လိင်တံထိပ်မှာအနာပေါက်နေတယ်။ ဘာ့ကြောင့်ဖြစ်ရတာလဲ။
hellosayarwon.com
|
2019-09-23


  Private part လို့ခေါ်တဲ့ မျိုးပွားအဂါၤပတ်လည်ဟာ တကယ်ကို သန့်သန့်ရှင်းရှင်းထားသင့်တဲ့နေရာတစ်ခုပါ။

အနာပေါက် တာအကျိတ်ထွက်တာမျိုးတွေ လုံးဝကို မဖြစ်သင့် မရှိသင့်တဲ့နေရာတစ်ခုလို့တောင် ပြောလို့ရပါတယ်။ ဒါပေမယ့် ကိုယ်က သန့်သန့်ရှင်းရှင်းလည်းထားရက်သားနဲ့

လိင်တံထိပ် မှာအနာလေးတွေ ပေါက်နေတယ်။ ဒါတွေ ဘာ့ကြောင့်ဖြစ်ရတာလဲ။ ဒီလိုဖြစ်နေပြီဆိုရင် ရတက်မအေး စိုးရိမ်သွားတတ်ကြတဲ့သူတွေ ချည်းပဲလေ။

လိင်တံထိပ်မှာအနာပေါက်တာ ဘယ်သူတွေမှာ ပိုအဖြစ်များလဲ ။
လိင်တံထိပ်မှာအနာပေါက်နိုင်တဲ့သူတွေကိုအဓိကအုပ်စုနှစ်စုခွဲလိုက်လို့ရပါတယ်။

လိင်ဆက်ဆံရာ မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါကြောင့်အနာပေါက်နိုင်တဲ့အုပ်စုနဲ့
ကူးစက်ရောဂါမဟုတ်တဲ့ ပြဿနာတွေ ကြောင့်အနာပေါက်နိုင်တဲ့အုပ်စုဆိုပြီး ခွဲလိုက်လို့ရပါတယ်။

လိင်ဆက်ဆံရာက တစ်ဆင့် ကူးစက်တတ်တဲ့ လိင်တံထိပ်အနာပေါက်ခြင်းဖြစ်နိုင်တဲ့သူတွေကတော့
လိင်ဆက်ဆံဖော် အရေအတွက်များတဲ့သူတွေ

အကာအကွယ် မပါဘ ဲလိင်ဆက်ဆံတဲ့သူတွေ
လိင်တံထိပ်အရေပြားကို သေချာ သန့်ရှင်းရေမလုပ်တဲ့သူတွေ လိင်တံထိပ်မှာအနာပေါက်နေတဲ့ သူတွေ

၊ ရေယုန် ပေါက်နေတဲ့သူတွေနဲ့ ကာမစပ်ယှက်မှုရှိတဲ့သူတွေ ကအနာပေါက်ခြင်းအဖြစ်နို်င်ဆုံး သူတွေပါ။

ကူးစက်ရောဂါမဟုတ်ဘဲ လိင်တံထိပ်အနာပေါက်ခြင်းကို ဖြစ်စေတဲ့အခြားအကြောင်းအရင်းတွေကတော့
Psoriasis လို့ခေါ်တဲ့အရေပြားပြဿနာ ခံစားနေရတဲ့သူတွေ၊ ဆေးတွေဖြစ်တဲ့အကိုက်အခဲပျောက်ဆေး ibuprofen

၊ သွေးတိုးကျဆေ း ACE inhibitors၊ နှလုံးရောဂါဆေး beta-blockers နဲ့ စတီးရွိုက်ဆေးတွေ စွဲသောက်နေတဲ့သူတွေ နဲ့

