မြန်မာ့ရိုးရာ ဧည့်ခံအစားအသောက်များတွင် ကွမ်း ၊ ဆေး ၊ လက်ဖက် ဟူ၍ ဆိုကား ရှိသည်။ ကွမ်းယာသည် မြန်မာမှုတွင် ဧည့်ခံပစ္စည်း ဖြစ်သော်လည်း ယနေ့ကာလတွင် စီးပွားဖြစ် ရောင်းချလျက်ရှိသော ရောင်းကုန်တစ်ခု ဖြစ်လာသည်။ ကွမ်းယာကို နှစ်ခြိုက်ခုံမင်စွာ စားသုံးလေ့ရှိသော ခေတ်လူငယ်များသည် နှပ်ဆေးရည်များဖြင့် စားသုံးလေ့ရှိရာ ၎င်း နှပ်ဆေးရည်အား ရေရှည်စွဲ၍ စားသုံးမိပါကအစာအိမ်အူလမ်းကြောင်း ကင်ဆာဖြစ်ပေါ် စေနိုင်ကြောင်းအစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာအထူးကု ဆရာဝန်တစ်ဦးက ပြောပြသည်။ " ကွမ်းစား နှပ်ဆေးရည်တွေကအစားအသောက်နဲ့ ဆေးဝါးဆိုင်ရာ ကြီးကြပ်ကွပ်ကဲှု ရဲ့ ခွင့်ပြုချက်ရယူပြီး ထုတ်လုပ်ထားတဲ့ စားသော် ကုန်စည်မဟုတ်သလို ဓာတုဗေဒ ဒြပ်ပေါင်းပစ္စည်းအချို့နဲ့ ရောစပ်ထုတ်လုပ်ထားတာကြောင့် စားသုံးမိပါက ကျန်းမာရေး ထိခိုက်စေနိုင်ပါတယ် ... " ဟုအဆိုပါအထူးကု ဆရာဝန်ကြီးက ဆက်လက်၍ ပြောပြသည်။ ကွမ်းစား နှပ်ဆေးရည်များအား ရေရှည်စားသုံးခြင်းကြောင့်အစာအိမ်အူလမ်းကြောင်းအတွင်း ကင်ဆာဖြစ်၍ ဆေးဝါးကုသမှု ခံယူသူ များစွာရှိခဲ့ရာ ၁၅ ရာခိုင်နှုန်းသာလျှင်အသက်ရှင်ကျန်းမာပြီး ကျန် ၆၅ ရာခိုင်နှုန်းမှာ လူ့သက်တမ်းစေ့ နေထိုင်နိုင်ခြင်း မရှိကြောင်း စောင့်ကြည့်လေ့လာ နေသူများ၏ မှတ်တမ်းအရ သိရသည်။အဆိုပါ ကွမ်းစားနှပ်ဆေးရည်များသည် သဘာဝမဟုတ်သောအနံ့အသက်များနှင့် သဘာဝမဟုတ်သောအချိုအရသာ ဓာတ်များအား ရောစပ်ထုတ်လုပ်ထားရာ ဓာတုဗေဒ ဒြပ်ပေါင်းအချို့ ပါဝင်လျ် ရှိသည်ကို စမ်းသပ်တွေ့ရှိရကြောင်း၊ ၎င်းဒြပ်ပေါင်းစုများတွင် လူ၏ ကိုယ်ခန္ဓာအတွင်းပိုင်းရှိအစိတ်အပိုင်းများအား ချေဖျက်နိုင်သည့် ဒြပ်ပေါင်းစု များလည်းပါဝင်ကြောင်း၊ ယင်းကြောင့် ပါးစောင်ကင်ဆာနှင့် လည်ချောင်းကင်ဆာများ ဖြစ်ပွားရသည်ဟု သုတေသန စာတမ်းများကဆိုသည်။ ကွမ်းစားနှပ်ဆေးရည် ဖော်စပ်ရာတွင်အဓိက မရှိမဖြစ် လိုအပ်သည်မှာ ဆေးရွက်ကြီး ဖြစ်သည်။ ၎င်း ဆေးရွက်ကြီး ၏ ရုက္ခဗေဒအမည်ရင်းမှာ နီကိုရှားနား တေဗကန် (Nicotianna Tabaccum) ဟု ခေါ်ထွင်၍ ဆိုလင်းနေးစီး (Solanaceae) ခရမ်းမျိုးရင်းဝင်အပင်တစ်မျိုးဖြစ်သည်။ ၎င်း၏ မူလသဘောအရအဆိပ်အတောက်များကို ပယ်စေနိုင်သော သတ္တိရှိသော်လည်း ဓာတုဗေဒ ဒြပ်ပေါင်းများနှင့် ရောစပ်သုံးစွဲခြင်းကြောင့် လူ၏ ကျန်းမာရေးကို ထိခိုက်စေခြင်းဖြစ်ကြောင်း သိရှိရသည်။ Credit : ကိုတိုး (ချင်းတွင်း) သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။