တစ်နေ့ကို သီဟိုဠ်စေ့ ၄ စေ့စားပေးမယ်ဆိုရင် သင့်ခန္ဓာကိုယ်မှာဘာတွေဖြစ်လာမလဲ?
trend.com.mm
|
2019-11-29

သီဟိုဠ်စေ့ဟာ တစ်ချို့သောအစားအစာတွေမှာပါဝင်တတ်သလို ဟင်းလျာတွေထဲမှာလည်းပါဝင်တတ်ပါတယ်။သရေစာအနေနဲ့လည်းစားပေးနိုင်တဲ့အရသာရှိတဲ့အစေ့တစ်မျိုးဖြစ်ပါတယ်။ဒီသီဟိုဠ်စေ့နဲ့ပတ်သက်ပြီး ကျန်းမာရေးကောင်းကျိုးတွေဘယ်လောက်များရှိနိုင်မလဲ?လေ့လာချက်တွေအရ တစ်နေ့ကို သီဟိုဠ်စေ့ ၄ စေ့စားပေးမယ်ဆိုရင်…


*ဆံသားတွေတောက်ပလာမယ်


သီဟိုဠ်စေ့မှာပါဝင်တဲ့ Copper ဓာတ်ဟာ ဆံသားကိုတောက်ပစေပြီး ဆံသားကျန်းမာသန်စွမ်းစေပါတယ်။ဒါ့အပြင် ဆံသားအရောင်မညီမျှတာတွေကိုလည်းလျှော့ချပေးနိုင်ပြီး ဆံနွယ်လေးတွေပိုပြီးလှပလာစေပါတယ်။


*ကိုယ်အလေးချိန်ထိန်းပေးတယ်


အစေ့အဆန်တွေစားပေးတာက ကိုယ်အလေးချိန်ထိန်းတဲ့နေရာမှာ အထောက်အကူဖြစ်တယ်လို့ တစ်ချို့သောသူတွေသိပြီးသားပါ။သီဟိုဠ်စေ့ဟာလည်း ကိုယ်အလေးချိန်ချတဲ့နေရာမှာကူညီပေးနိုင်ပါတယ်။သီဟိုဠ်စေ့မှာပါဝင်တဲ့အဆီက ကျန်းမာရေးနဲ့ညီညွှတ်ပြီး ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်ကို ကောင်းမွန်စွာလည်ပတ်စေပါတယ်။ဇီဝဖြစ်စဉ်ကောင်းမွန်စွာလည်ပတ်တဲ့အခါ ဝိတ်လည်းမြန်မြန်ကျဆင်းပါတယ်။ဒါကြောင့်သရေစာစားမယ်ဆိုရင် သီဟိုဠ်စေ့ ၄ စေ့ခန့်စားပေးနိုင်ပါတယ်။


*အားအင်ပြည့်လန်းဆန်းနေမယ်


နေ့တိုင်းသီဟိုဠ်စေ့ ၄ စေ့စားပေးတဲ့အခါ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ vitamins E ၊ K ၊ B6 ၊ copper ၊ phosphorus ၊ zinc ၊ magnesium ၊ iron ၊ selenium စတဲ့ဓာတ်တွေအမြဲရလာပါတယ်။ဒါကြောင့် အရင်လိုမောပန်းနွမ်းလျမနေတော့ပဲ အားအင်ပြည့်လန်းဆန်းနေပါလိမ့်မယ်။


*သွားလေးတွေပိုကျန်းမာလာမယ်


သီဟိုဠ်စေ့မှာ anacardic acid ပါဝင်တဲ့အတွက် သွားတွေမြန်မြန်ပျက်စီးမယ့်အရေးကနေ ကာကွယ်ပေးနိုင်ပါတယ်။ဒါ့အပြင် ဝက်ခြံတွေကိုလည်းလျော့ပါးသက်သာစေပါတယ်။


*ခေါင်းကိုက်ဝေဒနာသက်သာစေ


မဂ္ဂနီဆီယမ်ဓာတ်ချို့တဲ့တာက ကျန်းမာရေးပြဿနာတော်တော်များများဖြစ်စေပါတယ်။သွေးဖိအားများတာ၊မကြာခဏခေါင်းကိုက်တာ၊ခန္ဓာကိုယ်နာကျင်ကိုက်ခဲတာတွေဟာ မဂ္ဂနီဆီယမ်ဓာတ်ချို့တဲ့တဲ့အတွက်ကြောင့်ပါ။သီဟိုဠ်စေ့စားပေးတာက မကြာခဏခေါင်းကိုက်တဲ့ဝေဒနာကို
လျော့ပါးသက်သာစေပါတယ်။


*မျက်လုံးနဲ့အရိုးကျန်းမာရေးကောင်းမွန်စေ


သီဟိုဠ်စေ့မှာ lutein နဲ့ zeaxanthin တို့ပါဝင်တာကြောင့်မျက်စိထဲကို ပတ်ဝန်းကျင်က အမှုန်အမွှားတွေ၊ကူးစက်ပိုးမွှားတွေမဝင်ရောက်နိုင်အောင်တားဆီးပေးနိုင်ပါတယ်။Copper ဓာတ်ပါဝင်တဲ့အတွက်ကြောင့်လည်း အရိုးအကြောတွေကိုပိုပြီးသန်မာလာစေပါတယ်။


*အသားအရည်ပိုကြည်လင်လာစေ


သီဟိုဠ်စေ့မှာ အသားအရည်အတွက် အဓိကအကျိုးကျေးဇူးဖြစ်စေတဲ့ copper နဲ့ တစ်ခြား antioxidant တွေပါဝင်တာကြောင့် သီဟိုဠ်စေ့ တစ်နေ့ ၄ စေ့ ပုံမှန်စားပေးမယ်ဆိုရင် သင့်ရဲ့အသားအရည်က အရင်ကထက်တင်းရင်းလာပြီး ပိုကြည်လာတာကိုတွေ့ရပါလိမ့်မယ်။

သတိထားရမှာကတော့ တစ်နေ့ကို ၄ စေ့၊ ၅စေ့ထက် ပိုမစားမိဖို့ပါပဲ။ပိုစားမိရင် ခေါင်းကိုက်ဝေဒနာခံစားလာရနိုင်ပါတယ်။




Some text some message..