ကြားဖူးကြတယ်မလား၊
သွေးပျစ်
လို့ သွေးကျဲဆေးတွေသောက်နေရတယ်၊
သွေးခဲ
တာတွေ မဖြစ်အောင်လို
့ သွေးကျဲဆေ
းတွေ ကြိုသောက်နေရတယ်ဆိုတဲ့အကြောင်းတွေကို။ သွေးခဲတယ်ဆိုတာကလည်း တကယ်ကိုအန္တရယ်ရှိတဲ့ ကျန်းမာရေးပြဿနာတစ်ခုလေ။ သွေးခဲပြီးအဲဒီသွေးခဲလေးက သွေးကြောမှာ သွားပိတ်လိုက်တဲ့အခါ သွေးစီးဆင်းမှုရပ်သွားပြီး ကြွက်သားတွေ တစ်ရှူးတွေဆီ သွေးမရောက်တော့လို့ ပုတ်သွားတဲ့အဖြစ်အပျက်ကနေအသက်ဆုံးရှုံးတဲ့အထိဖြစ်သွားတတ်တယ်မလား။ ဒီတော့ဒီလိုအခြေအနေတွေကို ကြိုတင်ကာကွယ်ဖို
့ သွေးကျဲဆေ
းတွေ ပေါ်လာရတော့တာပေါ့။
သွေးကျဲဆေးအမျိုးအစား ၂ မျိုးရှိပါတယ်။
antiplatelet medicine - သွေးခဲတဲ့နေရာမှာအဓိက တာဝန်ရှိတဲ့
platelet
သွေးဆဲလ်လေးတွေ ပူးပြီးသွေးခဲ မဖြစ်အောင် ကာကွယ်ပေးတာ anticoagulant medicine - သွေးခဲခြင်းဖြစ်စဉ်ကို တားပေးတဲ့
သွေးကျဲဆေး
ဆိုပြီး ၂ မျိုးရှိပါတယ်။
ဘယ်လိုလူတွေက ဘယ်လို သွေးကျဲဆေးအမျိုးအစားကိုရွေးချယ်သင့်သလဲ။
Antiplatelet medicine -
coronary artery disease
( နှလုံေးသွးကြောဆိုင်ရာရောဂါရှိတဲ့သူတွေ) peripheral vascular disease ( သွေးပြန်ကြောဆိုင်ရာ ပြဿနာရှိတဲ့သူတွေ)
လေဖြတ်
ဖူးသူတွေနဲ့ နှလုံးရောဂါ ခံစားနေရတဲ့သူတွေနဲ့ နှလုံးသွေးကြောပိုက်ထည့်ထားတဲ့ခွဲစိတ်မှု ခံယူထားသူတွေက antiplatelet medicine သွေးကျဲဆေးအမျိုးအစားသောက်သင့်ပါတယ်။ Anticoagulant medicine-
လေဖြတ်
နိုင်ဖို့အလားအလာများနေတဲ့လူနာတွေ၊ atrial fibrillation (နှလုံးခုန်စည်းချက်မြန်) တဲ့ဝေဒနာခံစားရတဲလူနာတွေ၊ ဦးနှောက်တွင်းသွေးကြောတွေ ပိတ်သွားတဲ့လူနာတွေ၊
deep vein thrombosis
(DVT) လို့ခေါ်တဲ့အတွင်းပိုင်းသွေးပြန်ကြော သွေးခဲတဲ့ ဝေဒနာခံစားနေရတဲ့သူတွေ၊ cardiac bypass graft( နှလုံးသွေးကြော ခွဲစိတ်ကုသခြင်း)၊
angioplasty
( နှလုံသွေးကြောချဲ့ခြင်း) စတဲ့ ကုသမှုခံယူထားရတဲ့သူတွေ anticoagulant medicine သွေးကျဲဆေးအမျိုးအစားကို သောက်ရမှာဖြစ်ပါတယ်။
သွေးကျဲဆေးတွေရဲ့အဖြစ်အများဆုံး ဘေးထွက်ဆိုးကျိုးတွေက ဘာတွေ များလဲ။
သွေးယိုြ
ခင်း - သွေးမခဲအောင်တားတဲ့ဆေးတွေဆိုတော့ ဘေးထွက်ဆိုးကျိုးအနေနဲ့ သွေးထွက်တာ၊ သွေးယိုတာတွေကတော့အဖြစ်နိုင်ဆုံးပါ။ Anticoagulants သွေးကျဲဆေးသောက်နေတဲ့သူတွေကတော့ ဦးနှောက်သွေးကြော
အစာအိမ်သွေးကြော
သွေးယိုတာ နဲ့အခြားကိုယ်ခန္ဓာအစိတ်အပိုင်းတွေမှာ ထိခိုက်မှု မရှိဘဲသွေးထွက်တာ၊အညိုအမဲစွဲတာစတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုအခြေအနေရောက်ရင် သွေးထွက်တာကိ ုပြန်ထိန်းနိုင်ဖို့ ဆေးပြန်သောက်ဖို့ လိုအပ်ပါတယ်။
