အမဲသားဟာ သင့်ရဲ့ကျန်းမာရေးအတွက် ဘာကြောင့်လိုအပ်တာလဲ
trend.com.mm
|
2019-11-04

အမဲသားကြိုက်တဲ့သူလေးတွေ ရှိလား။ တစ်ချို့ကအမဲသားဆို မစားချင်ကြပါဘူး။ ဘာသာရေး
အယူဆကြောင့်ဖြစ်နိုင်သလို မိဘတွေက မစားလို့ ကြီးတဲ့အထိ မစားဖြစ်တာတွေလည်း ရှိပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် အမဲသားဟာလည်း ကျန်းမာရေးအရကြည့်မယ်ဆို တစ်ထောင့်တစ်နေရာကနေ အကျိုးပြုနေပါတယ်။ အမဲသားမှာ အာဟာရတွေနဲ့ပြည့်ဝနေတာကြောင့် diet သမားတွေအတွက်လည်း အကောင်းဆုံးအစားစာဖြစ်ပါတယ်။ ဘာကြောင့် အမဲသားကို ကျန်းမာရေးအရ စားပေးသင့်လဲဆိုတော့ ..



ကြွက်သားတည်ဆောက်ပေးပြီး တစ်ရှူးတွေပြန်ပြင်ပေးနိုင်
ဂျင်ကစားရင်း အမဲသားကိုလည်း ပုံမှန်စားပေးမယ်ဆိုရင် ကြွက်သားတွေ ပိုမိုတောင့်တင်းလာပြီး သူ့မှပါဝင်တဲ့ Amino acids က ခန္ဓာကိုယ်အတွင်း တစ်ရှူးတွေကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။


အနီရောင်ဆဲလ်ကြောင့် သန်မာကြံခိုင်စေ
အနီရောင်အသားမှာ အိုင်ရင်းဓာတ်ပါတာကြောင့် ခန္ဓာကိုယ်အရင်းအမြစ်အတွက် ကောင်းမွန်စေပြီး အောက်စီဂျင်အတွက် အထောက်ပံ့ကောင်းဖြစ်စေပါတယ်။



အသည်းနဲ့ အရိုးကို ကျန်းမာစေ
အိုင်းရင်းဓာတ်ဟာ ခန္ဓာကိုယ်အတွက် အထောက်ပံ့ပေးရုံမက Anaemia ကိုလည်း တိုက်ထုတ်ပေးပါတယ်။ ကျန်းမာစေတဲ့ အနီရောင်ဆဲလ်တွေပျံ့ပွားစေပြီး သန်မာကြံခိုင်ကာ ကိုယ်ခံအားစနစ်ကိုကောင်းစေပါတယ်။ ဒါ့အပြင် အသည်းအတွက်လည်း အသုံးတော်တော်ဝင်ပါတယ်။


အစာချေစနစ်ကောင်းမွန်
သူ့မှာပါဝင်တဲ့ ဘီဗီတာမင်က ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေကို ထောက်ကူပေးပါတယ်။
ဘီ 12 က ဦးနှောက်အလုပ်လုပ်ပုံကို ပိုကျန်းမာစေပြီး အစာချေစနစ်ကို ကောင်းမွန်စွာ လည်ပတ်စေပါတယ်။ အရသာရှိလှတဲ့ အမဲသားဟာ သင့်ကိုအသားရည်ကိုကြည်လင်စေသလို အမြင်အာရုံကိုလည်း ပြတ်သားစေသတဲ့။




Some text some message..