အိမ်သာသွားပြီးနောက်ပိုင်း
ဝမ်းအရောင်
က ပုံမှန်အရောင်ဖြစ်မနေဘဲ
အစိမ်းရောင်ြ
ဖစ်နေရင် လူတိုင်းလန့်သွားကြမှာပါ။့ ပုံမှန်ဆို ဝါညိုရောင်လေးရှိနေရမယ့် ဝမ်းက အစိမ်းရောင်ဖြစ်နေတာ ဘာ့ကြောင့်လဲ။ စိုးရိမ်ရလား ။
ဝမ်းအစိမ်ရောင်ဖြစ်စေတဲ့အကြောင်းအရင်းများ ။ ။
( ၁ )
အစိမ်းရောင်
အသီးအရွက်တွေ အစားများသွားတာကြောင့် ဖြစ်နိုင်ပါတယ်။ အသီးအရွက်တွေမှာပါတဲ့အစိမ်းရောင်ခြယ် chlorophyll ဟာ ဝမ်းကိုစိမ်းစေတဲ့ အာနိသင်ရှိပါတယ်။ ဒါပေမယ့် နည်းနည်းလေးစားရင် ဘာမှမဖြစ်ပေမယ့် အများကြီး စားမိတဲ့ အခါမျိုးမှသာ ခုလို ဝမ်းအစိမ်းရောင်ပြောင်းသွားမှာ ဖြစ်ပါတယ်။
( ၂ ) အပြာရောင်နဲ့ ခရမ်းရောင်ရှိတဲ အစားအစာတွေ
အစိမ်းရောင်ရှိတဲ့အစားအစာတွေကပဲ ဝမ်းအစိမ်းသွားစေနိုင်တာ မဟုတ်ပါဘူး။ အပြာရောင်တို့ ခရမ်းရောငစတဲ့အရောင်တွေက ဗိုက်ထဲ ရောက်သွားတဲ့အခါကျရင်
အစာခြေအက်ဆ
စ်နဲ့
သည်းခြေရည်
တို့နဲ့ ရောသွားပြီး အစိမ်းရောင်ပြောင်းသွားတတ်ပါတယ်။
( ၃ ) ကော်ဖီ၊ ပူစပ်တဲ့အစားအစာ၊ အရက်။
ပုံမှန်ဆိုရင် ဝမ်းစစဖြစ်ချင်းအရောင်က အစိမ်းရောင်ပါ။ နောက်ပိုင်းမှ သည်းခြေရည်တွေကနေ ဝမ်းကို အဝါညိုရောင်ပြောင်းပေးလိုက်တာဖြစ်ပါတယ်။
ပူစပ်
တဲ့အစားစာတွေ၊ ကော်ဖီသောက်များပြီး ထွက်လာတဲ့
ကဖင်းဓါတ်
တွေနဲ့ အရက်သေစာတို့ဟာ
အူလမ်းကြောင်
းလှုပ်ရှားမှုကို မြန်စေတာကြောင့် ဝမ်းအဝါညိုရောင် ပြောင်းချိန်တောင် မရလိုက်တော့တာကြောင့် အစိမ်းရောင်ဝမ်းတွေ သွားနိုင်ပါတယ်။ ( ၄ )သောက်နေတဲ့ဆေးတွေ။ ကိုယ်သောက်နေတဲ့ ဆေးတွေကလည်း ဝမ်းအစိမ်းရောင်ဖြစ်အောင် ပြောင်းနိုင်တဲ့အရာတွေထဲမှာပါပါတယ်။
အမျှင်ဓါတ်
ဖြည့်စွက်အားဆေးတွေ၊
ဝမ်းနှုတ်ဆေးတွေ
အစိမ်းရောင်ရေညှိအားဆေးတွေ Metformin
ဆီးချိုဆေး
နဲ့
Ciprofloxacin ပိုးသတ်ဆေးတွေဟာ ဝမ်းအစိမ်းရောင် ပြောင်းသွားစေနိုင်တဲ့ ဆေးတွေပါ။
( ၅ ) ကိုယ်ဝန်သည်တွေ
ကိုယ်ဝန်အစောပိုင်
း လက္ခဏာတွေထဲမှာ ဝမ်းအစိမ်းသွားတာက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါဟာပြောင်းလဲသွားတဲ့ ဟော်မုန်းတွေကြောင့် ဖြစ်နိုင်သလို သောက်နေတဲ့ကိုယ်ဝန်ဆောင့် ဖြည့်စွက်အားဆေးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ရင့်လာတဲ့အချိန်မှာ အစားတွေ အူကို မြန်မြန်ဖြတ်သွားတာကြောင့် မွေးခါနီးကာလတွေမှာလည်း ဝမ်းအစိမ်းသွားတာမျိုး ကြုံတွေ့ရတတ်ပါတယ်။
( ၆ ) မွေးကင်းစကလေးတွေမှာလည်း ဝမ်းအစိမ်းရောင်သွားနိုင်ပါတယ်။
မွေးကင်းစကလေးတွေမှာ
Meconium
လို့ခေါ်တဲ့ ဝမ်းအစိမ်းရောင်တွေ သွားလေ့ရှိတတ်ပြီး ၃ ရက်ဆို ဝမ်းအရောင် ပုံမှန်ပြန်ဖြစ်သွားမှာပါ။
( ၇ )ဝမ်း အစိမ်းရောင်ဖြစ်စေနိုင်တဲ့အခြား အကြောင်းအရာတွေကတော့
အစာအဆိပ်သင့်
တာ
Salmonella, E.coli,နဲ့ Giardia ဘက်တီးရီးယားပိုးတွေနဲ့ အခြား ဗိုင်းရပ်စ်ပိုးတွေ အူထဲဝင်ရောက်လာတဲ့အခါ ပဋီဇီဝ
ပိုးသတ်ဆေ
းတွေ အသောက်များပြီး အကျိုးပြု ဘက်တီးရီးယားတွေပါ သေကုန်လို့ ဝမ်းလျှောတဲ့အခါ အစိမ်းရောင်တွေဖြစ်နိုင်သလို
Celiac disease, ulcerative colitis, Crohn's disease နဲ့ Irritable bowel syndrome တို့လို အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေရှိတဲ့အခါ နဲ့
နို့သကြားဓါတ်
မစုပ်ယူနိုင်တဲ့ ပြဿနာဖြစ်နေတဲ့ကလေးတွေ
ဝမ်းနှုတ်ဆေး အသောက်များတဲ့သူတွေဟာ ဝမ်းအစိမ်းသွားခြင်းကိုဖြစ်စေတဲ့ အကြောင်းတွေဖြစ်ပါတယ်။
ဘယ်အချိန် ဆရာဝန်သွားပြဖို့လိုမလဲ။
ဝမ်းအစိမ်းသွားတာ တစ်ပါတ်ထက်ကျော်နေပြီ ကောင်းလိုက် ပြန်စိမ်းလိုက်လည်း ဖြစ်နေတယ်၊ ဗိုက်အောင့် ဖျားနာတာတွေလည်း ရှိတယ် ၊ ဝမ်းလည်းလျှောနေမယ်၊ အကျိအချွဲတွေလည်း ပါနေတယ်ဆိုရင်တော့ ဆရာဝန်ဆီသွားပြီး ဖြစ်နေတဲ့ပြဿနာကို အဖြေရှာ ဆေးကုသမှု ခံယူဖို့လိုပါလိမ့်မယ် ။
Hello Health Group
သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။