
အပင်တွေဟာ လူသားတွေအတွက် အကျိုးရှိတယ်လို့ သိပ္ပံပညာက ဆိုပါတယ်။ အချို့သော သုတေသနတွေအရတော့ အစိမ်းရောင်အပင်တွေနားမှာ နေတဲ့အခါ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို မြှင့်တက်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း လူတွေဟာ အိမ်စိုက်အပင်မျိုးစုံကို ကိုယ့်အိမ်ထဲခြံထဲမှာ စိုက်ပျိုးထားကြပါတယ်။ ဒါပေမယ့် အပင်တွေထဲမှာ တစ်ချို့သော အပင်တွေဟာ အိမ်မှာမွေးထားတဲ့ ခွေး၊ ကြောင်တွေနဲ့ မတည့်ပါဘူး။ ဒီတော့ အပင်လည်း စိုက်ချင်တယ်၊ ကိုယ့်ကြောင်လေး ခွေးလေးတွေနဲ့လည်း ဓာတ်မတည့်မှာကြောက်တယ်ဆိုသူတွေအတွက် စိုက်ပျိုးသင့်တဲ့ အိမ်စိုက်အပင်လေးတွေကို 6sqft ကနေ ဖော်ပြပေးလိုက်ပါတယ်။
ဆေးပင်များ
ပူဒီနံ၊ ပင်စိမ်းတို့လို ဟင်းခတ်အမွှေးအကြိုင် အပင်တွေက အန ္တရာယ်မရှိပေမယ့် ဇီယာနဲ့ လာဗင်ဒါတို့ကတေ့ တိရစ္ဆာန်လေးတွေကို အဆိပ်ဖြစ်စေနိုင်ပါတယ်။
ကြောင်ဆေးပင်

Wikimedia Commons
ကြောင်ဆေးပင်ကတော့ ကြောင်တွေကြိုက်ကြတဲ့အပင်ပါ။ ကြောင်ဆေးပင်ရဲ့အရွက်ထဲမှာပါတဲ့ ကွန်ပေါင်းတစ်မျိုးဟာ ကြောင်တွေကို အနည်းငယ်ရီဝေမှိန်းမူးစေတယ်လို့ ဆိုပါတယ်။ ၎င်းကွန်ပေါင်းရဲ့ သက်ရောက်မှုဟာ (၅-၁၅) မိနစ်အတွင်းသာဖြစ်တဲ့အတွက် ကြောင်တွေအဖို့ အန ္တရာယ်ကင်းပါတယ်။ ခွေးတွေကတော့ ကြောင်တွေလိုမျိုး မဖြစ်တတ်ပါဘူး။
သစ်ခွပင်များ
သစ်ခွပန်းပင်တွေဟာလည်း တိရစ္ဆာန်လေးတွေအတွက် အန ္တရာယ်မရှိနိုင်ပါဘူး။ ရာပေါင်းများစွာသော သစ်ခွအမျိုးအစားတွေ အများကြီးရှိတဲ့အနက် ကိုယ်နှစ်သက်ရာကို စိုက်ပျိုးနိုင်ပါတယ်။
ပင့်ကူပင်များ

Wikimedia Commons
ပင့်ကူပင်လို့ခေါ်ကြတဲ့ အပင်တွေဟာ တိုက်ခန်းတွေမှာ စိုက်ပျိုးလို့ကောင်းတဲ့ အပင်တွေ ဖြစ်ပါတယ်။ ကြီးထွားလွယ်တဲ့အပြင် အလင်းရောင်နည်းနည်းပဲ လိုပါတယ်။ ဒီအပင်တွေဟာ အိုးထဲမှာ ပြည့်ကျပ်နေရင်တောင် ကောင်းစွာ ဖွံ့ဖြိုးပြီး ပေါက်နိုင်ပါတယ်။ လေထဲက ဖော်လ်မယ်ဒီဟိုက်ဒ်အဆိပ်တွေကို ဖယ်ရှားနိုင်ပါတယ်။ ဒီအပင်တွေကို ပင့်ကူပင်အပြင် ကြောင်နှုတ်ခမ်းမွှေးပင်လို့လည်း ခေါ်ကြပါတယ်။
ခလောက်မြွေပင်များ

Wikimedia Commons
ခလောက်မြွေပင်တွေဟာ အန ္တရာယ်လုံးဝမရှိပါဘူး။ ကြီးထွားမြန်တဲ့ ၎င်းအပင်ရဲ့ အရွက်တွေဟာ လှိုင်းတွန့်အနားစွန်းတွေရှိပြီး အစိမ်းရင့်ရောင် အစက်အပြောက်တွေနဲ့ ဖြစ်ပါတယ်။ အရွက်ရဲ့ အောက်ပိုင်းမှာတော့ အနီရင့်ရောင်လိုလို ခရမ်းရောင်လိုလို ရှိပါတယ်။
Succulents ပင်များ
တိုက်ခန်းကို အလှပြုပြင်ဖို့ လိုလာပြီဆိုရင် ဒီ Succulents အပင်တွေကို သုံးနိုင်ပါတယ်။ သာမန်အားဖြင့် Succulents ပင်တွေဟာ တိရစ္ဆာန်လေးတွေအတွက် ဘာမှမဖြစ်ပေမယ့် အခန့်မသင့်ရင်တော့ သူတို့ကို ဗိုက်နာစေတယ်လို့ သိရပါတယ်။
လင်းလင်း (ShweMom)