ဒုက္ခပေးတဲ့ လိပ်ခေါင်းရောဂါ ၃ ရက်နဲ့အမြစ်ပြတ်စေမည်
popolay.com
|
2018-11-13
လိပ်ခေါင်းရောဂါဟာ ဘယ်လောက်ဒုက္ခပေးပြီး နေရထိုင်ရခက်စေသလဲဆိုတာ ဖြစ်ဖူးတဲ့သူတိုင်းအသိဆုံးဖြစ်ပါလိမ့်မယ်။ စစ်တမ်းအရအမျိုးသားအမျိုးသမီး ၁၀ ယောက်မှာ ၉ ယောက်လောက် လိပ်ခေါင်းဝေဒနာ ခံစားရတတ်တာမို့အဖြစ်များတဲ့ ရောဂါဆိုရင်လည်း မမှားပါဘူး။

လိပ်ခေါင်းဆိုတာ ကိုယ်ခန္ဓာဖွဲ့စည်းပုံအရ သယာဝအတိုင်း စအိုဝမှာ နဂိုထဲက ရှိနေပြီးသား ကြွက်သားဖုလေး ဖြစ်ပါတယ်။ လိပ်ခေါင်းဟာအခြားကြွက်သားတွေလိုပဲ သွေးကြော၊ ကြွက်သား၊ တစ်ရှူးတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် သူ့ရဲ့အလုပ်က ဝမ်းသွားတဲ့အခါ ရှောရှောရူရူဖြစ်အောင်အထောက်အပံ့ပေးပြီး ထိန်းကြောင်းပေးတာ ဖြစ်ပါတယ်။

ဒါပေမယ့် လိပ်ခေါင်းနေရာကို ရောဂါပိုးဝင်တဲ့အခါ စတင်နာကျင်လာပြီး ခိုးလို့ခုလုနဲ့ နေရထိုင်ရ ခက်လာစေပါတယ်။ ဒီအခါ ရောင်းရမ်းလာပြီး သွေးယိုတဲ့ထိ ဖြစ်လာတတ်ပါတယ်။ လိပ်ခေါင်းကိုအရွယ်အစားအမျိုးမျိုးနဲ့ စအိုလမ်းကြောင်းဝရဲ့အပြင်ဘက်မှာ တွေ့လာရပါတယ်။

အချို့လိပ်ခေါင်းတွေကတော့ လူဆေးသောက်ဆေးနဲ့ သက်သာစေနိုင်ပြီးအချို့ကတော့ ခွဲစိတ်ဖြတ်တောက်ရတဲ့ထိ ကုသမှုခံယူရတတ်ပါတယ်။

လိပ်ခေါင်းကိုအမျိုးစား (၄)မျိုး ခွဲထားပါတယ်။

(၁)အတွင်းလိပ်ခေါင်း (အတွင်းလိပ်)

(၂)အပြင်လိပ်ခေါင်း (အပြင်လိပ်)

(၃) ကျွံထွက် လိပ်ခေါင်း

(၄) ပိတ်ဆို့ လိပ်ခေါင်း တို့ ဖြစ်ပါတယ်။

လိပ်ခေါင်းဖြစ်ရတဲ့အကြောင်းရင်းကလည်းအမျိုးမျိုးရှိပါတယ်။ စအိုလမ်းကြောင်း သွေးပြန်ကြောအားနည်းတဲ့ မျိုးရိုးရှိတဲ့အခါ၊ နေ့စဉ်စားသောက်နေတဲ့အစားအစာတွေထဲမှာအမျှင်ဓါတ်ပါဝင်မှု နည်းပါးတာ၊အချိန်ကြာကြာ ထိုင်ရတာ (သို့) မတ်တပ်ရပ်နေရတာ၊ ကိုယ်ဝန်ဆောင်ရတဲ့အခါ၊ ဝမ်းချုပ်လွန်းတာ၊အဝလွန်တာ၊အပူအစပ်နဲ့ သွားရေစာ စားလွန်းတာ၊ တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းတာ၊ ရေသောက်နည်းတာနဲ့အလေးအပင် မလွန်းတာတွေကြောင့် ဖြစ်တတ်ပါတယ်။

လိပ်ခေါင်းဖြစ်တော့မယ်ဆိုရင် သိသာတဲ့ လက္ခဏာက စအိုဝက သွေးယိုလာတာဖြစ်ပါတယ်။ ဒါ့အပြင် စအိုလမ်းကြောင်း နာကျင်တာ၊ စအိုဝမှာအဖုအခဲလေး ရှိလာတာ၊ ဝမ်းသွားတဲ့အခါ နာကျင်ပြီး သွေးစလေးတွေ ပါလာတာ တွေက လိပ်ခေါင်းရဲ့ ကနဦး လက္ခဏာရပ်တွေဖြစ်ပါတယ်။

