
ကမ္ဘာတစ်ဝှမ်းကအသီးရွက်တွေထဲမှာ ရေပန်းစားဆုံးကတော့ မုန်လာဥနီပါပဲ။ ဝိတ်ချလည်း မုန်လာဥနီမပါမဖြစ်လိုအပ်နေတာပါပဲ။ လိမ္မော်ရောင်လေးနဲ့ ချိုမြတဲ့အရသာလေးကိုအကြိုက်တွေ့ကြမှာပါ။ တစ်ချိန်တည်းမှာပဲ သူ့မှာ ကျန်းမာရေးအတွက်အထောက်ကူပြုနိုင်တဲ့အကျိုးကျေးဇူးတွေလည်းရှိပါတယ်။ နှာစေး ၊ချောင်းဆိုးနဲ့အအေးမိဝေဒနာတွေကိုလည်း သက်သာပျောက်ကင်းစေတယ်နော်။
သောက်ချင်စဖွယ် မုန်လာဥနီဖျော်ရည်ပြင်ဆင်ပေးပုံလေးကို ပြောပြပါမယ်။ ပျားရည်နဲ့လီမွန်ပါ ထည့်သောက်မယ်ဆိုရင်တော့အအေးမိ၊ ချောင်းဆိုး ၊ နှာပိတ်ခြင်းတို့ကို ထိရောက်စွာ ပျောက်ကင်းစေမှာအမှန်ပါပဲ။

– မုန်လာဥနီ ငါးလုံး – လီမွန်ရည်အနည်းငယ် – ပျားရည် လက်ဖက်ရည်ဇွန်း ၄ဇွန်း
မုန်လာဥနီကို သေးသေးလေးတွေလှီးပြီး ရေအနည်းငယ်နဲ့ပြုတ်လိုက်ပါ။ ဆူလာပြီဆိုတာနဲ့ ပြုတ်ရည်ကိုအအေးခံထားလိုက်ပါ။ ပြီးရင် ခက်ရင်းခွနဲ့ မုန်လာဥတွေကို ချေမွပစ်ပြီး လီမွန်ရည်လေးအနည်းငယ်ထည့်လိုက်ပါ။ ပြီးရင်တော့ ပျားရည် လေးဇွန်းထည့်ုလို့ရပါပြီ။အားလုံးကို ရောသမ မွှေပြီးရင်တော့ ဖန်ခွက်တစ်ခုထဲထည့်ပြီးအအေးခံထားလိုက်ပါ။ နေ့စဉ်ပုံမှန် ဒီဖျော်ရည်ကို သောက်သုံးပေးမယ်ဆိုရင် ရောဂါကင်းစင်ပြီးကျန်းမာကြံခိုင်လာမှာအမှန်ပါပဲ။ ပြင်ဆင်ပုံ

ရောဂါတွေကို တိုက်ထုတ်ရုံတင်မကသေး။အရိုးဆစ်များ ၊ ကြွက်သား တစ်ရှုုးတွေအတွက် ကောင်းစေပြီး စိတ်ဖိစီးမှုတွေ၊ ဒေါသဖြစ်စရာတွေကို လျော့ချပေးနိုင်ပါတယ်။ နေ့စဉ်သောက်သုံးပေးရင် တစ်နေ့လုံးနေလို့ထိုင်လို့ကောင်းပြီးအစာအိမ်နဲ့ ရင်ပူရင်ဆာဖြစ်ခြင်းတို့ကို ပျောက်ကင်းစေပါတယ်။
Sources: Healthguidegenius, naturalcarebox