မျက်ရစ်ပြင်တာမလုပ်ခင် ဘာတွေသိရမလဲ
healthcare.com.mm
|
2019-10-17


• မခွဲခင် ၆ပတ်အလိုကတည်းက ဆေးလိပ်ကြိုရှောင်ရတယ်။ ဒီအတိုင်း ခွဲပြီး ၁လ ထိရှောင်ပေးသင့်တယ်။ • မခွဲခင် ၂ပတ်ကစပြီး သွေးယိုစေတဲ့ ဆေးအချို့ဖြတ်ရတယ်။ ခွဲပြီး ၂ရက်ထိ ဖြတ်ပေး သင့်တယ်။ ginsengအားဆေးနဲ့garlic က သွေးယိုစေနိုင်လို့ ကြိုဖြတ်သင့်တယ်။ Aspirin နဲ့ clopidogrel ကြိုဖြတ်ပါ။နှလုံး၊သွေးကြောရောဂါ၊သွေးယိုရောဂါအခံရှိရင် သတိထား ရမယ်။ • မခွဲခင်နှစ်ရက်အလိုကစပြီး Arnica C12 pilletကို တခါသောက်၅လုံး တနေ့သုံးကြိမ် လျှာအောက် ငုံခိုင်းမယ်။ ခွဲပြီးတဲ့နောက် ၅ရက်ဆက် ပေးထားတယ်။ • မခွဲခင် ၆နာရီအတွင်း ရေ၊အစားအစာ အလွန်အကျွံမစားရဘူး။ကော်ဖီလက်ဖက်ရည် အရက်ရှောင်ထားရမယ်။ဆေးလိပ်လုံးဝမသောက်ရဘူး။ အသုံးအဆောင်၊ လက်ဝတ် လက်စား အကုန်ချွတ်ပါ။ •lower eyelid ပြုပြင်နည်း transconjunctival blepharoplasty subciliary blepharoplasty သတိပြုစရာခွဲစိတ်နာက ပြည်ထွက်နိုင်တယ်။၂ပတ်အတွင်း လေ့ကျင့်ခန်း အပြင်းစား မလုပ်ရဘူး။ ၁၀ပေါင်အထက် အလေးမမရဘူး။ (အဖျားကြီး(၁၀၁အထက်)၊ ပိုနာလာ တာ၊အမြင်ချို့တဲ့၊ဝေဝါးတာရှိရင်ဆရာဝန် ပြန်ပြပါ။) ခွဲစိတ်ပြီးစဘာလုပ်မလဲခွဲပြီးစမှာ အဖတ်ထက် အရည်ကိုသာသောက်သင့်တယ်။ မျက်ခွံကို ရေခဲဝတ် တင်ပေးပါ။ခေါင်းအုံးကိုး၃၀ဒီဂရီ မြှင့်အိပ်ပါ။၂ရက်လောက်ကတော့ ဘေးကို မစောင်းပဲ တည့်တည့်အိပ်ရမယ်။ မျက်နှာသစ်ရင် towerနဲ့ ဖွဖွသုပ်ပေးပါ။ စွပ်ပြုတ်သစ်သီးဖျော်ရည် သောက်ပါ။ မျက်စဉ်းပေးခြင်း ခွဲပြီးရင် မျက်ခွံရောင်တာ၊မျက်လုံးရဲတာ၊မျက်ရည်ယို၊ခြောက်သွေ့ဖြစ်နိုင်တယ်။ မျက်ရည်ခြောက်ရင် မျက်ရည်အစားထိုးcool eye dropသုံးပါ။ခွဲစိတ်အနာအတွက် polysporin ophthalmic သုံးတယ်။ ခွဲပြီး ၁လနေမှ မျက်ကပ်မှန်စတပ်ပါ။ မျက်ခွံရောင်ရင် ဘာမှမတပ်သင့်သေးဘူး။ အရောင်ကျပြီးပုံမှန်ဖြစ်မှ မျက်ကပ်မှန်တပ်ပါ။ ဘယ်ရက်တွေပြန်ပြမလဲခွဲပြီး ၅ရက်နေရင် ပြန်ပြပါ။နောက် ၃ပတ်တခါ၊၃လတခါနဲ့ ၁နှစ်ကြာရင် ပြန်ပြ ရမယ်။ Credit : ဒေါက်တာ အေးမင်းထူး သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။  





Some text some message..