
အတိုအပြတ်လေးတွေဝတ်ချင်ပင်မဲ့အ ကြောပြတ်ရာတွေကြောင့်မဝံ့မရဲဖြစ်လား?အကြောပြတ်တယ်ဆိုတာကြီးကအခုနောက်ပိုင်းမှာ ယောကျ်ားမိန်းမကြား
အဖြစ်များလာတဲ့အရာတစ်ခုပါ။ မိန်းကလေးတွေပဲအ ကြောပြတ်တာမဟုတ်ပဲအမျိုးသားတစ်ချို့လည်းအကြောပြတ်တတ်ကြပါတယ်။
ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမဆိုအကြောပြတ်ခြင်းက ဖြစ်ပေါ်နိုင်သလိုအတွင်းပိုင်းထက် လူမြင်ပိုင်းနေရာတွေမှာအကြောပြတ်မှာကို ပိုလို့
စိုးရိမ်တတ်ကြပါတယ်။
ဒါဆိုအကြောဘာလို့ပြတ်ကြသလဲ?
အကြောဘာလို့ ပြတ်တယ်ဆိုတာကို လေ့လာကြည့်ရမယ်ဆိုရင် တစ်ချို့အကြောပြတ်ရာတွေကအသားတိုးလာလို့(ဝလာလို့)ပြတ်ကြတယ်။ တစ်ချို့က ကြပြန်တော့ ဝတုတ်
နေရင်းက နေဝိတ်ချလိုက်လို့ပိန်သွားတဲ့အချိန်မှာလည်းအကြောပြတ်ရာတွေကျန်ခဲ့တတ်သလို တစ်ချို့အမျိုးသမီးတွေကြပြန်တော့လည်း ကိုယ်ဝန်ဆောင်လို့ ဗိုက်မှာအကြောပြတ်ကြတယ်။
ခြေသလုံးလို ပေါင်လို နေရာမျိုးမှာအ ကြောပြတ်တာက ဝရာကပိန်သွားလို့(ဒါမှမဟုတ်)အရမ်းကို ဝလလို့အသားတိုးလာလု့ိဆိုတဲ့
လက္ခဏာပါပဲ။ နောက်တစ်ခုရှိတာ က ခြေသလုံးလို နေရာမျိုးမှာအ ကြောပြတ်ရာတွေများတဲ့သူတွေဟာအထူးသဖြင့် ဒေါက်မြင့် ဖိနစ်ကိုအမြဲလိုလိုစီးတဲ့သူနဲ့
ခြေသလုံး က ရှိသင့်သည်ထက်ပိုပြီးကြီးမားနေတဲ့သူတွေမှာအဖြစ်များတတ်ပါတယ်။
တစ်ချို့အကြောပြတ်ရာတွေက ပေါ်လာပြီးမကြာခင်မှာပြတ်သွားတတ်ကြပင်မဲ့ တစ်ချို့က တော့ နစ်နဲ့ချီကို မပျောက်ပဲ ရှိနေတတ်ပါတယ်။
ဒီလိုနှစ်ချို့ နေတဲ့အကြောပြတ်ရာတွေကို ဘယ်လိုနည်းလမ်းကောင်းလေးတွေနဲ့ ကုသလို့အဆင်ပြေနိုင်သလဲဆိုရင်…

(၁) သံလွင်ဆီ
အကြောပြတ်ပျောက်ဆေးတွေဘယ်လောက်ကောင်းတယ်ဆိုပါစေ သံလွင်ဆီစစ်စစ်ကိုတော့မှီနိုင်မယ်မထင်ပါဘူး။ သံလွင်ဆီစစ်စစ်ကိုအကြောပြတ်နေတဲ့
