ခေါင်းကိုက်ြ
ခင်းကြောင့် ကိုယ့်ရဲ့ နေ့စဉ်ဘဝကို စိတ်ရော ကိုယ်ပါအနှောင့်အယှက် ဖြစ်စေပါတယ်။ ခေါင်းထဲမှာ ထိုးကိုက်နေပြီး မူးဝေအော့အန်ချင်သလို ခံစားရမယ်။အားနည်းပြီး ပျော့ခွေနေမယ်။ စိတ်လဲကြည်တော့မှာ မဟုတ်သလို ကိုယ့်ရဲ့
အလုပ်ခွင်
မှာလည်း သေချာအာရုံစိုက်ပြီးအလုပ်လုပ်လို့ ရတော့မှာ မဟုတ်ပါဘူး။ နေ့စဉ်ရက်ဆက် ခေါင်းကိုက်တာ၊ ပြင်းပြင်းထန်ထန်ခေါင်းကိုက်တာ၊
ခေါင်းတစ်ခြမ်း ကိုက်ခဲ
တာအစရှိသဖြင့် ခေါင်းကိုက်လက္ခဏာအမျိုးမျိုး ရှိနိုင်ပါတယ်။ ပုံမှန်အားဖြင့် ခေါင်းကိုက်ဝေဒနာ ခံစားနေရပြီဆိုရင်အနည်းဆုံး ၄ နာရီမှအများဆုံး ၃ရက်အထိ ကြာရှည်နိုင်ပါတယ်။ မကြာခဏ ခေါင်းကိုက်တတ်တဲ့သူတွေ၊ ခေါင်းကိုက်ဝေဒနာကိုအမြန်ဆုံး သက်သာစေဖို့ ဆောင်ရန်၊ ရှောင်ရန်အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ ခေါင်းကိုက်နေစဉ် ဘာတွေလုပ်သင့်လဲ။
ခေါင်းကိုက်တာကို စတင်ခံစားရပြီဆိုတာနဲ့ ဝေဒနာအမြန်သက်သာစေဖို့အကိုက်အခဲပျောက်ဆေး သို့မဟုတ် ခေါင်းကိုက်ပျောက်ဆေး တစ်လုံးအမြန်ဆုံး သောက်ပေးပါ။ ခေါင်းကိုက်တာအပြင် မူးဝေအော့အန်တာ၊
အရက်နာကျ
သလို လက္ခဏာတွေ တွေ့ရပြီဆိုရင်
ရေဓာတ်
ခမ်းခြောက်တာကြောင့် ဖြစ်နိုင်ပါတယ်။ ကိုယ်က ကိုက်ခဲနေတယ်ဆိုရင်တောင် ရေကို ပုံမှန်လေးသောက်ပေးဖို့ မမေ့သင့်ဘူးနော်။
တိတ်ဆိတ်ငြိမ်သက်တဲ့အခန်းလေးထဲမှာ မျက်လုံးကို မှိတ်ထားပြီး ခဏအနားယူပါ။
သွေးလည်ပတ်မှု ကောင်းစေဖို့ လည်ပင်းနဲ့ နားထင်ကို ဖြည်းဖြည်းချင်း နှိပ်နယ်ပေးပါ။ စိတ်ညစ်စရာ ကိစ္စတွေ၊
စိတ်ဖိစီးမှုတွေ
ဟာ ခေါင်းကိုက်ဝေဒနာကို ပိုဆိုးသွားစေနိုင်တာကြောင့် တရားထိုင်တာ၊ ဝင်လေထွက်လေမှတ်တာ၊အေးချမ်းတဲ့ သီချင်းတီးလုံးတွေကို ဖွင့်ထားပြီး စိတ်ဖိစီးမှုကို ဖြေဖျောက်ပေးပါ။
မကြာခဏ ခေါင်းကိုက်နေပြီဆိုရင် ကိုယ်က ဘာကြောင့် ခေါင်းကိုက်နေရတာလဲ၊ ဝေဒနာ ခံစားရချိန်ဟာ ဘယ်လောက်ထိ ကြာတတ်လဲ၊ ဘယ်လိုအချိန်မှာ ပြင်းထန်တဲ့ ဝေနာ ခံစားရလဲ ဆိုတာကို သေချာမှတ်ထားပါ။
