တင်ပါးကြီးတဲ့မိခင်လောင်းတွေ ဉာဏ်ရည်ကောင်းတဲ့ကလေးတွေကို မွေးဖွားနိုင်ချေပိုများ
shweinnlay.com
|
2019-10-23



တင်ပါးကြီးတဲ့ အမျိုးသမီးတွေဟာ ဉာဏ်ရည်ဖွံ့ဖြိုးတဲ့ကလေးတွေ မီးဖွားနိုင်ချေပိုရှိကြောင်း ဆေးသု တေသနအဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။ တင်ပါးကြီးတဲ့အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန် မှာဆိုရင် မိခင်ရဲ့ခန္ဓာကိုယ်တည်ဆောက်မှုပုံစံက ကလေးရဲ့ ဦးနှောက်ကိုပိုမိုဖွံ့ဖြိုးစေပြီးတော့ ဦး နှောက်အာရုံကြောဆိုင်ရာစနစ်ကိုလည်း ပိုမိုသန်မာစေတယ်လို့ ဆိုပါတယ်။

တင်ပါးနဲ့နောက်ပိုင်းကြီးသူတွေ အများစုဟာဆိုရင် သာမန်သူတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ ကိုလက်စ ထရောမြင့်မားမှု နည်းပါးပြီးတော့ နှလုံးရောဂါနဲ့ ဆီးချိုရောဂါဖြစ်နိုင်ချေတို့ နည်းပါးသူတွေဖြစ်ကြောင်း လေ့လာတွေ့ရှိချက်မှာ ရလာဒ်ထွက်ပေါ်ခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် ယခုလေ့လာစမ်းသပ်မှု အသစ်မှာ ဆိုရင်လည်း အဆိုပါ နောက်ပိုင်းကြီးသူတွေက ဉာဏ်ရည်မြင့်မားတဲ့ ကလေးငယ်တွေ ပိုမိုပိုင်ဆိုင်နိုင် ချေရှိတာကို တွေ့ရပြန်ပါတယ်။

နောက်ပိုင်းတင်းပါး အစိတ်အပိုင်းနေရာတွေမှာ အဆီတွေစုနေကာ ကြီးမားတဲ့တင်ပါးအရွယ်အစား ရှိတဲ့ မိခင်လောင်းတွေမှာဆိုရင် အဆိုပါ တင်ပါးတွေမှာ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အဆီ၊ အိုမီဂါသရီးနဲ့ ကလေးသူငယ်ကျန်းမာရေးအတွက် လိုအပ်တဲ့ ဓာတ်သဘာဝတွေရှိလို့ သန္ဓေလောင်း အတွက် ထောက်ကူပြုပေးတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အောက်စ်ဖို့ဒ်တက္ကသိုလ်ကနေ ထုတ်ပြန်ထားတဲ့ ကျန်းမာရေးစာတမ်းမှာဆိုရင် တင်ပါးကြီး မားတဲ့ မိခင်လောင်းတွေက သူတို့ရဲ့ ကောင်းမွန်တဲ့အဆီ၊ ဖက်တီးအက်စစ် တို့ပိုင်ဆိုင်ထားခြင်း တို့ကြောင့် ကျန်းကျန်းမာမာနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးတဲ့ ကလေးငယ်တွေ မွေးဖွား လာနိုင်ချေရှိတယ်လို့ ပြောကြားထားပါတယ်။

မေ(ရွှေအင်းလေး)




Some text some message..