ကိုယ်ခန္ဓာမှာ ထိခိုက်ဒဏ်ရာတစ်ခုခုရသွားလို့
သွေးထွက်
တဲ့အခါ ကိုယ်ကအရင်တိတ်အောင်မလုပ်ခင် ကိုယ်ခန္ဓာကိုယ်စနစ်ကအရင်ဆုံး တိတ်အောင်လုပ်ပေးတယ်ဆိုတာအားလုံးသိကြမှာပါ။ ဒီအချိန် ကိုယ်ရဲ
့သွေးခဲ
နိုင်တဲ့အပိုင်း မှာ ပြဿနာတစ်ခုခုရှိနေပြီဆိုရင် သွေးမတိတ်တဲ့ ပြဿနာဆက်ဖြစ်ပြီးအသက်ဆုံးရှုံးတဲ့အထိ ပြင်းထန်သွားတတ်ပါတယ်။ ဒါ့ကြောင့် သွေးခဲစေဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ ဒါကိုကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်။ ဒါပေမယ့် တစ်ချို့ဒီသွေးခဲတွေကပဲ ကျန်းမာရေးကို ပြန်ပြီးထိခိုက်စေတဲ့ ပြဿနာတွေရှိပါသေးတယ်။အရာရာတိုင်းဟာ နည်းလွန်းရင်လည်း မကောင်း များလွန်းပြန်ရင်လည်း မကောင်းဘူးဆိုတာမျိုးပေါ့။အထူးသဖြင့်
မွေးရာပါနှလုံးရောဂ
ါြ့ဖစ်နေတဲ့သူတွေ၊
နှလုံးခုန်စည်းချက်မမှန်တဲ့ရောဂါခံစားနေရတဲ့သူတွေ နဲ့
နှလုံးအဆို့ရှ
င်ခွဲစိတ်ကုသမှု ခံယူထားတဲ့သူတွေဟာ သွေးခဲခြင်းပြဿနာဖြစ်နိုင်ချေအရှိဆုံးသူတွေဖြစ်ပြီး နော်ကဆက်တွဲ လေဖြတ်တဲ့ပြဿနာနဲ့
နှလုံးသွေးကြောပိတ်
တဲ့ပြဿနာတွေ ဆိုးဝါးစွာ ဆက်ဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် ဒီလို ဝေဒနာခံစားနေရတဲ့သူတွေကို ဆရာဝန်တွေကေ
သွးကျဲဆေ
းတွေပေးတာမျိုး သွေးကျဲစေတဲ့အစားအသောက်ေ တွ များများစားခိုင်းတာမျိုးအကြံပေးလေ့ရှိပါတယ်။ သွေးကျဲဆေးတွေအကြောင်းပြောထားတဲ့ ဆောင်းပါးတွေကလည်းများနေပြီမို့ ဒီနေ့ဆောင်းပါးထဲမှာတော့ သွေးကျဲစေမယ့်အ စားအသောက်တွေ ( ၅ ) မျိုးအကြောင်းပြောပြပေးချင်ပါတယ်။ ( ၁ )
ဆနွင်းမှုန့်
( နနွင်းမှုန့်) စားစရာတွေကိုအရောင်အဆင်းအနံ့အရသာပြည့်စုံအောင်လုပ်ပေးတဲ့ ဒီ ဆနွင်းမှုန့်ကို ဆေးဘက်ဝင်ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ထား ဟိုးအရင်တုန်းတည်းကပါ။ ဒီ ဆနွင်းမှုန့်
သွေးခဲြ
ခင်းကိုလျော့ပါးစေတဲ့ curcumin ဓာတ်တစ်မျိုးပါတဲ့ကြောင် သွေးပျစ်နေတဲ့သူတွေ ဆနွင်းမှုန့်ကို များများ မှီဝဲပေးဖို့လိုအပ်ပါတယ်။ ( ၂ )
ဂျင်
း ဂျင်းကလည်း နာမည်ကြီးအိမ်တွင်းဆေးဝါး တစ်မျိုးဖြစ်ပြီး ကျန်းမာရေးကိုအများကြီးအထောက်အကူပြုပေးနေတဲ့ မီးဖိုချောင်သုံးပစ္စည်းတစ်မျိုးပါ။ ဒီအဘက်ဘက်ကအသုံးဝင်လှတဲ့ ဂျင်းဟာ
သွေးပျစ်