ပဋိဇီဝ ပိုးသတ်ဆေးအချို့စွဲသောက်နေတဲ့သူတွေကအခြားသူတွေထက် လိင်တံထိပ်အနာပေါက်ခြင်း ပိုဖြစ်နိုင်တဲ့သူတွေပါ။ တစ်ခုမှတ်ထားရမှာကအပေါ်မှာပြောခဲ့တဲ့အခြေအနေတွေနဲ့ ကိုက်တိုင်း ကိုယ့်မှာ ဒီလိုလိင်တံ ထိပ်အနာပေါက်ခြင်းဖြစ်မယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့်အခြားသူတွေထက်စာရင်တော့ ဖြစ်နိုင်ချေပိုများတာပေါ့။ နောက်ပြီး ဒီလိုအခြေအနေတွေ ကိုယ့်မှာမရှိပေမယ့်လည်းအနာပေါက်တတ်တဲ့သူတွေလည်းရှိပါတယ်။ ဒီတော့ ပုံသေချည်းမှတ်ထားလို့တော့ မရဘူးဆိုတော့ လိင်တံထိပ်အနာပေါက်ခြင်းကိ ုဖြစ်စေတဲ့အကြောင်းအရင်းတွေ ထပ်သိဖို့ လိုလာတာပေါ့။

လိင်တံထိပ်အနာပေါက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ။ ။
အခြားအကြောင်းအရာတွေထက်စာရင် လိင်ဆက်ဆံရာတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကြောင့် လိင်တံထိပ်အနာပေါက်ခြင်း ပိုဖြစ်ရတာပါ။ သူတို့တွေကတော့ Herpes simplex virus infection (HSV2) လို့ခေါ်တဲ့

လိင်အဂါၤရေယုန် ပေါက်ခြင်း Treponema pallidum ဘက်တီးရီးယားကြောင့်ဖြစ်တဲ့

ကာလသာ းရောဂါ
Haemophilus ducreyi ကြော့င်ဖြစ်တဲ့ Chancroid လိင်အဂါၤအနာ
Lymphogranuloma venereum လို့ခေါ်တဲ့အသားစေ့လေးတွေ လိင်အဂါၤမှာ ပေါက်နေတာ
Klebsiella granulomatis ကြောင်ဖြစ်တဲ့ Granuloma inguinale ပေါင်ခြံအကြိတ်ထွက်ခြင်း human papillomavirus

(HPV ) ကြောင့်ဖြစ်တဲ့ လိင်အဂါၤ ကြွက်နို့ တို့ဟာ လိင်တံထိပ်အနာဖြစ်ခြင်းကိုအဓိကဖြစ်စေတဲ့အကြောင်းအရင်းတွေပါ။

လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကြောင့် မဟုတ်ဘဲအနာပေါက်ခြင်းကို ဖြစ်စေနိုင်တဲ့အခြားဖြစ်နိုင်တဲ့အကြောင်းအရာတွေကတော့

လိင်ဆက်ဆံရင်း လိင်အဂါၤပတ်လည်ထိခိုက်ဒဏ်ရာ ရသွားတာမျိုးတွေ
Psoriasis လို့ခေါ်တဲ့အရေပြားပြဿနာခံစားနေရတဲ့သူတွေ
Behcet disease လို့ခေါ်တဲ့ ခုခံအား ဆိုင်ရာ ပြဿနာရှိတဲ့သူတွေ နဲ့
အပေါ်မှာပြောခဲ့တဲ့ဆေးတွေ တစ်ချိန်လုံးစွဲသောက်နေတာမျိုးတွေက လိင်တံထိပ်အနာပေါက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။ ဒီလို ဖြစ်စေတဲ့အကြောင်းအရင်းတွေ များစွာရှိတာကြောင့် ကိုယ့်ဆီမှာ လိင်တံထိပ်အနာပေါက်တဲ့ ပြဿနာမျိုးရှိခဲ့ရင် မပေါ့ဆဘဲ ဆေးမြီတိုတွေနဲ့ ကုသမယ့်အစား ဆေးခန်းသွားပြီး ဆေးကုသမှု သေချာခံယူသင့်ပါတယ် ။  ။

Hello Health Group   သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။      





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..