ဝိတ်ပိုတက်စေမယ့် နည်းလမ်းအမှားများ
healthcare.com.mm
|
2019-09-29


ဝိတ်ကျစေဖို့ ကိုယ်အရင်တုန်းက သိထားနေတဲ့ နည်းလမ်းတွေထဲမှာ အမှားတွေ ပါနေနိုင်ပါတယ်။ နည်းလမ်းအမှားတွေ ဝိတ်ကျဖို့ ကြိုးစားနေမယ်ဆိုရင် ဝိတ်မကျတဲ့အပြင် ဝိတ်တောင် ပိုတက်နိုင်ပါသေးတယ်။ အဲ့ဒီမှားနေတဲ့ ဝိတ်ကျနည်းတွေကတော့ ၁။ ၈ နာရီနောက်ပိုင်း ဘာမှမစားရင် ဝိတ်ကျတယ်ဆိုတာမျိုး။ လူတွေက တစ်နေ့လုံး စားချင်တာစားပြီး ညဘက် ၈ နာရီကျော်တာနဲ့ ဘာမှမစားတော့ပဲ တိကနဲဖြတ်ပစ်လိုက်ရင် ဝိတ်ကျတော့မယ်လို့ ထင်နေကြတာ မှားပါတယ်။ တကယ်တော့ တစ်နေ့လုံး တတိတိစားနေတဲ့ အစားအစာ ကယ်လိုရီ ပမာဏတွေက သင့်ရဲ့ ကိုယ်အလေးချိန်ကို တက်စေတာပါ။ ဒါ့ကြောင့် နောက်ကျမှ စားတာမစားတာနဲ့ မဆိုင်ပါဘူး။ တစ်နေ့လုံး ကိုယ်ဘယ်လောက်တောင် စားထားသလဲဆိုတာနဲ့ပဲ ဆိုင်ပါတယ်။ ၂။ ပေါ့ပေါ့ပါးပါးစားနိုင်တဲ့ အစားအစာမျိုး၊ အသင့်စားသုံးနိုင်တဲ့ အစားအစာတွေက ပိုသင့်တော်တယ်ဆိုတာမျိုး။ ပေါ့ပေါ့ပါးပါး စားနိင်တဲ့ အားလူကြော်၊ ရေခဲမုန့် စတာတွေမှာ ကယ်လိုရီနည်းတယ်ဆိုပေမယ့် သကြားဓာတ်တွေ၊ ဆိုဒီယံတွေ ပါနေတယ်ဆိုတာတော့ ငြင်းလို့မရဘူးလေ။ ၃။ သတ်သတ်လွတ်စားရင် ဝိတ်ကျစေတယ်ဆိုတာမျိုး။ အသား၊ ငါးတွေမစားပဲ သတ်သတ်လွတ်စားရင် ဝိတ်ကျစေတယ် ဆိုတာမျိုးက ဟုတ်ပါတယ်။ ဒါပေမယ့် ကိုယ်က သတ်သတ်လွတ်ပဲဆိုပြီး အာလူးအချောင်းကြော်၊ ပါစတာ၊ ချောကလက်တွေ စားနေလို့ကတော့ ဘာမှမထူးတော့ဘူးသာ မှတ်လိုက်ပါ။ ၄။ လေ့ကျင့်ခန်းလုပ်နေရင် စားချင်သလောက်သာစား ဆိုတာမျိုး။ ကိုယ်လုပ်နေတဲ့ လေ့ကျင့်ခန်းက ကိုယ်ထင်သလောက် ကယ်လိုရီ လောင်ကျွမ်းဖို့ မလွယ်ကူဘူးဆိုတာ သိထားရမှာပါ။ ၅။ အစားအသောက် မစားခြင်းဟာ လူကို ပိန်စေတယ်ဆိုတာမျိုး။ နေ့လည်စာ မစားပဲနေတာ၊ ညစာလုံးဝမစားတာမျိုးကတွေက သင့်ရဲ့ အစာခြေဖျက်မှုစွမ်းအားကို လျော့ကျသွားစေတာပါ။ အစားအသောက် မစားပဲ နေတာဟာ ကျန်းမာရေးနဲ့တော့ မညီညွတ်တာ အမှန်ပါပဲ။ ၆။ ဆလတ်စားရင် ဝိတ်ကျစေတယ် ဆိုတာမျိုး။ ဆလတ်စားရင် ဝတ်ကျစေတယ်ဆိုပေမယ့် အဲ့ဒီမှာ ပါဝင်မယ့် အသား၊ ကြက်အူချောင်း စတာတွေနဲ့ ပြန်တွက်ရင်တော့ ဘာမှမထူးတော့ပါပဲ။ ၇။ ကိုယ်စားနေကျ အရာအားလုံးကို စွန့်လွှတ်ပြီး တစ်မျိုးတည်းပဲစားရတော့မယ် ဆိုတာမျိုး။ တစ်မျိုးတည်းကို အလွန်အကျူးစားတာထက်စာရင် အားလုံးကို နည်းနည်းချင်းစီ၊ တစ်ဖဲ့ချင်းစီလောက်စားပြီး အာသာပြေသွားအောင် လုပ်နိုင်ပါတယ်။ Credit : fit sugar(Trend Myanmar)သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။  





Some text some message..