင်ခြင်း
အရွတ်ဒဏ်ဖြစ်ခြင်း
အဆစ်လွဲခြင်း
အရိုးကျိုးခြင်း တချို့အာရုံကြောပြသနာများ၊အဆစ်ရောင်ခြင်းနဲ့ ကင်ဆာများဟာ လက်တချောင်းလုံးကို ထိခိုက်နိုင်ပြီး နာကျင်မှု၊ ကြွက်သားတောင့်တင်းခြင်း၊ ရောင်ရမ်းခြင်း၊ လှုပ်ရှားရခက်ခြင်း စတာတွေကို ဖြစ်ပေါ်စေပါတယ်။ လက်မောင်း၊ လက်၊ လက်ကောက်ဝတ်၊ တံတောင်ဆစ်၊ ပခုံး စတဲ့ သီးသန့်နေရာတွေမှာလည်း ထိခိုက်ဒဏ်ရာ ဖြစ်တတ်ပါတယ်။
၂။ ဒဏ်ရာရတဲ့လက္ခဏာတွေက ဘာတွေလဲ
ဘယ်လိုလက္ခဏာတွေလဲဆိုတာ ဖြစ်တဲ့အပေါ် မူတည်ပါတယ်။အတွေ့အများဆုံးကတော့ နာကျင်မှုပဲ ဖြစ်ပါတယ်။ တခြားလက္ခဏာတွေကတော့ -
သွေးခြေဥခြင်း
လက်မောင်းလှုပ်ရှားရခက်ခြင်း
လက်ချောင်းများ မလှုပ်ရှားနိုင်ခြင်း
လက်ကောက်ဝတ်နှင့် တံတောင်ဆစ်အားနည်းခြင်း တချို့ ထိခိုက်ဒဏ်ရာတွေဟာအောက်ပါပြဿနာတွေကို ဖြစ်ပေါ်စေပါတယ်။
နာကျင်ခြင်း
ဖျောက်ခနဲအသံမြည်ခြင်းကို ကြားရခြင်း၊ စုတ်ပြဲခြင်း
လက်များ၊ လက်ချောင်းများ ထုံခြင်း
အဆစ်များ နီခြင်း၊ ထိလျှင်နာခြင်း
တောင့်တင်းခြင်း၊ ကိုက်ခဲခြင်း
လက်မောင်းတွင် ပုံစံပျက်ခြင်း
၃။ လက်ဒဏ်ရာဖြစ်စေတဲ့အကြောင်းအရင်းတွေက ဘာတွေလဲ
သာမန်ထိခိုက်တာမျိုးက များပါတယ်။ နေ့စဉ် ထိခိုက်မှုတွေ၊အသုံးများခြင်းတွေ၊ ဒဏ်ရာတွေက ဖြစ်စေပါတယ်။ များသောအားဖြင့် -
အားကစား (သို့) ဝါသနာအရ လှုပ်ရှားမှုများ
လုပ်ငန်းခွင်ဆိုင်ရာတာဝန်များ
အိမ်နားဝန်းကျင် လုပ်ငန်းများ စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ သင့်ကလေးတွေဟာ ဆော့ကစားရာမှဖြစ်စေ၊ မတော်တဆ လဲကျခြင်းမှ ဖြစ်စေ လက်ဒဏ်ရာရနိုင်ပါတယ်။အနီးကပ် လှုပ်ရှားရတဲ့အားကစားတွေ (ဥပမာ နပန်း၊ ဘောလုံး)၊အရှိန်များများသုံးရတဲ့ ကစားနည်းတွေ (စက်ဘီး၊ စကိတ်စီးခြင်း၊ နှင်းလျှောစီးခြင်း၊ ရေလွှာလျှောစီးခြင်း) စတာတွေဟာ ထိခိုက်မှု ဖြစ်နိုင်ခြေ များပါတယ်။ လက်ဖျံ၊ လက်ကောက်ဝတ်၊ လက်နဲ့ လက်ချောင်းများဟာ မကြာခဏ ဆိုသလို ထိခိုက်နိုင်ပါတယ်။ အရိုးဆစ်နားကို ထိခိုက်မိခြင်းကြောင့် ကြီးထွားစေတဲ့နေရာကိုအန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။အသက်ကြီးသူများဟာ ထိခိုက်နိုင်ခြေပိုများပြီးအရိုးလည်း ကျိုးနိုင်ပါတယ်။အဲ့ဒီအရွယ်မှာ ကြွက်သားထုထည် နည်းပြီးအရိုးပွတတ်လို့ ဖြစ်ပါတယ်။အမြင်အာရုံနဲ့ ကိုယ်နေဟန်ထား ဟန်ချက်ညီမှုမှာလည်း ပြသနာ ရှိတာမို့ မတော်တဆထိခိုက်မှု များတတ်ပါတယ်။။
၄။ ဘယ်လိုကုသသလဲ
အရိုးကျိုးတယ်လို့ သံသယရှိရင် ရှေးဦးပြုစုခြင်းအနေနဲ့
