
ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ဗိုက်အောင့်လိုက်တာ။ အလုပ်တွေမလုပ်နိုင်တော့ဘူး အစာအိမ်က အောင့်နေပြီ။ ဘယ်လိုလုပ်ရမလဲဆိုတဲ့သူတွေအတွက် အကြံလေးပေးမယ်နော်။ အစာခြေရည်ပြန်ဆန်တက်လို့ ရင်ပူဝေဒနာခံစားနေရသူတွေဆို မကုစားဘဲ ဒီတိုင်းနေလို့ အခန့်မသင့်ရင် ခွဲစိတ်ကုသရတဲ့အထိ ဖြစ်စေနိုင်ပါတယ်။
ဗိုက်အောင့်တာကို အများဆုံးဖြစ်စေတဲ့အကြောင်းရင်းတွေက –
ဝမ်းချုပ်တာ၊
အစာမကွတော၊
စားချဉ့်ရည်ပြန်ဆန်တက်တာ ၊
အော့အန်တာ၊
စိတ်ဖိစီးမှုများတာ နဲ့
အစာခြေစနစ်ကိုထိခိုက်စေနိုင်တဲ့ ရောဂါတွေအပြင်
ပိုပြင်းထန်ရင်တော့
အူအတက်ပေါက်တာ၊
အူအတက်ရောင်တာ၊
သည်းခြေအိတ်ကျောက်တည်တာ၊
ကျောက်ကပ်မှာကျောက်တည်တာ၊
ကျောက်ကပ်ပိုးဝင်တာတွေအထိ ဖြစ်နေနိုင်တယ်။
အစာအိမ်ကြောင့်ဖြစ်တယ်ဆိုရင်တော့ ဒီလက္ခဏာတွေပါ ဖြစ်နေနိုင်ပါတယ် –
လေပွနေတာ၊လေလည်တာ
လေထိုးလေအောင့်ဖြစ်နေတာ
ရင်ပူဝေဒနာဖြစ်လာပြီးရင် ဗိုက်ကယ်ပြီးလေပွနေတာ(နေလို့မကောင်း)
မအီမသာနဲ့ ပျို့အန်ချင်တာ
ခဏခဏပူလောင်ပြီးဆာတာ
အစာမစားခင်နဲ့ အစာစားပြီး အောင့်တာ စတဲ့လက္ခဏာတွေက သိသာပါတယ်။
ဒါ့ကြောင့် အစာအိမ်အောင့်တယ်ဆိုရင် ဘာကြောင့်လဲအဖြေရှာဖို့ ဆေးခန်းမသွားနိုင်သေးခင် ဒီအချက်လေးတွေ လုပ်ကြည့်ပါ။
ဗိုက်အောင့်သက်သာစေမယ့် နည်းလမ်းလေးတွေကတော့ –
အမြန်ဆုံးက ဗိုက်အောင့်သက်သာစေတဲ့ အစာအိမ်လေဆေးတွေသောက်ပါ။
သက်တောင့်သက်သာလေးနေပါ။
အသက်မှန်မှန်ရှုပေးပါ။
အရည်များများသောက်ပါ။
အစာခပ်ပျော့ပျော့လေးတစ်ခုခုစားပေးပါ။
ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေစားပေးပါ။
ရေကို မကြာခဏသောက်ပေးပါ။
အစားကို နည်းနည်းချင်းနဲ့ အကြိမ်ရေများများစားပေးပါ။
ရေနွေးနွေးလေးနဲ့ရေချိုးပေးပါ။
ဗိုက်ကို ရေနွေးအိတ်ကပ်ပေးပါ။ သိပ်တော့မပူစေနဲ့နော်။
ကော်ဖီ၊ လက်ဖက်ရည်ရှောင်ပါ။
အချိန်နည်းနည်းကြာလို့ မသက်သာဘူး၊ မခံမရပ်နိုင်အောင်အောင့်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ပြရမယ်နော်။
ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။