နေရာပေါ်တင်ပြီး စက်ဝိုင်းပုံစံ မနက်တစ်ခေါက်အိပ်ယာဝင်ခံနီးတစ်ခေါက်လိမ်းအိပ်ပေးပါ။ စိတ်ရှည်ဖို့တော့လိုပါတယ်။
(၂) ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်အပင်ကရတဲ့အနှစ်စစ်စစ်နဲ့လုပ်ဖို့လိုပါတယ်။ ရှားစောင်းလက်ပတ်အနှစ်ကို ခွက်တစ်ခုတည်းထည့်ပြီအကြောပြတ်ရာပေါ်ကိုအနှံ့လိမ်းပေးပါ။
သူက ဂျယ်လီလေးလို မလို့အချိန်မရွေးလိမ်းထားလို့ရပါတယ်။
(၃) ပျားရည်
ပျားရည်ကအသားရည်အတွက် တကယ်ကိုကောင်းတဲ့အရာပါ။အထူးသဖြင့် နှစ်ကာလကြာမပျောက်သေးတဲ့အကြောပြတ်ရာတွေကိုပါ ယူပစ်သလို သက်သာပျောက်
ကင်းစေနိုင်ပါတယ်။ တစ်ရက်နှစ်ရက်နဲ့ရပ်လိုက်တာမျိုုးတော့မလုပ်ပါနဲ့နော်။
(၄) Vaseline Lotion
Vaseline ကအနှစ်အဖြူလေးတွေကအသားရည်တင်းရင်းဖို့နဲ့အရည်ပြားပေါ်ကဆဲလ်တွေကို ကောင်းမွန်ရှင်သန်အောင်လုပ်ဆောင်ပေးနိုင်ပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့အရည်ပြားပေါ်ကအကြောပြတ်ရာတွေအတွက် Vaseline ဂျယ်က ပျောက်ကင်းအောင်အတိုင်းတာတစ်ခုအထိကူညီနိုင်စွမ်းရှိတာမလို့
ဒါလေးကိုလည်းစမ်းသုံးကြည့်ဖို့အကြံပေးပါရစေ။
Unicode
အတိုအပြတ်လေးတွေဝတ်ချင်ပင်မဲ့ အ ကြောပြတ်ရာတွေကြောင့်မဝံ့မရဲဖြစ်လား? အကြောပြတ်တယ်ဆိုတာကြီးက အခုနောက်ပိုင်းမှာ ယောကျ်ားမိန်းမကြား
အဖြစ်များလာတဲ့အရာတစ်ခုပါ။ မိန်းကလေးတွေပဲ အ ကြောပြတ်တာမဟုတ်ပဲ အမျိုးသားတစ်ချို့လည်းအကြောပြတ်တတ်ကြပါတယ်။
ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမဆို အကြောပြတ်ခြင်းက ဖြစ်ပေါ်နိုင်သလို အတွင်းပိုင်းထက် လူမြင်ပိုင်းနေရာတွေမှာ အကြောပြတ်မှာကို ပိုလို့
စိုးရိမ်တတ်ကြပါတယ်။
ဒါဆို အကြောဘာလို့ပြတ်ကြသလဲ?
