ကလေးမရအောင် အိမ်သူမယ် ဆေးသောက်ဖို့ ကြံရွယ်။ လက်ညှိုးဆိုလား မာဗလွန်လား တစ်ခုခုဝယ်ထား။ စာရင်းမရှုပ်ဖို့ ကြိုတင်ကာ တနေ့တစ်လုံး ပါကွာ။ မမေ့အောင် သတိပြု အချိန်မှန်ဖို့ တစ်ခု။ မေ့သွားရင်တော့ ပြဿနာ ကလေးရနိုင်တာ။ မရအောင် အကြံပေး missed pillသောက်နည်းလေး။ တစ်လုံးထဲဆို အေးဆေးပါ သတိရချင်း ပြန်သောက်ပါ။ နောက်ပိုင်းကို ဆက်သောက်သွား ပုံမှန် အချိန်မှန်ထား။ နှစ်လုံးအထက်လောက် မေ့ပြီဆို ၇ရက်အတွင်း အကာအကွယ်လို။ ၇ရက်အတွင်းမှာ မီးနီပြ ဟိုးထား ချစ်လင်ရ။ ဘယ်အတန်းမေ့လည်း ပြန်စစ်ပါ အရေးကြီးပေတာ။ ပထမတန်းဆို ပြန်လို့တွေး အတူနေမိရင် EC pill။ ဒုတိယတန်းလေး မေ့ပြီဆို ၇ရက်ရှောင်ရင် ရပြီအကို။ တတိယတန်းဆို ကုန်အောင်သောက် ၄တန်းမြောက်ကို လွှတ်ပစ်ဖျောက်။ ပြီးရင်လေ မကြာလောက် ကဒ်အသစ်လေး စကာသောက်။ မရှင်းရင် ပြန်ကာသွား ဆရာဝန်နဲ့ တိုင်ပင်ထား ဒွိဟတွေ မများ။Credit : Pzw_COCpill သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။