မိန်းကလေးများ ရင်သားတွဲကျခြင်း
healthcare.com.mm
|
2019-11-05


အမျိုးသမီးတစ်ယောက်အတွက် အလှအပနဲ့ဆွဲဆောင်မှုအင်္ဂါရပ်တွေထဲမှာ ရင်သားတစ်စုံလည်း ပါဝင်တာမို့ ရင်သားတွေ သဘာဝအတိုင်း ဖွံ့ထွားတောင့်တင်းမနေဘဲ ပျော့အိတွဲ ကျလာတဲ့အခါမှာ မိမိကိုယ်ကို ဆွဲဆောင်မှုမရှိတော့ဘူးလို့ခံစားလာရပြီး၊ လွန်စွာစိတ်ကသိကအောင့် ဖြစ်ရပါတယ်။ အသက်အရွယ်ကြီးရင့်လာခြင်းက အဓိကအကြောင်းရင်းဖြစ်သော်လည်း၊ အချို့သူတွေမှာ အောက်ပါအကြောင်းများကြောင့် အရွယ်မလွန်ခင်ကတည်းက ရင်သားတွေ ပျော့တွဲလာကြရပါတယ်။ • နို့တိုက်မိခင်များ။ • ရုတ်တရက် ကိုယ်အလေးချိန် ထိုးကျသွားသူများ။ • အာဟာရချို့တဲ့သူများ။ • မိမိရင်သား အရွယ်အစားနဲ့မကိုက်ညီတဲ့ ဘရာဇီယာ (သို့မဟုတ်) ဘော်လီဝတ်ဆင်သူများ။ • နို့အုံထဲရှိ ကျုံ့၊ ဆန့်နိုင်သော တစ်သျှူးများ ပြေလျော့နိုင်စွမ်းအား နည်းသွားခြင်း။ • သွေးဆုံးပြီးနောက် ဟိုမုန်းပြောင်းလဲသွားခြင်း။ • ဘရာဇီယာ (သို့မဟုတ်) ဘော်လီမပါဘဲ ပြေးခြင်း၊ ကြိုးခုန်ခြင်း၊ လေ့ကျင့်ခန်းပြင်းပြင်းလုပ်ခြင်း။ အောက်ပါရိုးရှင်းလွယ်ကူတဲ့ နည်းလမ်း (၇) သွယ်က ရင်သားတွေကို ဘေးဥပါသ်လုံးဝမဖြစ်စေဘဲ တင်းရင်းလာစေမယ့် နည်းလမ်းကောင်းလေးတွေပါ။ (၁) နို့သီးခေါင်းကိုချန်ပြီး၊ ရင်သားတစ်စုံကို တစ်နေ့၂ ကြိမ် သံလွင်ဆီဖြင့် အသာအယာလူးနယ်ပေးပါ။ သံလွင်ဆီရဲ့ အစွမ်းကြောင့် ရင်သားအတွင်းပိုင်းရှိ ဆဲလ်နဲ့သွေးလည်ပတ်မှု အားကောင်းလာပြီး တစ်ရှုးများ တောင့်တင်းလာစေတဲ့အပြင်၊ ရင်သားအပေါ်ယံအလွှာ အရေပြားများလည်း တင်းရင်းလာစေပါတယ်။ (သံလွင်ဆီနဲ့နို့အုံကို ခပ်ကြမ်းကြမ်းဆွဲ၍ လိမ်းခြင်းက ရင်သားများပိုမိုတွဲကျသွားစေနိုင်လို့ ခပ်ဖွဖွဆုပ်နယ်လိမ်းပေးပါ) (၂) fenugreek (ခေါ်) ကုလားဟင်းချက်ရာတွင်သုံးသည့် ပဲနံ့သာပင်က နူးညံ့တဲ့အရေပြားများကို သူမတူအောင် တင်းရင်းစေတဲ့ အစွမ်းသတ္တိများ ရှိကြပါတယ်။ (အိန္ဒိယရိုးရာ ပရဆေးဆိုင်များနဲ့ အချို့citymart များတွင် fenugreek (ခေါ်) ပဲနံ့သာပင် အမှုန့်ခြောက်ဗူးတွေ ဝယ်ယူရရှိနိုင်၏) ပဲနံ့သာပင်အမှုန့်ကို ရေနဲ့ခပ်ပျစ်ပျစ်ဖျော်စပ်လိမ်းပေးပြီးနောက် ၁၅ မိနစ်ခန့်အကြာ ရေအေးဖြင့် သန့်စင်ဆေးကြောပါ။ (၃) ထောပတ်ဆီအနှစ်များက ရင်သားကို တင်းရင်းစေတဲ့အပြင် ဖြူဝင်းလှပလာစေလို့၊ ၎င်းဆီအနှစ်ဖြင့် ၃ မိနစ်လောက် အသာ အယာလူးနယ်ပေးပါ။ နာရီဝက်ခန့် အကြာရေအေးဖြင့် ရေချိုးသန့်စင်နိုင်ပါတယ်။ (၄) ကြက်ဥအနှစ်ကိုဖယ်၍ အကာအဖြူရည်ကို အမြှုပ်ထအောင်ခေါက်ပါ။ ထိုအမြှုပ်ရည်ဖြင့် ရင်သားကိုအသာအယာ လူးနယ်ပေးပြီး၊ နာရီဝက်လောက် အခြောက်ခံထားပါ။ ထိုသို့ အခြောက်ခံနေစဉ်အတွင်း ကြက်သွန်နီဥကြီးကြီး ၁-လုံးကို အခွံနွှာ ကျိတ်ချေပြီး