သွေးကျဲဆေးသောက်နေတဲ့အချိန် ဘာတွေရှောင်စားရမလဲ။
ဆရာဝန်နဲ့ မတိုင်ပင်ဘဲ ဘာဆေးမှ ကိုယ့်သဘောနဲ့ကိုယ်ေသောက်ပါနဲ့။ တိုင်းရင်းဆေး ဖြည့်စွက်အားဆေးတွေနဲ့ ဗီတာမင် ဆေးပြားတွေက သွေးကျဲဆေးတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေတတ်တာကြောင့်ပါ။
သွေးကျဲဆေးသောက်နေချိန် ရှောင်ကိုရှောင်ရမယ့်အခြားအရာတွေကတော့
အရက် - anticoagulants သွေးကျဲဆေးရဲ့ ဘေးထွက်ဆိုးကျိုး သွေးယိုခြင်းကို ပိုအားပေးတတ်တာကြောင့်ပါ။ ဗီတာမင် K -
ဗီတာမင် K
အားဖြည့်ဆေးတွေ နေ့တိုင်းသောက်နေရတဲ့အခါ anticoagulants သွေးကျဲဆေး တစ်မျိုးဖြစ်တဲ့ warfarin ရဲ့ သွေးခဲစေတဲ့လုပ်ငန်းဆောင်တာကို နှောင့်ယှက်တတ်ပါတယ်။
NSAID
- ဒီ စတီးရွိုက်မပါတဲ့အကိုက်အခဲပျောက်ဆေးတွေက ကိုယ်တွင်းသွေးယိုခြင်း ပြဿနာကို ဖြစ်စေတတ်တာကြောင့် ဆရာဝန်နဲ့တိုင်ပင်ပြီးမှ ဒါတွေကို သောက်သင့်ပါတယ်။
တစ်ချို့ ပဋိဇီဝ ပိုးသတ်ဆေးတွေဟာ သွေးယိုခြင်းပြဿနာတွေကို ဖြစ်စေတတ်တာကြောင့် ဆရာဝန်နဲ့တိုင်ပင်ပြီးမှ ဆေးသောက်တာမျိုးတွေ လုပ်သင့်ပါတယ်။
တိုင်းရင်းဆေးတွေဖြစ်တဲ့ ginkgo biloba, garlic, chamomile တို့ဟာ anticoagulants သွေးကျဲဆေးတွေနဲ့အတူတွဲသောက်ဖို့ မသင့်တဲ့ တိုင်းရင်းဆေးတွေပါ။
သွေးကျဲဆေးသောက်နေချိန် ဘာတွေကို ဆင်ခြင်ရဦးမလဲ။
ထိခိုက်စေမယ့် ပြင်းထန်အားကစားနည်းတွေကို မကစားပါနဲ့။
မုတ်ဆိတ်ရိတ်
တဲ့အခါမျိုးတွေ မထိခိုက်မိအောင်သတိထားပါ။
သွားတိုက်
ရင်လည်း နူးညံံ့တဲ့သွားပွတ်တံအမျိုးအစားတွေကို ရွေးချယ်ပါ။
ဖိနပ်အမြင့် ၊ ချောတဲ့ ဖိနပ်တွေ မဝတ်ပါနဲ့၊ ကိုယ့်ကိုယ်ကိုယ် ထိခိုက်ဒဏ်ရာမရအောင်အတတ်နိုင်ဆုံးထိန်းထားပါ။
သွေးကျဲဆေးတွေက ရင်သွေးလေးကို ထိခိုက်စေတတ်တာကြောင့် သွေးကျဲဆေးသောက်နေချိန် ကိုယ်ဝန် မရအောင်လို့ ကိုယ်နဲ့အဆင်ပြေမယ့် သန္ဓေတားနည်းတစ်ခုခု ရွေးချယ်ပြီးသုံးပါ။
ခရီးသွားတဲ့အခါတွေမှာလည်း သွေးကျဲဆေးတွေ ဆောင်သွားဖို့ မမေ့ပါနဲ့။ ဆေးတွေကိုအချိန်မှန်သောက်ပါ။ ခွဲစိတ်မှုတစ်ခုခု လုပ်ရတော့မယ်၊
သွားနှုတ်
ရတော့မယ်ဆိုတိုင်းဆရာဝန်ကို
သွေးကျဲဆေ
းတွေ သောက်နေရတယ်ဆိုတာ ပြောပြပါ။
နောက်ပြီး ကိုယ့်ကျန်းမာရေးနဲ့ သွေးဆဲလ်အခြေအနေတွေကိုသိဖို့ ဆရာဝန်ရက်ချိန်းပြည့်တိုင်း ပြန်သွားပြပါ။
ကိုယ့်သဘောနဲ့ကိုယ် ဆေးကို ရပ်လိုက်တာ၊ သတ်မှတ်ရက်ထက်ကျော်ပြီး ဆက်သောက်နေတာမျိုးတွေ လုံးဝ မလုပ်ပါနဲ့။ ။
Hello Health Group
သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။