ဘယ်လိုအကြောင်းအရင်းတွေကြောင့် မူးနောက်နောက်ခံစားရပြီး ဘယ်အချိန်မှာ စိုးရိမ်စိတ်ထားရမလဲ
lifestylemyanmar.com
|
2019-12-11



မူးဝေဝေဖြစ်တာနဲ့ ခေါင်းထဲပေါ့နေခြင်းက မတူညီကြသလို ဆရာဝန်တွေဆီသွားပြတဲ့အခါမှာလည်း လူအများစုက သေသေချာချာ မပြောပြတတ်ကြပါဘူး။ ကိုယ့်ရဲ့တစ်နေ့တာက အလေ့အကျင့်လေးတွေကို ပြောင်းလဲလိုက်ခြင်းအားဖြင့် မူးဝေဝေဖြစ်တာကို သက်သာအောင်လုပ်ဆောင်နိုင်ပေမယ့်လည်း တစ်ခါတစ်လေကျတော့ ကိုယ်မသိနိုင်တဲ့ အခြေအနေတွေကို ညွှန်ပြနေနိုင်ပါတယ်။

အခုတစ်ခါ ဆောင်းပါးလေးမှာတော့ ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ ဘာတွေဖြစ်နေလဲဆိုတာကို နားလည်သဘောပေါက်အောင် ကူညီပေးနိုင်မယ့် ရိုးရိုးရှင်းရှင်း လက္ခဏာရပ်တစ်ချို့ကို ပြောပြပေးချင်ပါတယ်။

ရေဓာတ်ခမ်းခြောက်ခြင်း


Lifestyle Myanmar

တစ်ခါတစ်လေကျတော့ ပြဿနာကြီးတွေအတွက် အဖြေက ရေတစ်ခွက်သောက်ဖို့လေးပါပဲ။ ရေဓာတ်ခမ်းခြောက်ခြင်း သို့မဟုတ် အပူဓာတ်လွန်ကဲခြင်းက သွေးပမာဏကို လျော့ကျစေနိုင်ကာ ထိုမှတဆင့် သွေးလည်ပတ်မှုခက်ခဲလာပြီး ဦးနှောက်မှလည်း အောက်ဆီဂျင်ရရှိမှု နည်းပါးလာမှာဖြစ်ပါတယ်။


Lifestyle Myanmar

ဒါကြောင့် နေ့စဉ်မှန်မှန် သင့်တင့်မျှတတဲ့ ရေပမာဏကို သောက်သုံးပေးရမှာဖြစ်ပြီး အထူးသဖြင့် နေမကောင်းဖြစ်နေတဲ့ အချိန်မျိုးတွေဆိုရင် ပိုလို့တောင်လိုအပ်ပါသေးတယ်။ရေ ၂ လီတာလောက် သောက်ပြီးတာတောင် မူးနောက်နောက် ခံစားနေရသေးတယ်ဆိုပါက သေချာမသိနိုင်တဲ့အခြေအနေတစ်ခုခုကို ကြုံတွေ့နေနိုင်ပြီဖြစ်တာကြောင့် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်နေပါပြီ။

စိတ်ပူပန်စိုးရိမ်ခြင်း


Lifestyle Myanmar

ဒီလိုအခြေအနေက လူတိုင်းမှာဖြစ်နိုင်ပြီးတော့ သူ့ရဲ့လက္ခဏာတွေထဲက တစ်ခုကတော့ မူးနောက်နောက်ဖြစ်တာ သို့မဟုတ် ခေါင်းထဲပေါ့နေတာပဲဖြစ်ပါတယ်။ ထိုအခါ ခန္ဓာကိုယ်မှ ပုံမှန်ထက်မြန်မြန်နှင့် ပြင်းပြင်းအသက်ရှူပြီး တုံ့ပြန်လာကာ ထိုခံစားချက်ကပျောက်မသွားဘူးဆိုရင်တော့ အဒရီနာဂလင်းတွေက ဦးနှောက်ဆီရောက်တဲ့အခါ ခေါင်းပေါ့ခြင်းကို ဖြစ်စေနိုင်ပါတယ်။

ထိုအခါ ထိုင်စရာနေရာတစ်ခုရှာလိုက်ပြီးတော့ ပုံမှန်အတိုင်းပဲ အသက်ကိုရှူသွင်းရှူထုတ်လုပ်ပေးပါ။အကယ်လို့ စိတ်ပူပန်စိုးရိမ်ခြင်းက ဘယ်လိုမှထိန်းချုပ်လို့မနိုင်ဘူးဆိုပါက ထိတ်လန့်ခြင်းကိုခံစားရနေနိုင်လို့ ဆရာဝန်ဆီသွားရောက်ပြသဖို့ လိုအပ်လာပါပြီ။

ဓာတ်မတည့်ခြင်း


Lifestyle Myanmar

သင့်ရဲ့နားအတွင်းပိုင်းက ဟန်ချက်ညီမှုကို ထိန်းချုပ်ရန်တာဝန်ရှိသည့်အတွက် သင့်ရဲ့ System အတွင်းသို့ ဖုန်၊ တိရစ္ဆာန်အမွှေးမျှင်၊ ဝတ်မှုန် စသည့်တို့ ဝင်ရောက်သွားပြီဆိုပါက နားအတွင်းကို ပိတ်ဆို့မှုတွေ ရောင်ရမ်းမှုတွေဖြစ်စေနိုင်ပါတယ်။ ဤအခြေအနေမှာ ခန္ဓာကိုယ်က သွေးပေါင်ချိန်ကိုလည်ပတ်စေခြင်းဖြင့် ပြန်လည်တုံ့ပြန်မှာဖြစ်လို့ ထိုမှတဆင့် ခေါင်းပေါ့ခြင်းကို ဖြစ်လာစေနိုင်ပါတယ်။


Lifestyle Myanmar

အကယ်လို့ ကိုယ်က အချို့သောအစားအစာတွေ၊ ပန်းတွေ၊ တိရစ္ဆာန်တွေနဲ့ ဓာတ်မတည့်ဘူးဆိုပါက စားသောက်နေထိုင်မှုပုံစံကို ပြောင်းလဲသင့်နေပါပြီ။

သွေးပေါင်ချိန်ကျခြင်း


Lifestyle Myanmar

ခေါင်းထဲပေါ့ရွတ်ရွတ်ကြီးလို ခံစားရတဲ့အခိုက်အတန့်အများစုက သွေးပေါင်ချိန်ကျခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သွေးပေါင်ချိန်ကို လည်ပတ်စေတဲ့ ကျွန်ုပ်တို့ရဲ့ အာရုံကြောစနစ်ထဲက အစိတ်အပိုင်းတစ်ခုက ယိုယွင်းမှုဖြစ်လာတဲ့အခါ ရုတ်ချည်းဆိုသလို သွေးပေါင်ကျခြင်းကို ဖြစ်စေတတ်ရာကနေ ခေါင်းပေါ့ခြင်းကို ခံစားရခြင်းဖြစ်ပါတယ်။

မကြာခဏခံစားနေရပြီဆိုရင်တော့ ပုံမှန် စစ်ဆေးကြည့်တာ ပိုကောင်းပြီးတော့ ဆေးဝါးမှီဝဲသင့်ရင် မှီဝဲရမှာဖြစ်ပါတယ်။

#Lifestyle_Myanmar

#Thinzar

Ref- brightside




Some text some message..