ရလာသောကြက်သွန်နီ သတ္တုရည်ကို ရေအေး ၁-ဖန်ခွက်ရောစပ်ပါ။ ပြီးရင် ရင်သားပေါ်ရှိ ခြောက်သွားသော ကြက်ဥအကာရည်ကို စောစောကကြက်သွန်နီရည်ဖြင့် ဆေးကြောပေးပါ။ (၅) သခွားသီးကို အခွံနွှာအစေ့ဖယ်၍ အသားကိုခြစ်ပါ။ သခွားသီးအသားထမင်းစားဇွန်း ၁-ဇွန်းစာကို ကြက်ဥအနှစ် ၁-လုံး(အ ကာမသုံးပါနဲ့)၊ ထောပတ်လ္ဘက်ရည်ဇွန်း ၁-ဇွန်းတို့ဖြင့် သမအောင်ရောမွှေပြီး နို့အုံအနှံ အချိန် ၃-မိန်နစ်ခန့်ကြာအောင် အသာအယာ ပွတ်နယ်လိမ်းပေးပါ။ အသားထဲစိမ့်ဝင်သွားအောင် မိနစ် ၂ဝ-ခန် ထားပြီးနောက် ရေချိုးနိုင်ပါတယ်။ ထိုအရောအနှော ၃-မျိုးရဲ့ အစွမ်းကြောင့် ရင်သားထဲရှိ တစ်ရှုးများ သိသိသာသာ တောင့်တင်းသန်မာလာစေပါတယ်။ (၆) ဒိန်ချဉ် လ္ဘက်ရည်ဇွန်း ၁-ဇွန်း၊ ကြက်ဥ ၁-လုံး (အနှစ်အကာအားလုံးသုံးပါ)၊ ဗီတာမင်အီး ၂ လုံးကိုဖောက်ပါ။ (ဗီတာမင်အီးဆေးလုံးလေးများကို အလှကုန်ဆိုင်များတွင်ရ၏) ထိုအရောအနှော ၃-မျိုးကို သမအောင်အချိန်ကြာကြာ ခေါက်နယ်ပြီး၊ နို့အုံအနှံ့ ၃-မိနစ်ခန့်ကြာအောင် အသာအယာနှိပ်ပေးပါ။ ၁၅-မိနစ်ခန့်အကြာ ရေချိုးပေးနိုင်ပါပြီ။ (၇) ရေကူးခြင်း၊ ကြွက်သားတက်စေတဲ့အလေးပြား (ခပ်ပေါ့ပေါ့) ဆွဲ၍အလေးမခြင်း၊ ဗိုက်ကိုချပ်၍ ရင်သားတစ်စုံကို လက်နှစ် ဖက်ဖြင့်ကိုင်၍့ အောက်ကပင့်ကာအပေါ်ဘက်သို့အသာအယာမတင်ခြင်း စတဲ့ လေ့ကျင်းခန်းလေးတွေက ရင်သားစိုင်များကို တင်းမာလာစေပါတယ်။ ကြိုတင်ကာကွယ်ခြင်းနဲ့အခြားနည်းလမ်းကောင်းများ။ (၁) ဆေးလိပ်က ရင်သားထဲရှိကြွက်သား ကျုံ့၊ ဆန့်နိုင်အားကို လျော့ပါးစေတာကြောင့် ဆေးလိပ်မသောက်ပါနဲ့။ (၂) အယ်လ်ကိုဟောနဲ့ ကဖိန်းဓာတ်ပါသော အရက်သေစာအဖျော်ယမကာအမျိုးမျိုး၊ အမြှုပ်ထ၍ ဆူလာစေအောင် ကာဗွန်ဒိုင် အောက်ဆိုဒ်ထဲ့ထားသော အချိုရည်ဗူးများက အရေပြားများကို အရွယ်မတိုင်မီ အိုမင်းစေပြီး ရင်သားများလည်း တွဲကျစေပါတယ်။ (၃) ကြိုးလျော့နေသော ဘရာဇီယာ (သို့မဟုတ်) ဘော်လီ တွေမဝတ်ပါနဲ့၊ အိပ်ချိန်မှလွှဲ၍ ဘရာဇီယာ (သို့မဟုတ်) ဘော်လီကို ဝတ်ထားပါ။ (ကမ္ဘာပထဝီမြေကြီးရဲ့ ဆွဲအားကလည်း သင့်ရင်သားစိုင်တွေ အောက်ကိုတွဲကျစေတယ်ဆိုတာ မယုံမရှိနဲ့နော်) (၄) ရင်သားပျော့အိတွဲကျခြင်းကလည်း အာဟာရချို့တဲ့မှုနဲ့ဆက်စပ်နေပါတယ်။ ရင်သားစိုင်တွင်းရှိ တစ်ရှုးများနဲ့ အသားအရေ တင်းရင်းမှုကိုအားပေးသော ဗီတာမင်၊ သတ္တုဓာတ်နဲ့ကစီဓာတ်ကြွယ်ဝတဲ့ အစားအစာများမှာ ကြက်သား၊ သိုးသား၊ ပင်လယ်ငါးများ၊ ကြက်ဥ၊ အဆီနဲသောချိစ်၊ ဒိန်ချဉ်၊ နွားနို့၊ အစေ့အဆန်များ၊ ကြက်သွန်နီ၊ ကြက်သွန်ြုဖူ၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီအဖြူ၊ ဂေါ်ဖီထုပ်၊ ပဲနံ့သာရွက်၊ ခရမ်းချဉ်သီး စသည်တို့ ဖြစ်ကြပါတယ်။ Ref : မြဝတီ





Some text some message..