အဆုတ်ထဲက ချွဲသလိပ်တွေကို ဖယ်ရှားပေးမယ့် အစားအစာတွေ
hellosayarwon.com
|
2019-11-24

အဆုတ် ထဲမှာ ရှိနေတဲ့ချွဲသလိပ်တွေကြောင့် နေရထိုင်ရခက်နေတာမျိုးရှိလား။ ဆေးတွေသောက်ပေမယ့်လည်း သိပ်မသက်သာသလိုပဲ တစ်ခုခုစားခါနီးတိုင်းလည်း ချွဲကျပ်စေမလားဆိုပြီး စိတ်ပူနေမိတယ်ဆိုရင်တော့ ဒီချွဲသလိပ်တွေကို အကောင်းဆုံးတိုက်ဖျက်ပေးနိုင်မယ့် အစားအစာတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။

အဆုတ်ထဲက ချွဲသလိပ်တွေကို ဖယ်ရှားပေးနိုင်မယ့် အစားအစာတွေကဘာတွေများလဲ……….
အဆုတ်ထဲကချွဲတွေကို ဖယ်ရှားဖို့အတွက် ဆေးမသောက်ချင်ဘူး။ ဆေးသောက်ရတာတွေများလွန်း လို့ ဆေးမသောက်ချင်ဘူး ဆိုရင် အခုပြောပြမယ့် စားစရာလေးတွေကို စားပေးကြည့်စေချင်ပါတယ်။

ဖရုံစေ့က ကိုယ်တွင်းက ချွဲတွေကို အကောင်းဆုံးဖယ်ရှားပေးနိုင်ပါတယ်။ ချွဲတွေကိုပျော်စေနိုင်ပြီး ချွဲကျပ်တာကို အထိရောက် ဆုံးသက်သာစေနိုင်မှာပါ။ ဖရုံစေ့က ချွဲတွေကိုတင်ပျော်စေတာမဟုတ်ပါဘူး။ အခြားကျန်းမာရေး အကျိုးကျေးဇူးတွေလည်း များပါတယ်။ နေ့စဉ် ဖရုံစေ့လက်တစ်ဆုပ်စာလောက်စားပေးပါ။

ကြက်သွန်နီမှာပါတဲ့ quercetin ဒြပ်ပေါင်းက ရောင်ရမ်းမှုကို လျော့ကျစေနိုင်သလို အသက်ရှုလမ်းကြောင်းကို သန့်စင်စေနိုင်ပါတယ်။ ဒါကြောင့် အဆုတ်ထဲကချွဲတွေပျော်ပြီး

အသက်ရှုလမ်းကြောင်း ကျန်းမာစေဖို့အတွက် ကြက်သွန်နီကို ဟင်းချက်ပြီးပဲဖြစ်ဖြစ် အသုပ်တွေထဲမှာထည့်ပြီးပဲဖြစ်ဖြစ်စားပေးပါ။ ချင်း (

ဂျင်း ) ချင်း (ဂျင်း) က နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပြီး ပန်းနာရင်ကျပ်ဝေဒနာခံစားနေရသူတွေအတွက်လည်း အထူးသင့်တော်ပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလို ကိုယ်တွင်းက ချွဲသလိပ်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။

နှလုံး ကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ချင်း (ဂျင်း) ကို စွပ်ပြုတ်ထဲမှထည့်ပြီး သောက်တာဖြစ်ဖြစ်၊

ရေနွေး ထဲမှာ စိမ်ပြီးသောက်တာဖြစ်ဖြစ် သောက်လို့ရသလို ချင်း (ဂျင်း) သုပ်လည်း သုပ်စားလို့ရပါတယ်။

နာနတ်သီး နာနတ်သီးက ချိုပေမယ့် ချွဲသလိပ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ နာနတ်သီးမှာပါတဲ့ bromelain က လည်ချောင်း နဲ့ အဆုတ်ထဲက ချွဲသလိပ်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ နာနတ်သီးဖျော်ရည်က ချောင်းဆိုးသက်သာစေနိုင်သလို အဆုတ်နဲ့ အသက်ရှုလမ်းကြောင်းတလျှောက်က ချွဲသလိပ်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်မှာပါ။

အစိုဓာတ်ထိန်းပေးနိုင်ပြီး အသက်ရှုလမ်းကြောင်းတလျှောက်

အစိုဓာတ် ထိန်းပေးပြီး ချွဲတွေကို ပျော်စေနိုင်သလို ဝမ်းကနေတဆင့် ချွဲတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။

ချွဲသလိပ်တွေကိုဖယ်ရှားပေးဖို့အတွက် စားပေးသင့်တဲ့အစားအစာတစ်ခုပေါ့။

ပိုတက်ဆီယမ် ၊ ဗီတာမင် C နဲ့ ရေဓာတ်ကြွယ်ဝ မှုတို့က ခန္ဓာကိုယ်ကို သန့်စင်စေပြီး ကိုယ်တွင်းက ချွဲသလိပ်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။

ကိုယ်ခံအား ကိုလည်း ကောင်းစေနိုင်ပါတယ်။ ဆေးသောက်ရမှာကြောက်တယ်။ ချွဲသလိပ်တွေကြောင့် စိတ်ညစ်နေရလို့ ချွဲသလိပ်တွေကိုလည်းဖယ်ရှားချင်တယ်ဆိုရင် အခုပြောခဲ့တဲ့ အစားအစာလေးတွေကို စားပေးကြည့်စေချင်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။




Some text some message..