ကျွန်မတို့ခန္ဓာကိုယ်မှာ အဆီပိုအချို့ရှိနေလျှင် များသောအားဖြင့် ကျွန်မတို့မျက်နှာမှာ ဦးစွာဖော်ပြပါတတ်ပါတယ်။ အမှန်တကယ်မှာတော့ လည်ပင်းနှင့် မျက်နှာအဆီတို့ဟာ ကျွန်မတို့ခန္ဓာကိုယ် အလေးချိန်တက်ခြင်းမှာလည်း အကျိုးသက်ရောက်မှုရှိပါတယ်။ ကျွန်မတို့ရုံးခန်းမှာ အလုပ်လုပ်ချိန် ဆိုးရွားတဲ့ ကိုယ်ဟန်အနေအထားနှင့် အိပ်စက်တဲ့ အနေအထားတွေကလည်း ကျွန်ုပ်တို့အားလုံးအတွက် မေးနှစ်ထပ်ဖြစ်စေတဲ့ အန္တရာယ်တွေ ဖြစ်ပါတယ်။
ယနေ့မှာတော့ မျက်နှာနှင့် ခန္ဓာကိုယ်အဆီ ကျဆင်းစေနိုင်သော နည်းလမ်းလေးတွေကို ရှာဖွေ
ပြီး ကျွမ်းကျင်သူများ၏ အကြံပေးချက်များကို မျှဝေတင်ပြလိုက်ရပါတယ်။
၁။ သင့်ရဲ့ ကိုယ်ဟန်အနေအထားကို ပြင်ဆင်ပါ
ဒီအချက်က သင့်အတွက် surprise ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မှားယွင်းတဲ့ ကိုယ်ဟန်အနေအထားတစ်ခုဟာဆိုရင် ကျွန်တော်တို့ရဲ့ နောက်ကျောက်ဘက်နှင့် ကျောရိုးမကြီးကိုသာမက ကျွန်တော်တို့မျက်နှာမှာလည်းပဲ အကျိုးသက်ရောက်မှုရှိစေပါတယ်။ သင့်ရဲ့ခေါင်းကိုအရမ်းငုံ့ချပြီး လျော့ရဲစွာ ထိုင်မယ်ဆိုရင် မေးစေ့နှစ်ထပ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့ သင့်ရဲ့နောက်ကျောကို ဖြောင့်ဖြောင့်ထားပြီးထိုင်ပါ။ တွေ့ရှိချက်တစ်ခုအရ သင့်ရဲ့လည်ပင်းနှင့် မျက်နှာကြွက်သား ဧရိယာအတွင်းမှာရှိတဲ့ အရေပြားဟာ ၎င်းရဲ့ elasticity ဂုဏ်သတ္တိတွေ ဆုံးရှုံးလာတဲ့အတွက် လည်ပင်းနှင့် မျက်နှာ ကြွက်သားတွေ အလွန်အားနည်းပါတယ်။
၂။ တည့်မတ်သောအနေအထားနှင့် အိပ်စက်ရန်ရွေးချယ်ပါ
လေ့လာတွေ့ရှိချက်တွေအရ အိပ်စက်ခြင်းဟာ အလေးချိန်တိုးခြင်းနှင့် အဝလွန်ခြင်းကို လျော့ချနိုင်တယ်လို့ ဆိုပါတယ်။အခြားတွေ့ရှိချက်တစ်ခုမှာတော့ အိပ်စက်မှု ကင်းမဲခြင်းက အာသာပြင်းပြမှုကို တိုးပွားစေပြီး metabolism ကို လျော့ကျစေနိုင်ပါတယ်။ အရေးကြီးအချက်တစ်ချက်အနေနဲ့ ငယ်ရွယ်စဉ်မှာကတည်းက မျက်နှာ အသားအရေတွန့်လာနိုင်တဲ့အတွက် ခေါင်းအုံးမှာ မျက်နှာအပ်ပြီး အိပ်စက်ခြင်းကို ရှောင်ပါ။ သိပ္ပံပညာရှင်တွေရဲ့အကြံပေးချက်အရ ပက်လက်အိပ်စက်ခြင်းက မျက်နှာအသားအရည် မို့ အစ်ခြင်း၊ ဖူးရောင်ခြင်းတို့ကို ဖယ်ရှားပေးခြင်းနှင့် ရေဓာတ်စွဲမြဲစေဖို့ ကူညီပေးပါတယ်။
၃။ ပီကဝေါးပါ
