
အကျဉ်းရှင်းလင်းချက်ဂနိုရောဂါသည်အတူတူနေရာမှ ကူးစက်သောရောဂါဖြစ်၍အမျိုးသမီးနှင့်အမျိုးသား နှစ်ဦးလုံးတွင် ဖြစ်နိုင်သည်။ ဂနိုဖြစ်လျှင် ဆီးလမ်းကြောင်း၊ စအို (သို့) လည်ချောင်း တို့ထိခိုက်တတ်သည်။အမျိုးသမီးများတွင်မူ မိန်းမကိုယ်ပါ ထိခိုက်တတ်သည်။ဂနိုရောဂါသည်အဓိကအားဖြင့်အတူတူနေရာမှ ကူးစက်ခြင်းဖြစ်သည်။ သို့ရာတွင် ကလေးမွေးဖွားစဉ် ဂနိုရောဂါရှိသော မိခင်မှတဆင့် ကလေးကို ကူးစက်နိုင်သည်။ ဂနိုရောဂါသည် ကလေးများတွင်မူ မျက်လုံးကို ထိခိုက်လေ့ရှိသည်။ဂနိုရောဂါသည်အဖြစ်များသော ရောဂါဖြစ်၍အများအားဖြင့် လက္ခဏာမပြပဲ ရှိနေတတ်သည်။ ထို့ကြောင့် လူနာများသည် မိမိတွင်ကူးစက်ခံနေရသည်ကို မသိပဲအတူတူနေရာမှအခြားသူများကိုအဆင့်ဆင့်ကူးစက်လေ့ရှိသည်။ ထို့ကြောင့် ဂနိုဖြစ်ခြင်းမှကာကွယ်လိုလျှင်အတူတူနေချိန် ကွန်ဒုံးသုံးခြင်း (သို့) တစ်လင်တစ်မယား စနစ်ကျင့်သုံးခြင်း တို့ပြုလုပ်သင့်သည်။ လက္ခဏာများမျိုးပွားအဂါင်္တွင်ဖြစ်သော ဂနိုရောဂါအမျိုးသားများတွင် တွေ့ရှိရသော လက္ခဏာများမှာ ဆီးပေါက်လျှင်နာခြင်း လိင်တံထိပ်မှ ပြည်ထွက်ခြင်း ဝှေးစေ့ နာခြင်း (သို့) ရောင်ခြင်း အမျိုးသမီးများတွင် တွေ့ရှိရသော လက္ခဏာများမှာအဖြူဆင်းခြင်း ဆီးပေါက်လျှင်နာခြင်းအတူတူနေလျှင်နာခြင်းအတူတူနေပြီးလျှင် သွေးဆင်းခြင်း၊ ရာသီတစ်ခုနှင့်တစ်ခုကြားတွင် သွေးဆင်းခြင်း ဆီးစပ်ကိုက်ခြင်း (သို့) ဗိုက်နာခြင်း တို့ဖြစ်တတ်သည်။အခြားနေရာတွင် ဖြစ်နိုင်သောဂနိုရောဂါဂနိုရောဂါသည်အောက်ပါနေရာများတွင်လည်း ဖြစ်နိုင်သည်။အစာဟောင်းအိမ်တွင် တွေ့ရှိရသော လက္ခဏာများမှာ စအိုဝယားယံခြင်း၊ စအိုလမ်းကြောင်းမှ ပြည်ထွက်လာခြင်း၊ သွေးထွက်လာခြင်း၊ ဝမ်းသွားလျှင် ပုံမှန်ထက်ပို၍ ညှစ်ရခြင်း တို့ဖြစ်သည်။ မျက်လုံးတွင်ဖြစ်သော ဂနိုရောဂါတွင်မူ မျက်လုံးအောင့်ခြင်း၊အလင်းမခံနိုင်ခြင်း၊ မျက်လုံးတစ်ဖက် (သို့) နှစ်ဖက်လုံးမှ ပြည်ထွက်ခြင်း တို့ဖြစ်နိုင်သည်။ လည်ချောင်း - လည်ချောင်းတွင်ဖြစ်သော ဂနိုရောဂါတွင်မူ လည်ချောင်းနာခြင်း၊ လည်ပင်းအကြိတ်ကြီးခြင်း တို့ဖြစ်တတ်သည်။ ခြေဆစ်၊လက်ဆစ် (သို့)အရိုးအဆစ် များတွင်ဖြစ်သော ဂနိုများတွင်မူအဆစ်ရောင်ခြင်း၊ ပူခြင်း၊နာခြင်း