ခေါင်းကိုက်ဝေဒနာအရမ်းပြင်းထန်လာပြီဆိုရင် ဆရာဝန်နဲ့ သေချာပြသပေးပါ။ ခေါင်းကိုက်ဝေဒနာကို ပိုဆိုးစေနိုင်တဲ့ ဒီအချက်လေးတွေကို ရှောင်ပေးပါ။
ခေါင်းကိုက်နေတာကို ပြီးမှ ဆေးသောက်လိုက်ပါမယ် ဆိုပြီးအလုပ်ဆက်လုပ်နေတာမျိုးတွေ ရှောင်ပေးပါ။
ကော်ဖီ
၊ လက်ဖက်ရည်အစရှိတဲ့ ကဖင်းဓာတ်များတဲ့ ဖျော်ရည်တွေ၊
ဆေးလိပ်
နဲ့အရက်သေစာတွေကို ရှောင်ပေးပါ။
ခေါင်းကိုက်လို့ဆိုပြီးအစာမစားပဲ နေတဲ့အခါ ဗိုက်ထဲမှာအစာမရှိတဲ့အတွက် သွေးတွင်းသကြားဓာတ် နည်းသွားပြီး ဝေဒနာပိုဆိုးစေနိုင်ပါတယ်။
ဒါကြောင့်အပူအစပ်၊ ဆီ၊အငန်များတဲ့အစားအသောက်တွေထက်အမျှင်ဓာတ်များပြီးအစာကြေရင်ချောင်စေတဲ့အစားအစာမျိုးတွေကို များများ စားပေးပါ။
ခေါင်းကိုက်ပျောက်ဆေး၊အကိုက်အခဲပျောက်ဆေးကို တစ်လုံး သို့မဟုတ် ဆေးအညွှန်းမှာ ပြထားတာထက် ပိုမသောက်သင့်ပါဘူး။
ဝေဒနာမသက်သာလို့ဆိုပြီးအာနိသင်ပိုပြင်းတဲ့ ဆေးတွေ ပြောင်းသောက်တာမျိုးလည်း ရှောင်သင့်ပါတယ်။
ခေါင်းကိုက်တာ ရက်စိတ်လာပြီ၊ ဝေဒနာ ပိုပြင်းလာပြီလို့ ခံစားရတာ၊ ခေါင်းကိုက်တာ တစ်မျိုးတည်းမဟုတ်ပဲ တခြား စိတ်နဲ့ ကိုယ်မှာ ပြောင်းလဲမှုဝေဒနာ ခံစားနေရပြီဆိုရင် ဆရာဝန်နဲ့ ပြဖို့ ဝန်မလေးပါနဲ့။ မကြာခဏ ခေါင်းကိုက်နေတာမျိုး မဖြစ်ရအောင် နေ့စဉ်အစာအာဟာရမျှတစွာ စားသုံးပေးပါ။
ကိုယ်လက်လေ့ကျင့်ခန်
း မှန်မှန်လုပ်ပါ။ တစ်နေရာထဲမှာအကြာကြီးထိုင်တာ၊အစားပျက်၊အအိပ်ပျက်ပြီးအလုပ်လုပ်တာမျိုးတွေကို ရှောင်ပါ။ စိတ်ကိုအေးချမ်းစွာ နေပါ။
စိတ်ဖိစီးမှုဝေဒနာ
ကို တစ်ယောက်တည်း မြိုသိပ်ထားမယ့်အစား မိသားစု၊အပေါင်းအသင်းတွေကို တိုင်ပင်ပါ၊ ရင်ဖွင့်ပါ။ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို ဆရာဝန်နဲ့အမြဲပုံမှန်ပြသပြီး စစ်ဆေးကုသမှု ခံယူပေးပါနော်။
Hello Health Group
သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။