ကျားဟော်မုန်းတိုးစေမယ့် အစားအစာများ
hellosayarwon.com
|
2019-11-24

ကျားဟော်မုန် း - testosterone ဟာ လူတွေနဲ့ တိရစ္ဆာန်တချို့မှာ တွေ့ရတဲ့ ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။ အမျိုးသားတွေမှာ ဝှေးစေ့ကနေ အများဆုံး ထုတ်လုပ်ပြီး အမျိုးသမီးတွေမှာတော့ သားအိမ်ကနေ အနည်းငယ် ထုတ်လွှတ်ပေးပါတယ်။

လူပျို ၊ အပျို ဖြစ်ချိန်မှာ testosterone ဟော်မုန်း အများအပြား ထုတ်လွှတ်ပေးပြီး အသက် ၃၀ နောက်ပိုင်းမှာ ကျားဟော်မုန်း ထုတ်လုပ်တာ စတင် နည်းလာပါပြီ။ ကျားဟော်မုန်းဟာ

လိင်စိတ်ဆန ္ဒ ဖြစ်ပေါ်လာစေမှုအပေါ် သက်ရောက်မှု အလွန်ရှိတဲ့အပြင် သုက်ကောင်ရည် ပမာဏကို တိုးစေပြီး မျိုးအောင်စေတယ်။ ဒါ့အပြင် အရိုးနဲ့ ကြွက်သားထုကို ကြီးမားသန်စွမ်းစေတယ်။

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့လည်း သက်ရောက်မှု ရှိပါတယ်။

ကျားဟော်မုန်း နည်းတဲ့အခါ ဘာတွေ ဖြစ်လာနိုင်လဲ။
အမျိုးသားတို့ရဲ့ နေ့စဉ်ဘဝနဲ့ ကျန်းမာရေးအတွက်

ကျားဟော်မုန်း ဟာ သက်ရောက်မှုအများကြီး ရှိပါတယ်။ အမျိုးသားတွေမှာ ကျားဟော်မုန်းနည်းလာတဲ့အခါ ၁။ လိင်စိတ်ဆန္ဒ လျော့နည်းလာမယ်။ လိင်စွမ်းဆောင်ရည် ကျဆင်းမယ်။ ၂။ အားအင်ကုန်ခမ်းသလို ပင်ပန်းနေမယ်။ ၃။

ကိုယ်အလေးချိန် တက်လာမယ်။ ဝလာမယ်။ ၄။ စိတ်ဓါတ်ကျရောဂါ အစပြုလာမယ်။ ၅။ အရာရာကို စိတ်တိုင်းမကျသလို ဖြစ်နေမယ်။ ၆။ ကိုယ့်ကိုယ်ကို

ယုံကြည်မှု နည်းလာမယ်။ ၇။ ကိုယ်ခန္ဓါက အမွေးအမျှင်တွေ လျော့နည်းလာမယ်။ ၈။ အရိုးပါးလာမယ်။

အရိုးပွရောဂါ ဖြစ်ဖို့ အခွင့်အလမ်း ပိုများလာပါမယ်။ Testosterone ကျားဟော်မုန်းဟာ အသက်ကြီးလာတာနဲ့ နည်းသွားတာ သဘာဝပါပဲ။ ကင်ဆာရောဂါအတွက် ဓါတုကုထုံး ကုသမှုခံယူနေချိန်၊ ဝှေးစေ့ကို ထိခိုက်မှု ဖြစ်တဲ့အချိန်၊ နှလုံးနဲ့ ဆက်စပ်ရောဂါတွေ၊ စိတ်ဖိစီးမှု၊ အရက်သေစာ အလွန်အကျွံ သောက်တာ၊ အသည်းနဲ့ ကျောက်ကပ်မှာ ရောဂါဖြစ်တာ၊ AIDS ရောဂါတွေဟာ ကျားဟော်မုန်းကို နည်းသွားစေနိုင်ပါတယ်။

ဒါဆိုရင် ကျားဟော်မုန်းတိုးစေဖို့ ဘယ်လိုအစားအစာတွေ စားပေးသင့်လဲ။
ကျားဟော်မုန်းတိုးစေဖို့ နေ့စဉ်ကိုယ်လက်လေ့ကျင့်ခန်းကိုလည်း ဂရုတစိုက်လုပ်ပေးဖို့ လိုအပ်တဲ့အပြင် အာဟာရပြည့်ဝတဲ့ အစားအစာတွေ ဖြစ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ စားပေးဖို့လည်း အလွန်အရေးကြီးပါတယ်။ ဒီအစားအစာတွေထဲမှာမှ ကျားဟော်မုန်းတိုးစေတဲ့ အာဟာရဓါတ်တွေပေါကြွယ်ဝတဲ့ စားစရာတွေကိုပြောပြပေးမယ်နော်။

