
City Mart တွေ၊စတိုးဆိုင်တွေမှာ Jasmine Tea ဆိုတဲ့လက်ဖက်ရည်ကြမ်းအထုပ်တွေ၊ဘူးတွေကို သင်တွေ့ပါလိမ့်မယ်။ဒါပေမဲ့ ဒါကိုသောက်ဖို့ အနည်းငယ်တော့ တွေဝေမိနိုင်ပါတယ်။သောက်ဖူးနေကျအရသာတွေလိုမဟုတ်တဲ့အပြင် ဝယ်ပြီးမှ ကိုယ်မကြိုက်ရင် အလကားဖြစ်နေမှာစိုးတဲ့စိတ်ကြောင့်လည်း ပါမှာပေါ့။ဒါပေမဲ့ ဒီစံပယ်ပန်းလက်ဖက်ရည်ကြမ်းမှာ ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရှိလဲဆိုတာကိုတော့ ဗဟုသုတ အနေနဲ့သိထားသင့်ပါတယ်။
စံပယ်လက်ဖက်ရည်က ဘယ်လိုကောင်းကျိုးတွေပေးစွမ်းနိုင်လဲဆိုရင်…
– ကိုယ်အလေးချိန်ထိန်းပေးနိုင်တယ်
– နှလုံးကျန်းမာရေးကောင်းအောင်ကာကွယ်ပေးတယ်
– ခံတွင်းကျန်းမာရေးကောင်းစေတယ်
-ဦးနှောက်လုပ်ဆောင်မှုအပိုင်းကိုလည်း ပိုပြီးတိုးတက်ကောင်းမွန်လာစေတယ်
– မှတ်ဉာဏ်လျှော့နည်းတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်
-စိတ်ဖိစီးမှုတွေလျော့နည်းစေပြီး အရေးအကြောင်းဖြစ်စေတဲ့ဆဲလ်တွေရဲ့ဖြစ်စဉ်ကိုနှေးကွေးစေတယ်
-အရသာရှိပြီးကျန်းမာရေးနဲ့အညီဝိတ်ကျစေလို့ ကိုယ်အလေးချိန်လျှော့ချချင်သူတွေသောက်သုံးနိုင်တယ်
-ညအိပ်ရာမဝင်ခင် သောက်သုံးပေးမယ်ဆိုရင် ကောင်းကောင်းအိပ်ပျော်စေတယ်
စံပယ်လက်ဖက်ရည်ကို ဘယ်လိုသောက်သုံးရမလဲဆိုရင် …
အပူချိန် ၁၆၀ နဲ့ ၁၈၀ ကြားရှိလာတဲ့အခါ လက်ဖက်ခြောက်ခတ်ပြီး ၃ မိနစ်ကနေ ၅ မိနစ်ကြာအောင်ထားပါ။ပြီးရင် အဖက်တွေကိုဆယ်ယူပြီးသောက်လို့ရပါပြီ။အရမ်းပွက်ပွက်ဆူတဲ့အထိ မထားပါနဲ့။အရမ်းပွက်ပွက်ဆူတဲ့အခါ လက်ဖက်ရည်ရဲ့အရသာ ပျက်သွားနိုင်ပါတယ်။ထမင်းစားပြီး ချက်ချင်းမသောက်ပဲ တစ်နာရီလောက်ကြာမှ သောက်သင့်ပါတယ်။တစ်နေ့ကို ပုံမှန်တစ်ခွက်ဖြစ်စေ နှစ်ရက်ခြားတစ်ခါ သုံးရက်ခြားတစ်ခါဖြစ်စေ သောက်သုံးပေးနိုင်ပါတယ်။