ဒီတော့ လိပ်ခေါင်း ရှိနေပြီလို့ ဖြစ်ဖြစ်ချင်း စတင်ရိပ်မိတဲ့အချိန်မှာ ငွေကုန်ကြေးကျလည်း မများတဲ့အောက်ဖော်ပြပါ ဆေးနည်းလေးတွေကို လိုက်နာလုပ်ဆောင်မယ်ဆိုရင် လိပ်ခေါင်းရောဂါကို ၃ ရက်အတွင်း လက်တွေ့အရှင်းပျောက်စေမှာဖြစ်ပါတယ်။

ဒါပေမယ့်အတော်ကြီးရင့်နေပြီဖြစ်တဲ့ လိပ်ခေါင်းရောဂါကိုတော့အိမ်မှာတင်ကုသလို့ မရနိုင်ဘူးဆိုတာကိုလည်း သတိထားစေချင်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေမှာ လိပ်ခေါင်းကို ဖြတ်တောက်ခွဲစိပ်ဖို့ လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။အခုမှ စဖြစ်ဖြစ်ချင်း လိပ်ခေါင်းရောဂါတွေအတွက်တော့ ဖော်ပြပါဆေးနည်းတွေကအထောက်အကူဖြစ်စေမှာအမှန်ပါ။



၁။ သိန္ဓောဆား နဲ့အလှဆီ

ဘယဆေးဆိုင်တွေမှာအလွယ်တစ်ကူ ဝယ်ယူနိုင်ပါလိမ့်မယ်၊ သိန္ဓောဆားဆိုတာကအိမ်သုံးဆားတွေနဲ့ မတူပဲ ဆားပွင့်ကြီးပါတယ်၊ တစ်ကယ်တော့ မဂ္ဂနီစီယမ်ဆာလဖိတ် ဖြစ်ပါတယ်။အလှဆီကတော့ ဆောင်းတွင်းအသားပက်တဲ့အခါ ကိုယ်ခန္ဓာမှာ လိမ်းကျံတဲ့ ဆီတစ်မျိုးဖြစ်ပါတယ်။ ဒီအဆီက ယားယံမှုတွေအသေးစားသွေးယိုမှုတွေကို သက်သာစေပါတယ်။ ဒါ့အပြင် လေထုထဲမှာပါတဲ့ ရေငွေ့ကို စုပ်ယူနိုင်စွမ်းလည်းရှိပါတယ်။


အသုံးပြုနည်း


သိန္ဓောဆားနဲ့အလှဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း တို့ကို သမအောင် ရောမွှေပါ။

ပြီးနောက်အဝတ်သန့်သန့်ထဲ ထည့်ထုတ်ပြီး စအိုဝမှာ ၂၅ မိနစ်ခန့် ထားပေးပါ။

တစ်ရက်လျှင် ၃ ကြိမ်ခန့် ပြုလုပ်ပါ။



၂။ ဖန်ခါးသီးမှုန့်

ဆရာဝန်များရဲ့အဆိုအရ လိပ်ခေါင်းဟာ မကြာခဏ ဝမ်းချုပ်တာကနေ စဖြစ်တာများတယ်လို့ ဆိုပါတယ်။အဲဒီအတွက် ဖန်ခါးမှုန့်ဟာအကောင်းဆုံးဖြစ်ပြီး ဝမ်းချုပ်သူတွေ ဝမ်းသွားရ လွယ်ကူစေနိုင်ပါတယ်။


အသုံးပြုနည်း


ဘယဆေးဆိုင်တွေမှာ ဖန်ခါးမှုန့်ကို ရှာဝယ်ပြီး ညတိုင်း ဖန်ခါးမှုန့် လက်တစ်ဖျစ်စာလောက်ကို ရိုးရိုးရေနဲ့ ရောပြီးသောက်သုံးပါ။ ဝမ်းသွားတဲ့အခါအများကြီးအထောက်ကူဖြစ်စေပါတယ်။



၃။ ကြက်ဆူဆီ

အန်တီအောက်ဆီဒင့်ဖြစ်တဲ့ ကြက်ဆူဆီမှာ ရောင်ရမ်းခြင်းနဲ့ မှိုတက်ခြင်း မဖြစ်စေတဲ့ ဓါတ်များ သဘာဝအလျောက် ပါဝင်ပါတယ်။ ဒါကြောင့်မို့ ကြက်ဆူဆီဟာ လိပ်ခေါင်းနေရာနာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်းကို သက်သာစေနိုင်ပါတယ်။ ပါဝင်ပါတယ်။ ဒါကြောင့်မို့ ကြက်ဆူဆီဟာ လိပ်ခေါင်းနေရာနာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်းကို သက်သာစေနိုင်ပါတယ်။


