
လူခန္ဓာကိုယ်ရှိ ရောဂါများကို ပြန်လည်တိုက်ခိုက်ပေးသော ပြန်ရည်ကြောအဖွဲ့အစည်းတွင် ပြန်ရည်ကျိတ်များ၊ ဘေလုံး၊ သိုင်းမတ်စ်ဂလင်းနှင့် ရိုးတွင်းချဉ်ဆီတို့ပါဝင်သည်။ ပြန်ရည်ကြောအဖွဲ့အစည်း ကင်ဆာဖြစ်ပါက ခန္ဓာကိုယ်တစ်ခုလုံးရှိအင်္ဂါအစိတ်အပိုင်းများကို ပျံ့နှံ့နိုင်သည်။Lymphoma ကို · Hodgkin’s lymphoma နှင့်· Non-Hodgkin’s Lymphoma ဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။ Hodgkin’s lymphomaပြန်ရည်ကြောအဖွဲ့အစည်းတွင်းရှိ ဆဲလ်များ ပုံမမှန်ကြီးထွားပြီး ပြန်ရည်ကြောအဖွဲ့အစည်း ပြင်ပသို့ ရောက်ရှိခြင်းကြောင့် ဖြစ်ပွားသောရောဂါဖြစ်သည်။ရောဂါအမည်ကို ဖော်ထုတ်နိုင်ပြီး ထိရောက်စွာ ကုသပါက ပျောက်ကင်းနိုင်သော ကင်ဆာရောဂါမျိုးဖြစ်သည်။လက္ခဏာများလက္ခဏာများအနေဖြင့် · လည်ပင်း၊ ချိုင်းနှင့် ပေါင်ခြံတို့တွင် ပြန်ရည်ကျိတ်များ ကြီးလာခြင်း ( မနာကျင်တတ်ပေ )· မောပန်းနွမ်းနယ်ခြင်း· ချမ်းတုန်၍ဖျားခြင်း· ညဘက်တွင် ချွေးစေးထွက်ခြင်း· ရုတ်တရက် ကိုယ်အလေးချိန်အလွန်အမင်းကျသွားခြင်း· အစားအသောက်ပျက်ခြင်း· ယားယံခြင်း· အရက်သောက်ပြီးချိန်တွင် ပြန်ရည်ကျိတ်များ လွန်စွာနာကျင်တတ်ခြင်း၊အရက်ကို တုန့်ပြန်မှုပို၍ မြန်လာခြင်း တို့ဖြစ်ပေါ်တတ်သည်။ ဖြစ်ပွားရသောအကြောင်းရင်းများဖြစ်ပွားရသောအကြောင်းရင်းကို သေချာစွာမသိရသေးပေ။Hodgkin's lymphoma မှာ များသောအားဖြင့် ရောဂါပိုးများကို တိုက်ခိုက်ပေးသော ခုခံဓာတ် B ဆဲလ်တွင် မျိုးရိုးဗီဇဆိုင်ရာ ချို့ယွင်းနေမှုကြောင့် ဖြစ်ရသည်ဟု လေ့လာချက်များအရ သိရသည်။ဖြစ်နိုင်ချေများသူများ· အများအားဖြင့်အသက် ၁၅နှစ်နှင့် ၃၀အကြားရှိသူများ· မိသားစုများတွင် ပြန်ရည်ကျိတ်ကင်ဆာ ဖြစ်ဖူးသူများ· အမျိုးသားများ· အက်စတိမ်းဘား (Epstein- Barr) ရောဂါပိုးဝင်ဖူးသူများ· HIV /AIDS ရောဂါကဲ့သို့သော ကိုယ်ခံအားနည်းနေသူများတွင်အဖြစ်များသည်။စစ်ဆေးမှုများ· ဆရာဝန်နှင့်တိုင်ပင်ကာ ပြန်ရည်ကျိတ်များကြီးမကြီး စမ်းသပ်စစ်ဆေးခြင်း· သွေးစစ်ခြင်း· ဓာတ်မှန်ရိုက်ခြင်း၊ ကွန်ပြူတာ ဓာတ်မှန်ရိုက်ခြင်း· ပြန်ရည်ကျိတ်ကို ခွဲစိတ်၍အသားစယူ စစ်ဆေးခြင်း· ရိုးတွင်းချဉ်ဆီယူ၍ စစ်ဆေးခြင်း တို့ကို ပြုလုပ်နိုင်သည်။ ကုသခြင်းHodgkin's lymphoma ကိုအဆင့်လေးဆင့်ခွဲခြားနိုင်သည်။ရောဂါ၏အဆင့်ကို လိုက်၍ ကုသပုံများ ကွာခြားနိုင်သည်။· ကင်ဆာဆေးများသွင်း၍ ကုသခြင်း· ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း· ရိုးတွင်းချဉ်ဆီအစားထိုးခြင်း တို့ဖြင့် ကုသနိုင်သည်။ဤကင်ဆာအမျိုးအစားမှာ ရောဂါရှာဖွေတွေ့ရှိပြီး ထိရောက်စွာ ကုသပါက ပျောက်ကင်းနိုင်သည်။အသက်ငယ်ရွယ်သူများတွင် ပျောက်ကင်းနိုင်ချေ ပိုများသည်။ Non-Hodgkin's lymphomaပြန်ရည်ကြောအဖွဲ့အစည်းတွင်းရှိ lymphocytes များမှအလုံးဖြစ်ကာ ကင်ဆာဖြစ်လာခြင်း ဖြစ်သည်။Non-Hodgkin's lymphoma သည် Hodgkin's lymphoma ထက် ပို၍အဖြစ်များသည်။ လက္ခဏာများရောဂါလက္ခဏာများအနေဖြင့်· လည်ပင်း၊ ချိုင်း၊ ပေါင်ခြံတို့တွင် ပြန်ရည်ကျိတ်များတည်ခြင်း· ဗိုက်အောင့်ခြင်း၊ ဗိုက်တွင်အလုံးများပေါ်ခြင်း· ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုးခြင်း၊အသက်ရှူခက်ခြင်း· မောပန်းနွမ်းနယ်ခြင်း· ဖျားခြင်း· ညဘက်တွင် ချွေးစေးများ ပြန်ခြင်း· ကိုယ်အလေးချိန်ကျခြင်း တို့ကို တွေ့ရတတ်သည်။ဖြစ်ပွားရသောအကြောင်းရင်းများဖြစ်ပွားစေသောအကြောင်းရင်းကို သေချာစွာမသိရသေးပေ။ lymphocytes သွေးဖြူဥများ ပုံမမှန် ပွားများခြင်းကြောင့် ဖြစ်ရသည်ဟု လေ့လာချက်များအရ သိရသည်။အဖြစ်များသူများ· ကိုယ်ခံအားစနစ်ကို လျှော့ချပေးသောဆေးများ · HIV နှင့်အက်စတိန်းဘားပိုး ရှိသူများ· ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများနှင့် ထိတွေ့မှုရှိသူများ· အသက် ၆၀နှင့်အထက်ရှိသူများတွင်အဖြစ်များသည်။စစ်ဆေးခြင်း· ဆရာဝန်နှင့် ပြသ၍ ပြန်ရည်ကျိတ်များ၊အသည်းနှင့် ဘေလုံးတို့ ကြီး၊ မကြီးစမ်းသပ်ခြင်း· သွေးနှင့် ဆီးတို့ကို စစ်ဆေးခြင်း· ဓာတ်မှန်ရိုက်ခြင်း၊ ကွန်ပြူတာ ဓာတ်မှန်ရိုက်ခြင်း· အသားစယူ၍ စစ်ဆေးခြင်း· ရိုးတွင်းချဉ်ဆီယူ၍ စစ်ဆေးခြင်း တို့ကို ပြုလုပ်နိုင်သည်။ကုသခြင်းရောဂါလက္ခဏာများပြရန်ကြာသော (Indolent type)အမျိုးအစားဖြစ်ပါက ကုသမှုများ ခံယူရန်မလိုအပ်ဘဲ စောင့်ကြည့်ရန်သာ လိုအပ်သည်။ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း· ကင်ဆာဆေးများသွင်းခြင်း· ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း· ရိုးတွင်းချဉ်ဆီဆဲလ်အစားထိုးခြင်း· ကင်ဆာကို ပြန်လည်တိုက်ခိုက်ရန် ကိုယ်ခံအားကို မြှင့်တင်ပေးသော ဆေးများအသုံးပြုခြင်းဖြင့် ကုသနိုင်သည်။ Lei(Healthcare.com.mm)Ref ; Mayo clinicသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။