သကြားလုံ
းလို့ကြားတာနဲ့ သွားပိုးစားမယ်၊ ချောင်းဆိုးမယ်လို့ သိထားကြတယ်။ ဒါပေမယ့်
ချောင်းဆိုး
သက်သာစေတဲ့အပြင်
လည်ချောင်း
နဲ့ ခံတွင်းကျန်းမာရေးအတွက် ကာကွယ်မှုပေးတဲ့ သကြားလုံးတွေ ရှိတယ်ဆိုတာ သင်သိပါသလား။ ဘယ်လိုပါဝင်ပစ္စည်းတွေနဲ့ စီမံဖန်တီးထားလို့ ချောင်းဆိုးကိုပါသက်သာစေလဲဆိုတာသိချင်လာပြီမဟုတ်လား။
ငုံဆေး
သကြားလုံးဆိုတာ လည်ချောင်းနဲ့ပတ်သက်တဲ့ပြဿနာတွေကိုအမြန်ဖြေရှင်းနိုင်အောင်အိတ်ကပ်ထဲဆောင်ထားလို့ရတဲ့ ဆေးသကြားလုံးတွေပါ။ ဥပမာအစည်းအဝေးမှာ လည်ချောင်းသလိပ်ကပ်နေလို့ ကိုယ့်ရဲ့တင်ပြချက်ကို ကောင်းကောင်းမပြောနိုင်တာမျိုး မဖြစ်ရအောင် သူက ဖြေရှင်းပေးနိုင်ပါတယ်။ လည်ချောင်းနာနေတာ၊ လည်ချောင်းယားတာတွေဆိုလည်း ငုံဆေးလေးတော့အားကိုးရတာပဲလေ။
ခံတွင်း
မှာ ငုံထားလိုက်ရုံနဲ့ သူ့ရဲ့ပါဝင်ပစ္စည်းတွေက တံတွေးဂလင်းတွေကိုနှိုးဆွပြီး လည်ချောင်းနံရံတွေကို ဆေးနဲ့ပျံ့နှံ့စေတယ်၊ လည်ခောျင်းနာ၊လည်ချောင်းယားသက်သာစေတယ်။ ဒီလိုငုံဆေးတွေကိုအာနိသင်ပေးနိုင်တဲ့ ပါဝင်ပစ္စည်းတွေက ဘာများလဲ ။
ခံတွင်းနဲ့ လည်ချောင်းကျန်းမာရေးအတွက် စိတ်ချရတဲ့ ငုံဆေးဆိုတာ
ယူကလစ်ဆီ (Eucalyptus Oil) ယူကလစ်ဆီကို
အအေးမိ
၊ လည်ချောင်းနာ၊ ချောင်းဆိုးဝေဒနာတွေအတွက် ရောဂါပိုးကိုသေစေတဲ့ဆေးအဖြစ်အသုံးပြုကြပါတယ်။သုတေသနတွေမှာလည်း ယူကလစ်ဆီရဲ့အာနိသင်တွေအကြောင်း ဖော်ပြခဲ့ကြပါတယ်။အမျိုးအစားကွဲအမျိုးမျိုးရှိပေမယ့်အားလုံးကအတိုင်းအတာတစ်ခုအထိ
ဘက်တီးရီးယား
နှိမ်နင်းနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။ ပရုပ်အေး (Menthol) ပရုပ်အေးကို ဆေးဝါးတွေထဲအသုံးပြုပုံအမျိုးမျိုးရှိပါတယ်။ ပရုပ်အေးက ချောင်းဆိုးသက်သာစေတယ်၊ သွားဖုံးရောင်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို နှိမ်နင်းပေးတယ်၊ ခံတွင်းအနာတွေမဖြစ်အောင်ကာကွယ်ပေးတယ်၊ နှုတ်ခမ်းနဲ့
သွားဖုံးတွေ
ထိခိုက်မှုကိုကာကွယ်တယ်၊ လည်ချောင်းနာသက်သာစေတယ်ဆိုတာတွေက ခံတွင်းကျန်းမာရေးအတွက် ပရုပ်အေးရဲ့အစွမ်းသတ္တိတွေပါ။ ဒါ့ကြောင့်သူ့ကို ငုံဆေးနဲ့ ဖျန်းဆေးတွေလို ချောင်းဆိုးသက်သာစေမယ့်ဆေးတွေမှာ ထည့်သွင်းအသုံးပြုတာဖြစ်ပါတယ်။
ပျားရည်က ချိုတယ်ဆိုပေမယ့် ချေျာင်းဆိုးစေတဲ့အချိုမဟုတ်ပါဘူး။ ဘက်တီးရီးယားသေစေနိုင်တဲ့ ပျားရည်ရဲ့အာနိသင်ကြောင့် လည်ချောင်းယားတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာတွေအတွက်အသုံးဝင်တဲ့ဆေးတစ်လက်ဖြစ်ပါတယ်။ သံပရာ၊
သံပရို
သံပရာသီးနဲ့ သံပရိုသီးတွေဟာ လည်ချောင်းတွင်း ချွဲသလိပ်တွေကပ်ငြိပြီး သလိပ်ကပ်တာ၊ ချွဲကျပ်တာ၊ လည်ချောင်းနာတာတွေကို သက်သာစေပါတယ်။ လည်ချောင်းထဲရှင်းလင်းသွားစေတာကအဓိကပေါ့။ သံပရိုသီးနဲ့ပျားရည်ကို ရေနွေးနဲ့ဖောျ်သောက်ရင် ချောင်းဆိုးချွဲကျပ်ရော၊ လည်ချောင်းနာပါ သက်သာစေနိုင်ပါတယ်။ ဆေးသကြားလုံးပုံစံနဲ့ ဂျယ်လီပုံစံ ငုံဆေးနှစ်မျိုးထုတ်လုပ်ထားတဲ့ HUDSON'S ငုံဆေးသကြားလုံးအမှတ်တံဆိပ်ဆိုရင် ဒီလိုပါဝင်ပစ္စည်းတွေအကုန်ပါဝင်ပါတယ်။ ယူကလစ်ပင်ကရရှိတဲ့အဆီနဲ့ ပရုပ်အေးကိုအခြေခံပြီးထုတ်လုပ်ထားလို့ ဘက်တီးရီးယားပိုးမွှားတွေကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။ လည်ချောင်းယားယံမှုကိုသက်သာစေတဲ့ Acacia Tree လည်း ပါဝင်တဲ့အတွက် ခံတွင်းကျန်းမာရေးကို နှစ်ဆအထောက်အကူဖြစ်စေပါတယ်။ သူ့ရဲ့အားသာချက်နောက်တစ်ခုက ဒီဝေဒနာတွေအပြင် ခံတွင်းနံ့ဆိုးခြင်းကိုပါ ကာကွယ်ပေးတာပဲဖြစ်ပါတယ်။ သကြားလုံးကိုရော၊ ဂျယ်လီကိုရောအပေါ်မှာပြောခဲ့တဲ့အာနိသင်တွေရှိနေတဲ့ ပျားရည်၊သံပရာ၊ သံပရိုအရသာတွေနဲ့လည်း ထုတ်လုပ်ပေးထားလို့ ပိုပြီးအာနိသင်ကောင်းစေပါတယ်။ ဒီလိုအရည်အသွေးပြည့်စုံတဲ့ ငုံဆေးကိုရွေးချယ်တာက ခံတွင်းကျန်းမာရေးအတွက်အကောင်းဆုံးဖြစ်မှာပါနော်။
Hello Health Group
သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။