
- ရာသီလာစဉ် နာကျင်ခြင်းသည်အမျိုးသမီးများ ဓမ္မတာလာသည့်အချိန်တွင် ဝမ်းဗိုက်အောက်ပိုင်း နေရာတဝိုက် ကိုက်ခဲနာကျင်ခြင်း ဖြစ်သည်။အချို့အမျိုးသမီးများတွင် နေ့စဉ်လှုပ်ရှားမှုကို ထိခိုက်နိုင်သည်အထိ နာကျင်မှုများ ဆိုးရွားနိုင်ပါသည်။လက္ခဏာများ- ဝမ်းဗိုက်အောက်ပိုင်း နာကျင်ခြင်း- ခါးကိုက်ခြင်း၊ ခြေသလုံး၊ ပေါင်ရင်း ကိုက်ခြင်း- ပျို့အန်ခြင်း- ဝမ်းပျော့ပျော့ သွားခြင်း- ခေါင်းကိုက်ခြင်း- မူးဝေခြင်းဖြစ်ပွားရသောအကြောင်းအရင်းများ- ရာသီလာစဉ် သားအိမ်ကြွက်သားများ ကျုံ့ခြင်း၊ ဆန့်ခြင်းကြောင့် ဖြစ်သည်။ Prostaglandin ( ပရိုစတာဂလန်ဒင် ) ဟုခေါ်သည့် ဟော်မုန်းသည်သားအိမ်ကြွက်သားလှုပ်ရှားမှုကို ပိုမိုဖြစ်စေသည်။ ထိုဟော်မုန်း များများထွက်လေ၊ ရာသီလာစဉ် နာကျင်မှု ပိုဖြစ်လေ ဖြစ်သည်။- သားအိမ်ပိုင်းဆိုင်ရာ ရောဂါများကြောင့်လည်း ဖြစ်နိုင်သည်။(၁) သားအိမ်သွေးလုံး ( Endometriosis )(၂) သားအိမ်အသားလုံး ( Uterine Fibroids )(၃) သားအိမ်ပွခြင်း (Adenomyosis )(၄) သားအိမ်ယောင်ခြင်း (Pelvic Inflammatory Disease )(၅) သားအိမ်ခေါင်းကျဉ်းခြင်း ( Cervical Stenosis )ဖြစ်နိုင်ချေများသူများ-အသက်(၃၀) နှစ်အောက်ငယ်သူများ- ပျိုဖော်ဝင်ချိန် စောလွန်းသူများ- ရာသီလာစဉ် သွေးအလွန်ဆင်းသူများ- ရာသီပုံမှန် မဆင်းသူများ- ကလေးတစ်ခါမှ မမွေးဘူးသူများ- မျိုးရိုးတွင်အလားတူ ရောဂါရှိသူများ- ဆေးလိပ်သောက်သူများနောက်ဆက်တွဲ လက္ခဏာများ- ရာသီလာစဉ် နာကျင်ခြင်းကြောင့် ပြင်းထန်သော နောက်ဆက်တွဲရောဂါများ မဖြစ်နိုင်သော်လည်း နေ့စဉ်လှုပ်ရှားသွားလာမှုများကို ထိခိုက်နိုင်ပါသည်။- သားအိမ်ပိုင်းဆိုင်ရာ ရောဂါရှိသောအမျိုးသမီးများတွင်မူ နောက်ဆက်တွဲ လက္ခဏာများအဖြစ် ကလေးမရနိုင်ခြင်း၊ သားအိမ်ပြင်ပ သန္ဓေတည်ခြင်း၊သားဥပြွန် ထိခိုက်ခြင်းတို့ ဖြစ်နိုင်ပါသည်။ဆရာဝန်နှင့် သွားရောက်ပြသသင့်သောအချက်များ- နေ့စဉ် လှုပ်ရှားသွားလာမှုများကို ထိခိုက်သည်အထိ ရာသီလာစဉ် နာကျင်ကိုက်ခဲနေလျှင် (သို့) ခံစားရသော ဝေဒနာများ ပိုမိုဆိုးရွားလာလျှင် ဆရာဝန် နှင့် သွားရောက်ပြသသင့်ပါသည်။စစ်ဆေးမှုများ- ဆရာဝန်မှ ရောဂါရာဇဝင် သေချာမေးမြန်းပြီး စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပါမည်။ လိုအပ်ပါကအမျိုးသမီး မျိုးပွားအင်္ဂါများ စစ်ဆေးပါမည်။- သားအိမ်ပိုင်းဆိုင်ရာ ရောဂါများကြောင့် ဖြစ်နိုင်သည်ဟု သံသယရှိပါကအောက်ပါစမ်းသပ်စစ်ဆေးမှုများ ပြုလုပ်နိုင်ပါသည်။(၁)အသံလှိုင်းတီဗွီ ဓါတ်မှန် (Ultrasound)(၂) သံလိုက်ပုံရိပ်ဖော်စက် (MRI)(၃) မှန်ပြောင်းအသုံးပြုပြီး သားအိမ်ပိုင်းဆိုင်ရာ ရောဂါရှိမရှိ ရှာဖွေခြင်းကုသခြင်း-အကိုက်အခဲပျောက်ဆေး သောက်ခြင်း (e.g Ibuprofen, Paracetamol )- သားဆက်ခြားဆေး သောက်ခြင်း ( ကိုယ်ဝန်တားဆေးတွင်ပါဝင်သည့် ဟော်မုန်းများသည် ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကို သက်သာစေသည်။)- သားအိမ်ပိုင်းဆိုင်ရာ ရောဂါများအတွက် ခွဲစိတ်ကုသခြင်းလူနေမှုပုံစံပြောင်းခြင်း နှင့်အိမ်တွင်းကုထုံးများ- လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးပါ။- ရေနွေးအိတ်ကို ဝမ်းဗိုက်အောက်ပိုင်းနေရာသို့ ကပ်ပေးခြင်းဖြင့် နာကျင်ကိုက်ခဲမှုများ သက်သာနိုင်ပါသည်။- ဗီတာမင် B1, B6, E, Omega 3 (အိုမီဂါ ၃) နှင့် မဂ္ဂနီဆီယမ် ပါဝင်သောအားဆေးသောက်ခြင်း။-အရက် နှင့် ဆေးလိပ်သောက်ခြင်း ရှောင်ကြဉ်ပါ။- စိတ်ဖိစီးမှု နည်းအောင်နေထိုင်ပါ။Ref: Mayo ClinicBy Dr. SMMPသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။