၁။ တူနာငါး
တူနာငါးမှာ ဗီတာမင် D ပေါကြွယ်ဝစွာ ပါဝင်တဲ့အတွက် ကျန်းမာရေးကို ကောင်းမွန်စေတယ်။ ကျားဟော်မုန်း ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးတယ်။ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ ပရိုတင်းဓါတ် ပေါများတဲ့အပြင် ကိုယ်ခန္ဓါကို ဆိုးကျိုးဖြစ်စေတဲ့ ကယ်လိုရီတွေ နည်းပါးပါတယ်။ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ပြီး စားပေးနိုင်ရင် နေ့စဉ်လိုအပ်တဲ့ ဗီတာမင် D ပါ ရရှိနိုင်ပြီး ကျားဟော်မုန်းကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

၂။ အဆီဖယ်ထားတဲ့ နွားနို့
နွားနို့မှာ အမျိုးသားတွေအတွက် အဓိကလိုအပ်တဲ့ ပရိုတင်းဓါတ်နဲ့ ကယ်လ်စီယမ်ဓါတ်တွေ အများအပြားပါဝင်လို့

အရို းနဲ့ သွားကို ခိုင်မာစေတယ်။ ကြွက်သားထု တက်စေတယ်။ ဒါ့အပြင် ဗီတာမင် D လည်း ပါဝင်လို့ ကျားဟော်မုန်းကို ပုံမှန်ထုတ်လွှတ်ပေးနိုင်အောင် ကူညီပေးနိုင်ပါတယ်။ ကိုယ်အလေးချိန် ထိန်းနေတဲ့ အမျိုးသားတွေအတွက် အဆီ၊ မလိုင်နည်းတဲ့ နွားနို့ကို နေ့စဉ် ပုံမှန်သောက်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။

၃။ ကြက်ဥအနှစ်
ဗီတာမင် D အပြင် တခြားသော အာဟာရဓါတ်များစွာကို ကြက်ဥအကာထက် ကြက်ဥအနှစ်ကနေ ရရှိပါတယ်။ အမျိုးသားတွေ ကြက်ဥ တစ်နေ့ တစ်လုံး ပုံမှန်စားပေးခြင်းဖြင့် ကျန်းမာရေးနဲ့လည်း ညီညွတ်စေသလို ကျားဟော်မုန်းကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

၄။ ပင်လယ်စာတွေ
ကရုကမာကောင်၊ ဂဏန်း၊ ပုဇွန်မှာ ပါဝင်တဲ့ ဇင့်ဓါတ်တွေဟာ ကျားဟော်မုန်းကို မြှင့်တင်ပေးဖို့ အထောက်အကူပြုပါတယ်။ အသက်ကြီးလာတဲ့အခါမှာ အမျိုးသားတွေမှာ ကျားဟော်မုန်း လျော့နည်းလာတဲ့အတွက်

ပင်လယ်စာ ကို စားသုံးပေးခြင်းဖြင့် testosterone ကို မြင့်တက်စေနိုင်ပါတယ်။

၅။ အမဲသား
အမဲသားမှာ ကျားဟော်မုန်းကို မြှင့်တင်ပေးနိုင်တဲ့ အာဟာရဓါတ်တွေအပြင် ဇင့်ဓါတ်နဲ့ ဗီတာမင် D ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။ အဆီများတဲ့အတွက် အလွန်အကျွံ စားသုံးမယ်ဆိုရင်တော့ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ မြင့်တက်စေတာကြောင့် လိုတာထက် ပိုပြီးတော့ မစားသင့်ပါဘူး။

၆။ ပဲအမျိုးမျိုး
အမျိုးသားတွေအတွက် လိုအပ်တဲ့ ကျားဟော်မုန်းကို ထုတ်လုပ်ပေးတဲ့ နေရာမှာ အထောက်အကူပြုပေးနိုင်တယ်။ အာဟာရဓါတ်၊ ပရိုတင်းဓါတ်တွေ ပါဝင်လို့ နေ့စဉ် အစာအာဟာရထဲမှာ မဖြစ်မနေ စားပေးသင့်ပါတယ်။  

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Some text some message..