နေတဲ့သူတွေအားထားလို့ရတဲ့ သဘာဝ သွေးကျဲပစ္စည်းတစ်ခုပါ။ ဒါဟာ ဂျင်းမှာပါဝင်နေတဲ့ salicylate ပစ္စည်းလေးကြောင့်ပါ။ ဒီ Acetylsalicylic acid ကနေ ဆင်းသက်လာတဲ့ salicylate ပစ္စည်းလေးဟာ aspirin လိုပဲ လေဖြတ်ခြင်းနဲ့ နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချပေးနေတဲ့အစွမ်းထက်ပစ္စည်းလေးတစ်ခုပါ။ ဒီတော့ သွေးပျစ်နေတဲ့သူတွေ ၊ သွေးခဲမှာကြောက်နေရတဲ့သူတွေ salicylate ကြွယ်ဝတဲ့အစားအစာတွေ များများသာစားပေတော့။
Salicylate ဓာတ်ကြွယ်ဝတဲ့အခြား စားစရာတွေကတော့
ထောပတ်သီ
း၊
ဘယ်ရီသီး
ငရုတ်သီး
ချယ်ရီသီး တို့ပဲ ဖြစ်ပါတယ်။ ( ၃ )
သစ်ကြံ့ပိုးခေါက်
သစ်ကြံ့ပိုးခေါက်မှာပါတဲ့
cassia
ဒြပ်ပေါင်းပစ္စည်းလေးက သွေးကျဲစေတဲ့အာနိသင်အပြည့်ရှိတဲ့ ပစ္စည်းလေးပါ။ ဒ့ါအပြင် သစ်ကြံ့ပိုးခေါက်မှုန့်က သွေးပေ့ါင်ကျစေတဲ့အာနိသင်၊
ရောင်ရမ်းခြင်း
ကို လျော့ကျစေတဲ့အာနိသင် နဲ့အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေတဲ့အစွမ်းလည်းရှိတာကြောင့် သွေးတိုးလည်းထိန်းရ သွေးကျဲအောင်လည်း လုပ်ရမယ့် သူတွေအတွက်အားကိုးရာ သဘာဝဆေးနည်းလေးပါနော်။
( ၄ ) Cayenne peppers ငရုတ်တောင့်နီ
ငရုတ်တောင့်နီလေးတွေက သွေးကျဲစေတဲ့အာနိသင်ရှိတယ်ဆိုတာ သင်သိပါသလား။ ဒါဟာ သူ့ဆီမှာ salicylates တွေအများကြီးပါဝင်နေတာကြောင့်ပါ။ နောက်ပြီး စပ်တဲ့အာနိသင်ရှိတဲ့ ဒီ ငရုတ်တောင့်လေးဟာ သွေးပေါင်ကိုလည်း ကျစေပြီး သွေးလည်ပတ်မှုကိုလည်း ကောင်းစေပါတယ်။
( ၅ ) ကြက်သွန်ဖြူ
ကြက်သွန်ဖြူကို ကျန်းမာရေးအတွက်အထောက်အကူပြု ပစ္စည်းအဖြစ်လူတိုင်းက လက်ခံထားကြပါတယ်။အစာအိမ်ကို ကျန်းမာစေဖို့၊ ရောင်ရမ်းခြင်းကို လျော့ကျစေဖို့ ကြက်သွန်ဖြူကိုအားထားကြသလို ကြက်သွန်ဖြူဟာ
သွေးကျဲ
စေတဲ့အာနိသင်ကြွယ်ဝတဲ့ ဆေးဘက်ဝင်မီးဖိုချောင်သုံး ပစ္စည်းတစ်မျိုးလည်း ဖြစ်ပါတယ်။ ဒါတွေကတော့ သဘာဝအတိုင်း သွေးကျဲစေမယ့်
သွေးခဲခြင်
းကို ကာကွယ်ပေးတဲ့အိမ်တွင်းဆေးဝါးလေးတွေဖြစ်ပါတယ်။ ဒါပေမယ့် သွေးကျဲဆေးမသောက်ဘဲ ဒီအစားတွေချည်းစားဖို့ကိုတော့အရမ်းမတိုက်တွန်းချင်ပါတယ်။
သွေးကျဲ
စေတဲ့အာနိသင်ရဖို့ ဘယ်လော်ကစားရမယ်၊ ဘယ်လိုချက်ပြုတ်ရမယ်ဆိုတာတွေကရှိသေးတယ်မလား ။ ဒီတော့ သွေးကျဲဆေးလေးလည်းသောက် သွေးကျဲစေတဲ့ ခုပြောထားတဲ့အစားအစာေတွေလည်းစားပေးပြီး သွေးခဲခြင်းကြောင့်ဖြစ်လာမယ့် နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်လိုက်ကြရအောင် ။ ။
Hello Health Group
သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။