အကြောဘာလို့ ပြတ်တယ်ဆိုတာကို လေ့လာကြည့်ရမယ်ဆိုရင် တစ်ချို့ အကြောပြတ်ရာတွေက အသားတိုးလာလို့(ဝလာလို့)ပြတ်ကြတယ်။ တစ်ချို့က ကြပြန်တော့ ဝတုတ်
နေရင်းက နေဝိတ်ချလိုက်လို့ပိန်သွားတဲ့အချိန်မှာလည်း အကြောပြတ်ရာတွေကျန်ခဲ့တတ်သလို တစ်ချို့အမျိုးသမီးတွေကြပြန်တော့လည်း ကိုယ်ဝန်ဆောင်လို့ ဗိုက်မှာ အကြောပြတ်ကြတယ်။
ခြေသလုံးလို ပေါင်လို နေရာမျိုးမှာ အ ကြောပြတ်တာက ဝရာကပိန်သွားလို့(ဒါမှမဟုတ်) အရမ်းကို ဝလလို့ အသားတိုးလာလို့ဆိုတဲ့
လက္ခဏာပါပဲ။ နောက်တစ်ခုရှိတာ က ခြေသလုံးလို နေရာမျိုးမှာ အ ကြောပြတ်ရာတွေများတဲ့သူတွေဟာအထူးသဖြင့် ဒေါက်မြင့် ဖိနစ်ကို အမြဲလိုလိုစီးတဲ့သူနဲ့
ခြေသလုံး က ရှိသင့်သည်ထက်ပိုပြီးကြီးမားနေတဲ့သူတွေမှာ အဖြစ်များတတ်ပါတယ်။
တစ်ချို့အကြောပြတ်ရာတွေက ပေါ်လာပြီးမကြာခင်မှာပြတ်သွားတတ်ကြပင်မဲ့ တစ်ချို့က တော့ နစ်နဲ့ချီကို မပျောက်ပဲ ရှိနေတတ်ပါတယ်။
ဒီလိုနှစ်ချို့ နေတဲ့ အကြောပြတ်ရာတွေကို ဘယ်လိုနည်းလမ်းကောင်းလေးတွေနဲ့ ကုသလို့ အဆင်ပြေနိုင်သလဲဆိုရင်…

(၁) သံလွင်ဆီ
အကြောပြတ်ပျောက်ဆေးတွေဘယ်လောက်ကောငး်တယ်ဆိုပါစေ သံလွင်ဆီစစ်စစ်ကိုတော့မှီနိုင်မယ်မထင်ပါဘူး။ သံလွင်ဆီစစ်စစ်ကို အကြောပြတ်နေတဲ့
နေရာပေါ်တင်ပြီး စက်ဝိုင်းပုံစံ မနက်တစ်ခေါက် အိပ်ယာဝင်ခံနီးတစ်ခေါက်လိမ်းအိပ်ပေးပါ။ စိတ်ရှည်ဖို့တော့လိုပါတယ်။
(၂) ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ် အပင်ကရတဲ့ အနှစ်စစ်စစ်နဲ့လုပ်ဖို့လိုပါတယ်။ ရှားစောင်းလက်ပတ်အနှစ်ကို ခွက်တစ်ခုတည်းထည့်ပြီအကြောပြတ်ရာပေါ်ကို အနှံ့လိမ်းပေးပါ။
သူက ဂျယ်လီလေးလို မလို့ အချိန်မရွေးလိမ်းထားလို့ရပါတယ်။
(၃) ပျားရည်
ပျားရည်ကအသားရည်အတွက် တကယ်ကိုကောင်းတဲ့အရာပါ။ အထူးသဖြင့် နှစ်ကာလကြာမပျောက်သေးတဲ့ အကြောပြတ်ရာတွေကိုပါ ယူပစ်သလို သက်သာပျောက်
ကင်းစေနိုင်ပါတယ်။ တစ်ရက်နှစ်ရက်နဲ့ရပ်လိုက်တာမျိုုးတော့မလုပ်ပါနဲ့နော်။
(၄) Vaseline Lotion
Vaseline ကအနှစ်အဖြူလေးတွေက အသားရည်တင်းရင်းဖို့နဲ့ အရည်ပြားပေါ်ကဆဲလ်တွေကို ကောင်းမွန်ရှင်သန်အောင်လုပ်ဆောင်ပေးနိုင်ပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့အရည်ပြားပေါ်ကအကြောပြတ်ရာတွေအတွက် Vaseline ဂျယ်က ပျောက်ကင်းအောင်အတိုင်းတာတစ်ခုအထိကူညီနိုင်စွမ်းရှိတာမလို့
ဒါလေးကိုလည်းစမ်းသုံးကြည့်ဖို့ အကြံပေးပါရစေ။