ပီကေဝါးခြင်းဟာ သင့်မျက်နှာကြွက်သားတွေအတွက် လေ့ကျင့်ခန်းလုပ်ခြင်းတစ်မျိုးပါပဲ။လေ့လာမှုတစ်ခုအရ အစာစားပြီးတိုင်း ပီကေဝါးတဲ့ လူတွေဟာ ပိုပြီး ဗိုက်ပြည့်လွယ်တယ်လို့ ခံစားရစေပါသတဲ့။ အဆာပြေအစာတစ်ခုခု စားပြီးတိုင်းမှာလည်း ပီကေဝါးသင့်ပါတယ်။ ဒါမှသာလျှင် သင့်ရဲ့အဆီပိုတွေက မြန်မြန်ဆန်ဆန် လျှော့ကျစေနိုင်မှာပါ သင့်ရဲ့ခံတွင်းကျန်းမာရေးကိုထိန်းသိမ်းဖို့ရန်နှင့် ကယ်လိုရီအပိုတွေထပ်မထည့်မိစေဖို့အတွက် သကြားနည်းတဲ့ ပီကေကိုသာ စားပါ။
၄။ သဘာဝပါဝင် ပစ္စည်းများဖြင့်သာ အလှပြင်ပါ
သဘာဝက ကျန်းမာရေးနှင့် အလှအပကုသရေးအတွက် အကောင်းဆုံးလိုအပ်ချက်ကို ပေးစွမ်းပါတယ်။
ကျွန်တော်တို့ဟာ အရေပြားခြောက်သွေ့မှုကို လျော့ကျစေဖို့၊ ၎င်းရဲ့ elasticity ကို ပြန်လည်ထိန်းသိမ်းဖို့ နှင့် အသားအရေအတွက်အထောက်အကူဖြစ်မယ့် အလှဖန်တီးဖို့အတွက် ပျားရည်၊အလှဆီ၊ နွားနို့၊ ကြက်ဥ စတဲ့ပစ္စည်းတွေကို အသုံးပြုပေးနိုင်ပါတယ်။
၅။ လေချွန်နည်းသင်ယူပါ ပြီးလျှင် လေချွန်ပါ
သင်သာ လေချွန်တတ်သူ တစ်ယောက်ဖြစ်လျှင် သင်ဟာ ကံအကောင်းဆုံး လူသားတွေထဲက တစ်ယောက်ပါ,။
လေမချွန်တတ်သေးဘူးဆိုရင်တော့ သင့်အနေနဲ့ အချိန်ပေးပြီး သင်ယူသင့်ပါတယ်။ ခိုင်လုံတဲ့အကြောင်းပြချက်အနေနဲ့ သင့်မျက်နှာနဲ့ လည်ပင်းကြွက်သားတွေအတွက် လေ့ကျင့်ခန်းကောင်းတစ်ခုဖြစ်သလို မေးနှစ်ထပ်ဖြစ်ခြင်းကိုလည်း လျော့ကျစေနိုင်ပါတယ်။ သင့်ရဲ့ကျောကို မတ်မတ်ထားပြီး သင့်ရဲ့ ပုခုံးတွေကို နှိမ့်ချထားပြီး ထိုင်လိုက်ပါ။ ပြီးလျှင်ရှေ့ကို နည်းနည်းကြည့်ပါ ။နောက်ဆုံးအဆင့်အနေနှင့် စက္ကန့်၁၀မှ ၂၀အတွင်း ၁၀ကြိမ်လောက်အထိ သင့်ရဲ့လေ့ကျင့်ခန်းကို စတင်နိုင်ပါပြီ။
၆။ သင့်ရဲ့ နေ့စဉ်အစားအစာတွေထဲမှာ အစေ့အဆန်များ၊ လတ်ဆတ်တဲ့ အသီးအရွက်များ ထပ်ထည့်ပါ
အဆီလျှော့ချခြင်းကို ကူညီဖို့ရန် ညီမျှတဲ့ အစားအစာဖြစ်ဖို့အတွက် အစေ့အဆန်များနှင့်အတူ သန့်စင်တဲ့ ကာဗိုဟိုက်ဒရိတ်နှင့် ပြန်လည်အစားထိုးဖို့ ကြိုးစားပါ။ ကျန်းမာရေး၊ နူးညံ့သော ၊ပြောင်းလဲနိုင်သော အရေပြား တွေအတွက် လတ်ဆတ်တဲ့ အသီးအရွက်များကို စားသုံးခြင်းဟာ အလွန်အကျိုးဖြစ်ထွန်းစေပါတယ်။ အရည်ရွှမ်းအသီးတွေဖြစ်တဲ့ သခွားသီး၊ ဖရဲသီးစတဲ့ အသီးတွေကို စားတဲ့အခါ အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ သတိရပါ။ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူံ၊ ရွှေဖရုံသီးတို့တွေမှာဆိုရင် အသားအရည် ပြည့်စုံစေတဲ့ ကော်လာဂျင် ထုတ်လုပ်မှုကို တိုးပွားစေပါတယ်။
