ရာသီလာနေတဲ့ချိန် ဝိတ်တက်လာတယ်လို့ထင်ရတာ ဘာကြောင့်လဲ။
hellosayarwon.com
|
2019-10-12

ရာသီ လာခါနီး ဒါမှမဟုတ် ရာသီလာနေတဲ့ချိန် ကိုယ့်ဝတ်နေကျ ဘောင်းဘီ၊ထမီတွေကို စွပ်လို့မရတော့တာ၊ မှန်ထဲကြည့်တဲ့ချိန်မှာလည်း ဗိုက်ကြီးကပူနေတာ၊ မျက်နှာက လည်းဖောင်းအစ်နေတာ၊ ပေါင်ပြေးချိန်ကြည့်ပြန်တော့လည်း ဝိတ်ကတက်နေတယ်၊  ဒီလိုတွေ ဘာကြောင့်ဖြစ်ရတာလဲပေါ့နော်။  ကဲ အဖြေရှာကြည့်ရအောင်။

၁။ ရာသီလာတဲ့အချိန်မှာ ဟော်မုန်းအပြောင်းအလဲတွေအများကြီးဖြစ်ပါတယ်။
ရာသီစက်ဝန် းရဲ့ နှောင်းပိုင်း (ရာသီလာခါနီးအချိန်) တွေမှာ မ

ဟော်မုန် းတွေဖြစ်တဲ့ ပရိုဂျက်စတရုန်း နှင့်

အက်စထရိုဂျင် တို့ဟာ သွေးထဲမှာ အမြင့်ဆုံးအခြေအနေမှာရှိနေပါတယ်။ အဲဒီ ဟော်မုန်းတွေက ခန္ဓာကိုယ်အတွင်းက ရေတွေကို အပြင်ကိုမထွက်အောင် စုပ်ယူထိန်းသိမ်းပါတယ်။ ဒါကြောင့် ခါးတွေ ဗိုက်တွေ မျက်နှာတွေမှာ ပုံမှန်ထက်ရေပိုစုပြီးတော့ ဝိတ်ချိန်တဲ့အချိန်မှာလည်း

water weight လို့ခေါ်တဲ့ ရေအလေးချိန်တွေကြောင့် ဝိတ်တက်လာတယ်လို့ထင်ရပါတယ်။

ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။
(က) ရေများများသောက်ပါ။

ခန္ဓာကိုယ်မှာ ရေအလေးချိန်တွေများနေတဲ့အတွက် ရေကိုလျှော့သောက်ရမယ်လို့ထင်ကောင်းထင်နိုင်ပါတယ်။ အမှန်ကတော့ ရေပိုသောက်ပြီး ဆီးများများသွားအောင် လုပ်ရမှာပါ။ ဆီးသွားရင်းနဲ့မှ ခန္ဓာကိုယ်ထဲမှာ ထိန်းသိမ်းခံထားရတဲ့ ရေတွေအားလုံး ပါသွားမှာပါ။ ရေအပြင် တခြား အရည်ရွှမ်းတဲ့ အသီးတွေဖြစ်တဲ့  ဖရဲသီး၊ နာနတ်သီးတို့ကိုလည်း စားပေးနိုင်ပါတယ်။

(ခ) လေ့ကျင့်ခန်းလုပ်ပါ။

ရာသီလာနေရင် ဗိုက်အောင့်ဗိုက်နာတာတွေဖြစ်နေတဲ့အတွက် လေ့ကျင့်ခန်းတွေမလုပ်ရဘူးလို့အထင်မှားတတ်ကြပါတယ်။ အမှန်တော့ ရာသီလာနေတဲ့အချိန်လည်း လေ့ကျင့်ခန်းလုပ်လို့ရပါတယ်။ ပြင်းပြင်းထန်ထန်လုပ်တာမဟုတ်ဘဲ

Yoga တို့ ၊

နှလုံးလေ့ကျင့်ခန် းတို့ကို ခပ်ဖြေးဖြေးလုပ်တာဟာ ဗိုက်အောင့်တာကိုလည်း သက်သာစေသလို ချွေးထွက်သွားတာကြောင့်  မျက်နှာဖောနေတာတွေ ဗိုက်ဖောနေတာတွေကို သက်သာစေပါတယ်။