ဒဏ်ရာကိုဖိပြီး သွေးထွက်တာကို ရပ်အောင် လုပ်ရပါမယ်။
လက်ကောက်များ၊ လက်စွပ်များ ချွတ်ပါ။ လက်ကောက် လက်စွပ်ဝတ်ထားတဲ့ နေရာတဝိုက်မှာ ရောင်လာရင် ချွတ်ဖို့ခက်သွားပါမယ်။ မချွတ်ထားလိုက်ရင် ရောင်လာတဲ့အခါအာရုံကြောဖိမိခြင်း၊ သွေးစီးဆင်းမှု ကန့်သတ်မိခြင်းများ ဖြစ်စေနိုင်ပါတယ်။
ဒဏ်ရာရနေတဲ့လက်ကို ဆွဲမဆန့်ပါနဲ့။အရေပြားကို ဖောက်ပြီးအရိုးထွက်နေရင်အတွင်းကို ပြန်မသွင်းပါနဲ့။ ထိခိုက်တဲ့နေရာ တဝိုက်ကို ပတ်တီးသန့်သန့်နဲ့ ဖုံးအုပ်ထားပါ။ လက်ရှိအနေအထားနဲ့ပဲ လက်ကို ကျပ်စည်းပါ။
နောက်ထပ်ထိခိုက်မှုတွေ မဖြစ်အောင် ကျပ်စည်းပါ။ တင်းနေအောင်စည်းရင် ထုံကျင်ခြင်း၊ ပိုပြီးနာလာခြင်း၊အရေပြားအေးလာခြင်း စတာတွေဖြစ်လာနိုင်တဲ့အတွက် ခပ်လျော့လျော့စည်းပါ။
ဒဏ်ရာရတဲ့လက်မှာ လက်သိုင်းကြိုးသုံးပါ။
ကျောက်ပတ်တီးနဲ့လက်စည်း
သင့်လက်ကို ကျောက်ပတ်တီးဖြစ်ဖြစ်၊ လက်စည်းဖြစ်ဖြစ် သုံးမယ်ဆိုရင် ဆရာဝန်ဟာ ဘာ်လိုဂရုစိုက်ရမယ်ဆိုတာ ပြောပြပါလိမ့်မယ်။ မထိခိုက်တဲ့လက်ကို တတ်နိုင်သလောက် များများသုံးပေးပါ။ ကြွက်သားကိုအလေ့အကျင့်ဖြစ်နေအောင် ဖြစ်ပါတယ်။
၅။ ကာကွယ်ရန်အထွေထွေအချက်များ
ထိုင်ခုံခါးပတ်ပတ်ပါ။
အရမ်းလေးလံတဲ့ ပစ္စည်းတွေကို မမပါနဲ့။
ကျိုးနေသော ထိုင်ခုံပေါ်၊ မငြိမ်တဲ့ ပစ္စည်းတွေပေါ် မရပ်ပါနဲ့။
အားကစားလုပ်ရင်အကာအကွယ်များ ဝတ်ဆင်ပါ။အကာအကွယ်များဟာ ထိခိုက်ဒဏ်ရာရမှုကို လျှော့ချပေးနိုင်ပါတယ်။
တခုခုမလုပ်ခင် သွေးပူအကြောလျှော့တာမျိုး လုပ်ပေးပါ။ လေ့ကျင့်ခန်းအပြီးအကြောလျှော့တာဟာလည်း ကြွက်သားတွေ တောင့်တင်းတာ ကြွက်တက်တာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
လှုပ်ရှားမှုနဲ့ ကိုယ်နေဟန်ထား မှန်ကန်စွာ ထိန်းသိမ်းရင် ကြွက်သားများ ဒဏ်ရာရခြင်းမှ ကင်းဝေးနိုင်ပါတယ်။
ထပ်တလဲလဲလှုပ်ရှားမှုတွေမှာအလွန်အကျွံ သုံးခြင်းဟာလည်း ဒဏ်ရာရစေပါတယ်။ တခြား ပြောင်းလဲလုပ်ဆောင်တာမျိုး ကြိုးစားကြည့်ပါ။
အားကစားကို မှန်ကန်စွာ ဘယ်လိုလုပ်ရမယ် ဆိုတာ လေ့လာပါ။ လေ့ကျင့်ပေးသူတွေ၊ ကျွမ်းကျင်သူတွေကို သင်လုပ်ကိုင်နေတာ မှန်မမှန် တိုင်ပင်ပါ။ စွမ်းဆောင်ရည်၊ ကိုယ်ခန္ဓာအရွယ်အစားနဲ့အင်အား စတာတွေကို သုံးသပ်ပါ။
လုပ်ငန်းခွင်မှာ သင်လုပ်ကိုင်နေရတာ နာကျင်မှု၊အဆင်မပြေမှုတွေ ကြုံရင် သက်ဆိုင်ရာ ဌာနတွေကို တင်ပြပြီး လုပ်ကိုင်နေရပုံတွေကို ပြောင်းလဲဖို့ ကြိုးစားကြည့်ပါ။
သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။ Translated by thant zin