၇။ ရေများများသောက်ပါ
အဆီပိုလာခြင်းနှင့်အလေးချိန်တက်လာခြင်းကို လျှော့ချဖို့အတွက် ရေဟာ သင့်ရဲ့အကောင်းဆုံးမဟာမိတ် ဖြစ်ပါတယ် ရေအလုံအလောက်သောက်သုံးပေးခြင်းဖြင့် အစာချေဖျက်မှူစနှစ်ကို တိုးမြှင့်ပေးနိုင်ပါတယ်။ ကျွမ်းကျွင်သူတွေရဲ့အဆိုအရ ရေဓာတ်စိမ့်ဝင်မှု အားကောင်းခြင်းဟာ အရည်စွဲမြဲမှုကို လျော့ကျစေပြီးတော့ မျက်နှာ ဖောရောင်မှုကိုလည်း လျှော့ချပစ်နိုင်ပါတယ်။ရေအလုံအလောက်သောက်သုံးခြင်းဖြင့် အရေပြားရဲ့elasticity ကို လုံခြုံစေပြီးတော့ မျက်နှာတွဲကျခြင်း လျော့ကျခြင်းများကို ကာကွယ်ပေးနိုင်ပါတယ် ။
၈။ ဆိုဒီယမ်နှင့် သကြားဓာတ်ပါဝင်မှု လျော့ချပါ
ကျွန်တော်တို့ နေ့စဉ်စားနေကျ အစားအစာတွေမှ ာကျွန်တော်တို့အနေနဲ့ ဆိုဒီယမ်ပါဝင်မှုကို လျှော့ချမယ်ဆိုရင် အရည်လျော့ကျစေနိုင်မှုကို ထိန်းသိမ်းထားဖို့ အကူအညီပေးပါတယ်။သရေစာစားခြင်းနှင့် သကြားဓာတ်ကို ရှောင်ကြဉ်ပြီးတော့ ကျန်းမာစေတဲ့ သစ်သီးဝလံများနှင့် ရေပိုသောက်ပေးခြင်းများကို အစားထိုးပေးမယ်ဆိုရင် သင့်ရဲ့ပန်းတိုင်ဖြစ်တဲ့ သွယ်လျတဲ့ မျက်နှာနှင့်အတူ ကျော့ရှင်းတဲ့လည်တိုင်လေးတွေ ရရှိလာမှာပါ။
၉။ နေ့စဉ် cardio exercise ပြုလုပ်ပေးပါ
cardio exerciseလို့ခေါ် တဲ့ ရေကူးခြင်း၊ ပြေးခြင်း၊ လမ်းမြန်မြန်လျှောက်ခြင်းနှင့် စက်ဘီးစီးခြင်းတွေဟာဆိုရင် အလွန်ကိုမှ ထိရောက်တဲ့ အေရိုးဗစ် လေ့ကျင့်ခန်းပုံစံတွေဖြစ်သလို ခန္ဓာကိုယ်တစ်ခုလုံးအတွက် ဝိတ်ချတဲ့နေရာမှာလည်း အကူအညီပေးပါတယ်။ ဒီလေ့ကျင့်ခန်း အမျိုးအစားမှာဆိုရင် အစာချေဖျက်မှုစနစ်ကို မြှင့်တင်ပေးခြင်း၊ အဆီလောင်ကျွမ်းမှုကို ထောက်ပံ့ပေးခြင်း နှင့် လည်ပင်းနဲ့ မျက်နှာတွေမှာရှိတဲ့ အဆီနဲ့ အလေးချိန်တွေကို လျှော့ချတဲ့နေရာမှာ ကူညီပေးပါတယ်။
၁၀။ အရက်သောက်သုံးခြင်း လျှော့ချပါ
ကျွမ်းကျင်သူတွေရဲ့အဆိုအရ အရက်ဟာဆိုရင် ဝိတ်တက်စေတဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ၎င်းဟာဆိုရင် ကယ်လိုရီ အရမ်းမြင့်ပြီးတော့ nutrients ပါဝင်မှု အလွန့်အလွန်ကို နည်းပါးပါတယ်။ alcoholဟာ မျက်နှာရောင်ရမ်းခြင်း နှင့် အဆီပိုတွေကို ပိုတိုးလာစေပါတယ်။ သင့်ခန္ဓာကိုယ်အလေးချိန်ကို ထိန်ထားချင်တယ်ဆိုရင်၊ နောက်ပြီး အလွန့်အလွန်ဝလာခြင်းကို ရှောင်ချင်တယ်ဆိုရင်တော့ အရက်သောက်သုံးခြင်းကို အတတ်နိုင်ဆုံးနှင့် အကောင်းဆုံးကန့်သတ်ထိန်းသိမ်းရပါမယ်။