၂။ ရာသီလာတဲ့ချိန်ဆို အစားကို ပိုတောင့်တ တတ်ပါတယ်။

ရာသီလာတဲ့ချိန်ဆို ပုံမှန်ထက် အစာပိုစားချင်ကြတာ သတိထားမိမှာပါ။ ဗိုက်ဆာတာမျိုးမဟုတ်ဘဲ ရာသီလာတဲ့ချိန် ဗိုက်အောင့်တာရော ဟော်မုန်းအပြောင်းအလဲကြောင့်ရော စိတ်မကြည်မလင်ဖြစ်တဲ့အတွက် အချိုတွေ အငန်တွေ စသဖြင့် စားချင်တာတွေလည်းပိုစားတတ်ကြပါတယ်။  ရေဓာတ်ဆုံးရှုံးပြီး ပင်ပန်းတဲ့အတွက်ကြောင့်လည်း ကော်ဖီတွေ၊ ကဖင်းဓာတ်တွေ ဂက်စ်တွေပါတဲ့ အချိုရည်တွေကိုလည်း ပိုသောက်မိတတ်ကြပါတယ်။ အဲဒီ အချိုတွေ၊ အငန်တွေဟာ ခန္ဓာကိုယ်ထဲရေထိန်းသိမ်းတာကို ပိုဖြစ်စေပါတယ်။

ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။
ရာသီလာနေတဲ့ချိန် ၃-၄ ရက်လောက် အစာပိုစားမိတာနဲ့ တကယ့်ကိုယ်အလေးချိန်ကတော့ မတက်နိုင်ပေမဲ့  ဖောတာတွေပိုမဖြစ်အောင် အသီးအနှံ၊ သကြားမပါတဲ့ အချိုရည်၊

လက်ဖက်ရည်စိမ် း၊

ဂရိဒိန်ချဉ် ၊ အစေ့အဆံအမျိုးမျိုးကို အဆာပြေအဖြစ်စားသင့်ပါတယ်။


၃။ ရာသီလာနေတဲ့ချိန်မှာ ဝမ်းလည်းချုပ်တတ်ပါတယ်။
မ ဟော်မုန်းဖြစ်တဲ့ ပရိုဂျက်စတရုန်းဟာ အစာအိမ်နဲ့ အူလမ်းကြောင်းရဲ့ လှုပ်ရှားမှုကို နှေးကွေးစေပါတယ်။ အဲဒီလိုနှေးသွားတာက ဝမ်းချုပ်ခြင်းကိုပါ ဖြစ်စေပါတယ်။


ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။
ဒိန်ချဉ်သောက်ပါ။


ဒိန်ချဉ် ထဲမှာပါတဲ့ ဓာတ်တစ်မျိုးဟာ ဝမ်းပျော့စေပါတယ်။ တချို့သူတွေကတော့ ဝမ်းချုပ်တာမဟုတ်ဘဲ ဝမ်းသွားတာဖြစ်တတ်ပါတယ်။ ဒိန်ချဉ်ဟာ ဝမ်းသွားနေတဲ့သူအတွက်လည်း ဝမ်းကိုပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။ ဟော်မုန်းတွေကြောင့် ခန္ဓာကိုယ်တွင်း ရေထိန်းသိမ်းတဲ့ဖြစ်စဉ်က သဘာဝဖြစ်တာကြောင့် တကယ်ဝိတ်တတ်လာတာမဟုတ်ဘဲ ရာသီလာပြီး ၂-၃ ရက်နေရင် အလိုလို ဆီးအဖြစ်ရေတွေကပြန်ပါသွားပြီး ရေအလေးချိန်တွေကလည်း ပြန်ကျသွားပါတယ်။ ရာသီလာရင် ဝိတ်တက်လို့ စိတ်ညစ်နေတဲ့ပျိုမေလေးတွေအနေနဲ့ လတစ်လရဲ့ ဒီလိုအချိန်တွေရောက်လာရင် အရမ်းကျပ်တဲ့ ဂျင်းဘောင်းဘီတွေ၊ ထမီတွေကို မဝတ်ဘဲ ဗီဒိုအနောက်မှာ သိမ်းထားတဲ့ ပွပွချောင်ချောင် ဂါဝန်လေးတွေ ထုတ်ဝတ်ရင်း ရာသီနေ့ရက်တွေကို အလှပဆုံး အသက်သာဆုံး ရင်ဆိုင်ဖြတ်ကျော်ကြပါလို့ အကြံပြုလိုက်ပါတယ်နော်။


 




Some text some message..