တို့ဖြစ်၍ လှုပ်ရှားလျှင်ပို၍နာသည်။ ဖြစ်ရသည့်အကြောင်းအရင်းဂနိုရောဂါသည် Neisseria gonorrhoeae ဟုခေါ်သော ဗက်တီးရီးယားပိုးကြောင့်ဖြစ်၍ လူတစ်ဦးမှတစ်ဦးသို့ လိင်ဆက်ဆံရာမှကူးစက်ခြင်းဖြစ်သည်။ လိင်ဆက်ဆံရာတွင် Oral, Anal နှင့် Vaginal မည်သည့်နည်းဖြင့် ဆက်ဆံပါစေ ဂနိုရောဂါသည် ကူးစက်နိုင်ပါသည်။ ဖြစ်နိုင်ချေများသူများဂနိုရောဂါဖြစ်နိုင်ချေများစေနိုင်သည့်အချက်များမှာ လူငယ်များ လိင်ဆက်ဆံဖော်အသစ်နှင့်အတူနေသူ မိမိနှင့်ဆက်ဆံသူသည်အခြားလူများနှင့်လည်း ဆက်ဆံသူ လိင်ဆက်ဆံသည့်အဖော်အများကြီးရှိသူ ဂနိုရောဂါဖြစ်ဖူးသူအခြားလိင်မှကူးစက်သည့်ရောဂါ များခံစားနေရသူ တို့တွင်ဖြစ်နိုင်ချေများပါသည်။ နောက်ဆက်တွဲ ပြဿနာများဂနိုရောဂါကူးစက်ခံရပြီး မကုသပါကအောက်ပါနောက်ဆက်တွဲ ပြဿနာများ ဖြစ်နိုင်ပါသည်။ ကူးစက်ခံရသည့်အမျိုးသား၊အမျိုးသမီးများ မျိုးမအောင်တော့ခြင်း ရောဂါပိုးသည် ခြေလက်အဆစ်များ (သို့)အခြားကိုယ်အဂါင်္အစိတ်အပိုင်းများသို့ ကူးစက်ခြင်း HIV/ AIDSပိုး ပိုမိုကူးစက်နိုင်ခြင်း ရောဂါရှိသော မိခင်မှ ကလေးကိုမွေးဖွားသောအခါ မွေးကင်းစကလေးများတွင်ဖြစ်နိုင်သော နောက်ဆက်တွဲ ပြဿနာများမှာအမြင်အာရုံချို့ယွင်းသွားခြင်း၊ ငယ်ထိပ်တွင်အနာပေါက်ခြင်း၊ ဖျားနာခြင်း စသည်တို့ဖြစ်နိုင်ပါသည်။ စစ်ဆေးမှုများကိုယ်ခန္ဓာတွင် ဂနိုပိုးရှိမရှိကိုအောက်ပါစစ်ဆေးမှုများ ပြုလုပ်နိုင်သည်။ ဆီးစစ်ခြင်း ကူးစက်ခံရသည့်နေရာ (သို့)အနာကို ဂွမ်းနှင့်တို့၍ ပိုးရှိမရှိကို ဓာတ်ခွဲခန်းတွင် စစ်ဆေးခြင်းဖြင့် ရောဂါရှိမရှိကို သိနိုင်သည်။ ထို့အပြင် ဆရာဝန်ကအခြားလိင်ဖြင့်ကူးစက်သည့် ရောဂါရှိမရှိကိုပါ စမ်းစစ်နိုင်သည်။. ကုသခြင်းဂနိုရောဂါကို ကုသရာတွင် ပိုးသတ်ဆေးများကိုအသုံးပြုရသည်။ ဂနိုကို ကုသလျှင် ကူးစက်ခံရသူ တစ်ဦးတည်း ကုသ၍ မရပါ။ မိမိနှင့်အတူနေခဲ့သည့်အဖော်ပါ ဆေးကုသမှုခံယူရန်လိုအပ်ပါသည်။ သို့မှသာ ထပ်မံမကူးစက်နိုင်မှာပါ။ မွေးကင်းစ ကလေးများ ကူးစက်ခံရလျှင်လည်း ပိုးသတ်ဆေးများ သာအသုံးပြုရပါသည်။Ref: Mayo Clinic Translated by Dr. Archer (7887 Healthcare Call Center)သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။