၁၁။ အပြင်ထွက်တဲ့အခါတိုင်း sunscreen လိမ်းဖို့မမေ့ပါနဲ့
တစ်ခါတစ်ရံမှာ မေးစေ့နှစ်ထပ်ဖြစ်ခြင်းနှင့် မျက်နှာအရေပြားတွန့်လာတယ်၊ တွဲကျလာတယ်ဆိုတာ အိုမင်းရင့်ရော်လာခြင်းရဲ့ ပြယုဒ်တွေပါပဲ။ လူသိများတဲ့ အချက်တစ်ချက်အနေနဲ့ နေရောင်ခြည်ကျရောက်မှုဟာ အရေပြားများ တွန့်လာခြင်းနှင့် လျှင်မြန်စွာ အသက်အရွယ်ကြီးရင့်စေတဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဆရာဝန်တွေရဲ့ အကြုံပြုချက်အရ သင့်ရဲ့အသားအရောင်နှင့် sensitivity ဖြစ်မှုပေါ်မူတည်ပြီး SPF30 ပါဝင်တဲ့ suncreen ဒါမှမဟုတ် ဒီ့ထက် ပိုမြှင့်တာကို နေ့စဉ်သုံးပေးဖို့ အကြံပြုထားပါတယ် ။suncreen ဟာဆိုရင် အရေပြားတွဲကျခြင်း၊ အိုမင်းလွယ်ခြင်း တို့ကိုပြည့်တင်းလာစေဖို့အတွက် ကူညီပေးပါတယ်။
၁၂။ အခွင့်အရးရတဲ့အခါတိုင်း ပူစီပေါင်းမှုတ်ပါ
ပူစီပေါင်းတွေဟာ ပါတီပွဲကောင်းကောင်းတစ်ခုအတွက် အကောင်ဆုံးအလှဆင် ပစ္စည်းဖြစ်သလို မျက်နှာနဲ့ဆိုင်တဲ့ လေ့ကျင့်ခန်းတွေလုပ်တဲ့နေရာမှာလည်း အလွယ်ကူဆုံး လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။ မျက်နှာအဆီပိုတွေ လျော့နည်းစေဖို့ ရ ယ်မောခြင်းက လွယ်ကူတဲ့ နည်းလမ်းတစ်ခုဖြစ်သလို ပူစီပေါင်းမှုတ်ခြင်းဟာဆိုရင် မျက်နှာဖောင်းဖောင်းမို့မို့ဖြစ်ခြင်းနှင့် မေးနှစ်ထပ်ဖြစ်ခြင်းနှစ်ခုစလုံးကို လျှော့ချတဲ့နေရာမှာ ကူညီပေးပါတယ်။ တစ်ပတ်လျှင် အကြိမ်နည်းနည်းစီ ထပ်ကာထပ်ကာ ပူစီပေါင်းမှုတ်ပေးမယ်ဆိုရင် သင့်မျက်နှာပုံသဏ္ဍာန် လျှင်မြန်လှပစွာ ပြောင်းလဲလာခြင်းကို သင်သတိထားမိလာပါလိမ့်မယ်။
၁၃။ များများပြုံးပါ
ပြုံးခြင်းက ပိုလှသွားစေဖို့ မစွမ်းဆောင်နိုင်သော်လည်း မျက်နှာကြွက်သားတွေ အတွက်ကတော့ လေ့ကျင့်ခန်းကောင်းတစ်ခု ဖြစ်ပါတယ်။ နှတ်ခမ်းလေးတွေကို ပိတ်ပြီး ၁၀စက္ကန့်ကြာ ပြုံးဖို့ ကြိုးစားပါ။ ၁၀ကြိမ်လောက် ထပ်လုပ်ပေးပါ။ သင့်ရဲ့ပါးပြင်မှာရှိတဲ့ အဆီပိုတွေ လျော့ကျသွားပါလိမ့်မယ်။
မျှတတဲ့အစားအစာ နှင့် လေ့ကျင့်ခန်းလေးတွေကို သင့်ရဲ့ နေ့စဉ် ပုံမှန်လုပ်ရိုးလုပ်စဉ်ထဲ ပေါင်းထည့်မယ်ဆိုရင် သင့်ရဲ့မျက်နှာအမှန်တကယ် ပြောင်းလဲလာစေမှာ ဖြစ်ပါတယ်။
Lifestyle_Myanmar
Nyein_Thu
Source-brightside