လေ့လာတွေ့ရှိချက်များအရ နေ့စဉ် ၂ နာရီတိုင်းတွင် လူတစ်ယောက်မျှ (မိမိကိုယ်ကိုသေ ကြောင်းကြံစည်ခြင်း) ကို ပြုလုပ်နေကြသည်။ အများစုမှာ (78%) အမျိုးသားများမှာ ဖြစ်ကြသည်။ အသက်အရွယ်ကြီးလာသည်နှင့်အမျှ (မိမိကိုယ်ကိုသေကြောင်းကြံစည်)နှုန်းလည်း မြင့်တက်လာပါ သည်။ အများဆုံး အသက်အရွယ် အပိုင်းအခြားမှာ 45-49 နှစ်ကြားရှိလူများတွင် ဖြစ်ပါသည်။ (မိမိကိုယ်ကိုသေကြောင်းကြံစည်ခြင်း) ကို ဖြစ်စေနိုင်သော အကြောင်းအရာများမှာ (၁) မူးယစ်ဆေးဝါးနှင့် အရက်အလွန်အကျွံသောက်ခြင်း။ (၂) ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရသော ရာဇဝင်ရှိခြင်း။ (၃) အလုပ်လက်မဲ့ဖြစ်ခြင်း။ (၄) နေထိုင်နေသော ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကြောင့်ဖြစ်ခြင်း။ (၅) ဆင်းရဲခြင်း။ (၆) လူနေမှုအဆင့်အတန်းနိမ့်ကျခြင်း။ (၇) အကြမ်းဖက်မှုနှင့် တွေ့ကြုံရခြင်း။ (၈) မိသားစုပြိုကွဲခြင်း စသည့် ပြဿနာအမျိုးမျိုးကြောင့် စိတ်ဓာတ်ကျ၍ (မိမိကိုယ်ကိုသေကြောင်း ကြံစည်ခြင်း) ကို ပြုလုပ်ကြသည်။ (မိမိကိုယ်ကိုသေကြောင်းကြံစည်ခြင်း) ကိုကာကွယ်ခြင်း (မိမိကိုယ်ကိုသေကြောင်းကြံစည်ခြင်း) ဟူသော အတွေးသည် တစ်ဒင်ဂအတွေးနှင့် ဆုံးဖြတ်ချက်ကြောင့် ဖြစ်နိုင်သည်။ အနီးကပ်ရှိသူများ၏ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှု အကူအညီသည် စိတ်ဓာတ်ကျ ဆင်းနေသူများအတွက် အကောင်းဆုံးဆေးဖြစ်သည်။ လိုအပ်ပါက ကျွမ်းကျင်သော ဆရာဝန်၊ စိတ်ကျန်းမာရေး ပညာရှင်များနှင့် ကုသသင့်ပါသည်။ မိမိပတ်ဝန်းကျင်ရှိ စိတ်ဝေဒနာခံစားနေရသူ၊ စိတ်ဓာတ်ကျနေသူ၊ အားငယ်နေသူများအား စိတ်ပိုင်းဆိုင်ရာ အားပေးထောက်ပံ့ခြင်းဖြင့် ကုသိုလ်ယူကြပါစို့။ Credit : Dr.Snow သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။