အသုံးပြုနည်း


ကြက်ဆူဆီ ထမင်းစာဇွန်း တစ်ဇွန်းစာ ညစဉ်သောက်ပေးခြင်းဖြင့် ဝမ်းသွားတဲ့အခါ ရှောရှောရှုရှုဖြစ်စေပါတယ်။

သတိပေးချက်။ ။ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ ဗိုက်နာဗိုက်အောင်သူများနဲ့ ဓါတ်မတည့်သူများ သောက်သုံးရန် မသင့်ပါ။



၄။အမျှင်ဓါတ်ပါသောအစားအစာများ စားသောက်ပါ

အမျှင်ဓါတ်ပါတဲ့ သစ်သီးများ၊အစားအစာများကို များများ စာပေးရန် လိုအပ်ပါတယ်။အမျှင်ဓါတ်က မစင်ထဲမှာရှိနေတဲ့ ရေဓါတ်ကို ထိန်းပေးထားတာကြောင့် ဝမ်းသွားတဲ့အခါ လွယ်ကူချောမောစေပါတယ်။

ဆန်လုံးညို၊ ဘာလီစေ့၊ ပြောင်း၊အုတ်ဂျုံမှုန့် စသည်တို့အပြင် လတ်ဆက်တဲ့ သစ်သီးများဖြစ်တဲ့ စတော်ဘယ်ရီ၊ ချယ်ရီ၊ တရုပ်ဆီးသီးများ။ ဟင်းသီဟင်းရွက်အနေနဲ့အရွက်ဖြာတဲ့ မုံညင်း၊ ကန်စွန်းအစရှိသည်တို့ကို များများစားသောက်ပါ။



၅။အုန်းဆီ

သဘာဝအဟာရဓါတ်တွေ ကြွယ်ဝစွာပါဝင်တဲ့အုန်းဆီစစ်စစ်နဲ့လည်း ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။အုန်းဆီနဲ့ ကုသနည်းအမျိုးမျိုးရှိပါတယ်။


အသုံးပြုနည်း


ဟင်းချက်တဲ့အခါ ထည့်ချက်တာမျိုး။

နောက်တစ်နည်းကအုန်းဆီစစ်စစ် လက်ဖက်ရည် ၁ ဇွန်း၊ နနွင်းမှုန့်အစစ် လက်ဖက်ရည်ဇွန်း တစ်ဝက်စာတို့ကို သမအောင် ရောမွှေပါ။အဲဒီနောက် ဝါဂွမ်းနဲ့ တို့ယူပြီး လိပ်ခေါင်းနေရာကို သုတ်လိမ်းပေးပါ။

နောက်တစ်နည်းအနေနဲ့ ရေချိုးကန်ထဲမှာ ရေနွေးထည့်ပြီးအုန်းဆီ လက်ဖက်ရည်ပန်းကန်လုံး တစ်ဝက်စာ ရောစပ်ပြီး ရေစိမ်ချိုးပေးပါ။ လိပ်ခေါင်း ကျုံ့ပြီး နာကျင်မှု သက်သာလာတာကို လက်တွေ့ခံစားရပါလိမ့်မယ်။



၆။ ရှားစောင်းလက်ပတ်

အနာရောဂါအတော်များများကို ပျောက်ကင်းသက်သာစေလို့ ရှားစောင်းလက်ပတ်ကို နတ်ဆေးပင်လို့ တင်စားရမလိုပါပဲ။


အသုံးပြုနည်း


ရှားစောင်းလက်ပက်အတွင်းက ဂျယ်လီအနှစ်ကို မှုန့်ဖုတ်ဆော်ဒါ သံလွင်ဆီ လက်ဖက်ရည် ၁ ဇွန်းနဲ့ သမအောင် ရောမွှေပြီး ဝါဂွမ်းနဲ့ တို့ယူကာ လိပ်ခေါင်းနေရာကို သုတ်လိမ်းပေးပါ။ မိနစ် ၂၅ လောက် နေရင် သုတ်လိမ်းထားတဲ့ စအိုဝကို ပြန်လည်ဆေးကြောပါ။

ဖော်ပြပါနည်းလမ်းတွေကတော့ လိပ်ခေါင်းဖြစ်ကာစ ဝေဒနာရှင်များကို ၃ ရက်အတွင်း လက်တွေ့ ပျောက်ကင်းစေမယ့် နည်းလမ်းလေးတွေဖြစ်လို့အားလုံးအတွက်အသုံးတည့်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။




Some text some message..