ဝိတ်ကျဖို့အတွက် ရေဘယ်လောက်သောက်ရမလဲ?
trend.com.mm
|
2019-10-16

ဝိတ်ကျချင် ရေများများသောက်လို့ တစ်ချို့တွေကပြောလေ့ရှိကြတယ်။ဒါပေမဲ့ အဲ့ဒီများများဆိုတာက ဘယ်လောက်လဲ၊ဝိတ်ကျဖို့အတွက် တစ်နေ့ကို ရေဘယ်နှစ်ခွက်၊ရေဘယ်နှစ်ဘူးသောက်ဖို့လိုလဲ သေချာမသိကြပါဘူး။ဒါကြောင့် ကျန်းမာရေးဗဟုသုတအနေနဲ့ရော၊အလှအပအတွက်ပါ ပြန်လည်မျှဝေပြောပြပေးလိုက်ပါတယ်။




လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတော်တော်များများအတွက် ရေဓာတ်အများကြီးလိုအပ်ပါတယ်။ရေများများသောက်တဲ့အခါ ဝိတ်လည်းကျစေသလိုခန္ဓာကိုယ်အတွင်းကလည်း သန့်စင်သွားပါတယ်။ဒါကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကလည်း အလုပ်ကောင်းကောင်းလုပ်နိုင်လာပါတယ်။




လေ့လာချက်တွေအရ ဝိတ်ကျဖို့ အတွက် ရေဘယ်လောက်သောက်သင့်လဲ၊ရေဘယ်လောက်သောက်ဖို့လိုအပ်လဲဆိုရင် ကိုယ့်ရဲ့အရပ်ရယ်၊အလေးချိန်ရယ်၊နေ့စဉ်လှုပ်ရှားမှုတွေရယ်ပေါ်မူတည်ပြီး သောက်သင့်တယ်လို့ပြောထားပါတယ်။ကိုယ့်ကိုယ်အလေးချိန်ရဲ့တစ်ပေါင်စီအတွက် ရေအောင်စဝက် ဒါမှမဟုတ် တစ်အောင်စ ကြား သောက်ပေးသင့်တယ်လို့ဆိုထားပါတယ်။ဥပမာ-ပေါင် ၁၅၀ဆိုရင် တစ်နေ့ကို ရေ ၇၅ အောင်စကနေ ၁၅၀ အောင်စအတွင်း ၊ပေါင် ၂၀၀ ဆိုရင် ရေက တစ်နေ့ကို ၁၀၀ အောင်စကနေ ၂၀၀ အောင်စအတွင်း (၃လီတာကနေ ၅ လီတာအတွင်း)သောက်ဖို့လိုတယ်လို့ဆိုထားပါတယ်။တစ်နေကုန်လှုပ်ရှားမှုတွေရယ်ပါ ထည့်တွက်မယ်ဆိုရင် ဝိတ်မြန်မြန်ကျဆင်းစေနိုင်ပါတယ်။




ယေဘူယျအားဖြင့်ဆိုရင်တော့ ဒါက တစ်နေကုန် ရသောက်ပေးပါလို့ဆိုလိုလိုက်တာပါပဲ။ကိုယ့်ရဲ့လက်တစ်ကမ်းအလိုမှာ ရေဘူးတစ်ဘူးအမြဲထားထားပြီး သတိရတိုင်းသောက်ပေးပါ။ဒီလိုမျိုး သတိတရနဲ့ ရေများများသောက်ပေးလာတဲ့အခါ တစ်ရက်ကနေ စလို့ တစ်ပတ်အတွင်း ခန္ဓာကိုယ်ပြောင်းလဲမှုတွေကိုစတင်မြင်တွေ့လာရပါလိမ့်မယ်။အဓိကကတော့ ရေသောက်မပျင်းဖို့ပါပဲ။ဖုန်းမှာ တစ်နာရီခြားတစ်ခါ၊နှစ်နာရီခြားတစ်ခါလောက် အလန်းမ်ပေးထားပြီးရေသောက်ပေးသင့်ပါတယ်။





Some text some message..