Scabies (ဝဲရောဂါ)
healthcare.com.mm
|
2019-11-04


ဝဲရောဂါဆိုသည်မှာ Sarcoptes scabiei ကြောင့်ဖြစ်သော ကူးစက်တတ်သော အရေပြားရောဂါတစ်မျိုးဖြစ်သည်။ Sarcoptes scabiei အကောင်လေးများသည် ပါးစပ်နှင့် ရှေ့ခြေထောက်ကို အသုံးပြုကာ အရေပြား၏ အပြင်ဆုံးအလွှာထဲသို့ ဝင်လာပြီး ဥများပေါက်ခဲ့ကာ ၃-၄ ရက် ကြာသောအခါ အရေပြားထဲသို့ဝင်လာပြီး အကောင်များ ဖြစ်လာကြသည်။ လက္ခဏာများ - ယားယံခြင်း - ညဘက်မှာ ပိုပြီး ယားယံတတ်သည်။ မယားယံခင် ၄ ပတ်မှ ၆ ပတ်အထိ ကြာတတ်ပြီး အရင်တစ်ကြိမ် ဖြစ်ဖူးပါက ၁ ရက် ၂ ရက်အတွင်း ယားတတ်သည်။ - အနီစက်များပေါ်လာခြင်း - ခန္ဓာကိုယ်အနှံ့တွင် ပေါ်တတ်ပြီး 1cm ခန့် ရှိတတ်သည်။ ဝဲအဖြစ်များသော နေရာများမှာ လက်ကြား၊ ခြေကြား၊ လက်ဖဝါး၊ လက်ကောက်ဝတ်၊ တံတောင်၊ အမျိုးသမီးများတွင် နို့သီးခေါင်း တဝိုက်နှင့် အမျိုးသားများတွင် လိင်အင်္ဂါဝန်းကျင် နေရာများဖြစ်သည်။ ဖြစ်ပွားရသော အကြောင်းရင်းများ ဝဲဖြစ်ပွားရသော အကြောင်းရင်းမှာ Sarcoptes scabiei ဟုခေါ်သော ကပ်ပါးကောင်တစ်မျိုးကြောင့်ဖြစ်သည်။ အောက်ပါအခြင်းအရာများဖြင့် လူတစ်ဦးမှတစ်ဦးသို့ ဝဲရောဂါ ကူးစက်စေနိုင်သည်။ - ရောဂါပိုးရှိသူ၏ လက်ကို ကြာရှည်စွာ ကိုင်မိခြင်း - ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံမိခြင်း - ရောဂါပိုးရှိသူနှင့် အဝတ်အထည်၊ မျက်နှာသုတ်ပုဝါနှင့် အိပ်ရာခင်းများ အတူသုံးမိခြင်းတို့ဖြစ်သည်။ နောက်ဆက်တွဲ ပြဿနာများ ၁။ ဝဲမှတစ်ဆင့် ပိုးဝင်ရောက်နိုင်ခြင်း - ကုတ်ခြင်းကြောင့် အရေပြားပေါက်ပြဲကာ ထိုမှတစ်ဆင့် ဘက်တီးရီးယားပိုး ဝင်ရောက်နိုင်ပြီး Impetigo ဟုခေါ်သော ရောဂါဖြစ်နိုင်သည်။ ထိုသို့ဖြစ်ပါက Antibiotics ပဋိဇီဝဆေးများ သောက်ရန် လိုအပ်သည်။ ၂။ Crusted scabies - ဝဲရောဂါထက် ပိုမိုပြင်းထန်ကာ အကောင်ပေါင်း သန်းချီရှိနေတတ်သည်။ ခုခံအားနည်းသော လူများ (ကလေးငယ်များ၊ Down’s syndrome, Parkinson’s disease ရှိသူများ၊ ကိုယ်ဝန်ဆောင်သည်၊ အသက်ကြီးသူများ၊ HIV/AIDS ရှိသူများ၊ စတီးရွိုက်နှင့် ကင်ဆာဆေး ကုသမှု ခံယူနေသူများ) တွင် အဖြစ်များတတ်သည်။ ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ အကယ်၍ သင့်ထံတွင် ဝဲရောဂါရှိသည်ဟု သံသယရှိသည်နှင့် ဆရာဝန်ထံ သွားရောက်ပြသသင့်သည်။ ဝဲရောဂါသည် ပြင်းထန်သောရောဂါ မဟုတ်သော်လည်း ဆေးကုသမှုခံယူရန် လိုအပ်သည်။ စစ်ဆေးမှုများ အရေပြားကိုကြည့်၍ အကောင်ဝင်သော burrow marks နေရာလေးများတွေ လျှင်သော်လည်းကောင်း၊ Ink test ဖြင့် စမ်း၍ သော်လည်းကောင်း၊ ဝဲရှိသော နေရာမှ အရေပြားကို အနည်းငယ် ခြစ်ယူ၍ အဏုကြည့် မှန်ဘီလူးအောက်တွင် အကောင်ရှိမရှိ ကြည့်၍လည်းကောင်း ဝဲရောဂါ ဟုတ်မဟုတ် သိနိုင်သည်။ ကုသခြင်း ဝဲရောဂါကို Permethrin cream နှင့် Malathion lotion များလိမ်း၍ ပျောက်ကင်းစေနိုင်သည်။ အကယ်၍ အိမ်ထောင်ဖက် တစ်ဦးတွင် ဝဲရောဂါရှိပါက တခြားအိမ်ထောင်ဖက်တွင်လည်း ရောဂါလက္ခဏာ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေကုသမှု ခံယူရန် လိုအပ်သည်။ Crusted scabies ကိုမူ Insecticide cream နှင့် Ivermectin ဟုခေါ်သော ဆေးသောက်၍ ကုသနိုင်သည်။ ဆေးသောက်ပြီး ၁ လကြာမှ ယားယံခြင်း အရှင်းပျောက်တတ်သော်လည်း လိင်အင်္ဂါတဝိုက်တွင်ဖြစ်ပါက ထိုထက်ပို ကြာတတ်သည်။ မပျောက်ပါက ဆရာဝန်က တခြားဆေး တစ်မျိုးမျိုး ပြောင်းခြင်း၊ lotion ပြောင်းပေးခြင်းတို့ ပြုလုပ်ပေးတတ်သည်။ ဆေးစသောက်သည့်နေ့မှစ၍ အိပ်ရာခင်း၊မျက်နှာသုတ်ပုဝါ နှင့် ညဝတ်အင်္ကျ ီများကိုလျှော်ဖွပ်သင့်သည်။ ကာကွယ်ခြင်း ဝဲရောဂါ ပြန်ဖြစ်ခြင်းနှင့် တခြားလူများအား ကူးစက်ခြင်းမှ ကာကွယ်ရန်အတွက် အဝတ်အထည်များနှင့် အိပ်ရာခင်းများကို ရေပူနှင့် ဆပ်ပြာကိုသုံး၍ လျှော်ဖွပ်ခြင်းနှင့် အပူချိန်မြင့်မြင့်နှင့် အခြောက်ခံခြင်း၊ မလျှော်ဖြစ်သော အဝတ်များကို ပလပ်စတစ်အိတ်ထဲတွင် ထည့်၍ ၂ ပတ်ခန့်အလုံထည့်ခြင်းဖြင့်လည်း အကောင်များ သေစေနိုင်သည်။ ဝဲရောဂါ ဖြစ်နေသောသူသည် အခြားသူများနှင့် ထိတွေ့ခြင်း၊ လိင်ဆက်ဆံခြင်းတို့ကို ရှောင်ကြဉ်ရန် အရေးကြီးပါသည်။ PTA Ref: NHS Choices, UK သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။  





Some text some message..