
ငှက်ဖျားရောဂါဆိုသည်မှာ Anopheles Mosquito ခြင်ကိုက်ခြင်းကြောင့် Malaria Parasite ငှက်ဖျားရောဂါပိုး ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ခြင်းကြောင့်ဖြစ်သည်။လက္ခဏာများရောဂါလက္ခဏာများသည် ရောဂါပိုးဝင်ပြီး ၇ရက်မှ ၁၈ ရက်အတွင်း ပေါ်နိုင်ပြီးအချို့သူများတွင် ရောဂါပေါ်ရန် ၁နှစ်အထိကြာမြင့်နိုင်သည်။-အဖျားကြီးခြင်း- ချမ်းတုန်ခြင်း- ချွေးအလွန်ထွက်ခြင်း-အန်ခြင်း စသည့် လက္ခဏာများသည်။ဖြစ်စေသောအကောင်အမျိုးအစားပေါ်မူတည်၍ ၇၂နာရီခြား၊ ၄၈နာရီခြားတစ်ကြိမ်ပေါ်တတ်ပြီး ၆နာရီမှ ၁၂နာရီထိတိုင်အောင် ခံစားရတတ်သည်။အခြားလက္ခဏာများအနေဖြင့် ကြွက်သားများနာကျင်ခြင်း။ ဝမ်းလျှောခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်း စသည်တို့လည်းခံစားရနိုင်ပါသည်။ဖြစ်ပွားရသောအကြောင်းရင်းများများစွာသော Plasmodium parasiteအုပ်စုများထဲမှ လူတွင်ဖြစ်တတ်သော ၅မျိုးမှာ-- Plasmodium falciparum-အဖြစ်အများဆုံးဖြစ်ပြီး ဆိုးရွားသော လက္ခဏာများကို ဖြစ်ပေါ်စေနိုင်ပါသည်။- Plasmodium vivax- Plasmodium ovale- Plamodium malariae- Plasmodium knowlesiကူးစက်ပျံ့နှံ့ပုံရောဂါပိုးသယ်ဆောင်ထားသောအနော်ဖလီးခြင်မ(Female Anopheles mosquito) ကိုက်ခြင်းကြောင့်အဓိက ဖြစ်ပွားရပါသည်။ ရောဂါပိုး ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသောအခါအသည်းတွင်ဝင်ရောက်ပွားပြီးနောက် သွေးထဲသို့ တဖန်ထွက်ကာ သွေးနီဥထဲတွင် ပွားများပြန်သည်။ ကြာသော သွေးနီဥများပေါက်ကွဲပြီး ရောဂါပိုးအများအပြား သွေးထဲသို့ရောက်ရှိပြီး လက္ခဏာများ ပေါ်ပေါက်လာသည်။ မှတ်ချက်။ ရောဂါပိုးသယ်ဆောင်ထားသောခြင် တစ်ခါကိုက်ရုံဖြင့် ရောဂါကူးနိုင်သည်။ လူလူချင်း မကူးစက်တတ်ပါ။ထို့အပြင် ရောဂါပိုးရှိသောသွေးသွင်းခြင်း၊အပ်၊ဓားမျှဝေသုံးစွဲခြင်းကြောင့်သွေးမှတဆင့်ကူးစက်နိုင်ပါသည်။နောက်ဆက်တွဲ ပြဿနာများAnaemia- သွေးအားနည်းခြင်းCerebral malaria- ဦးနှောက်တွင်း ပိုးရောက်ခြင်းအသည်းပျက်စီးခြင်းနှင့်အသားဝါခြင်းShock ရခြင်းPulmonary oedema (အဆုတ်တွင်းရေဝင်ခြင်း)Acute respiratory distress syndrome (ARDS)Hypoglycemia (သွေးတွင်းအချိုဓာတ်ကျခြင်း)Kidney failure (ကျောက်ကပ်ပျက်စီးခြင်း)Spleen (ဘေလုံးပျက်စီးခြင်း)Dehydration (ရေဓာတ်ခန်းခြောက်ခြင်း)Malaria in pregnancy (ကိုယ်ဝန်ဆောင်တွင် malaria ရောဂါဖြစ်ပွားပါက)- မွေးချိန်မတိုင်ဘဲစောစီးစွာမွေးခြင်း- ကလေးပေါင်မပြည့်ခြင်း- ကိုယ်ဝန်ပျက်ကျခြင်း-အသေမွေးခြင်း- မိခင်သေဆုံးခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။စစ်ဆေးမှုများသွေးစစ်ခြင်း- သွေးတွင်း malaria parasite ရှိမရှိစစ်ခြင်း ဖြစ်စေသောပိုးအမျိုးအစားကိုပါ ခွဲခြားနိုင်သည်။Rapid diagnosis test- လျှင်မြန်လွယ်ကူစွာစစ်သည့်နည်း ICT ဖြင့်စစ်ဆေးခြင်း။အခြားလိုအပ်ပါက ဆီးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းများပြုလုပ်ရပါမည်။ကုသခြင်းACT – 3 Day Artemisinin based combination therapy(အာတီမီစနင်းအခြေခံသော ၃ရက်သောက် ငှက်ဖျားပျောက်ဆေး) Complicated falciparum malaria နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပေါ်နေသောအမျိုးအစားဖြစ်ပါက သောက်ဆေးနှင့်သာမက ထိုးဆေးအစားထိုးရမည်။ကာကွယ်ခြင်းကာကွယ်ခြင်းတွင်အဓိက ခြင်အကိုက်မခံရစေရန်ကာကွယ်ခြင်းသည်အရေးအပါဆုံးဖြစ်သည်။- ခြင်ထောင်ဖြင့်အိပ်ခြင်း- ခြင်ဆေးလိမ်းခြင်း- ခြင်ဆေးခွေထွန်းခြင်း- ခြင်လုံဇကာများတပ်ခြင်း- ခြင်ပေါက်ဖွားရာနေရာများကို သုတ်သင်ခြင်း- စနစ်တကျစစ်ဆေးထားသောသွေးသွင်းခြင်းMalaria ရောဂါပိုးရှိရာနေရာသို့ သွားရောက်မည်ဆိုပါက ကြိုတင်၍ ဆေးသောက်ခြင်းတို့ ပြုလုပ်ရပါမည်။Ref: NHS choices Mayo clinicသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။