သင့်နှလုံးကျန်းမာရေးကို စက္ကန့် ၃၀အတွင်းမှာ စစ်ဆေးနိုင်မယ့် နည်းလမ်း
lifestylemyanmar.com
|
2019-12-12



နှလုံးဟာ ခန္ဓာကိုယ်ကနေ ပြတ်တောက်သွားရင်တောင်မှ ခုန်နေနိုင်ဆဲပါ။ ကျန်းမာတဲ့ ဘဝတစ်ခုမှာ နေထိုင်ဖို့အတွက် သင့်နှလုံးကို ကျန်းမာအောင်ထားဖို့ အရေးကြီးပါတယ်။ အရာရာတိုင်း အဆင်ပြေနေစေဖို့ ကျွန်တော်တို့ ပြုလုပ်နိုင်တဲ့ နည်းလမ်းအနည်းငယ် ရှိတာကြောင့် စက္ကန့် ၃၀ အတွင်းမှာပဲ သင့်နှလုံးကျန်းမာရေးကို ဘယ်လိုစစ်ဆေးမလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။

ပထမအဆင့်

သင့်လက်နှစ်ဖက်စလုံး ထည့်လို့ရမယ့် ရေဇလုံအကြီးတစ်လုံး လိုပါတယ်။ ရေဇလုံထဲကို ရေအေးလောင်းထည့်ပါ။ ရလဒ်ပိုကောင်းအောင် ရေခဲတုံးလေးတွေ ထည့်ပါ။

ဒုတိယအဆင့်

စက္ကန့် ၃၀ကြာ ရေခဲတုံးတွေထည့်ထားတဲ့ ရေထဲမှာ သင့်လက်ကို စိမ်ထားပါ။ ဒါက အအေးနဲ့ ထိတွေ့တဲ့အခါ သင့်သွေးက ဘယ်လိုတုံ့ပြန်သလဲဆိုတာ သိဖို့ ကူညီပေးပါလိမ့်မယ်။ ဖြစ်နိုင်တဲ့ ရလဒ် ၂ခု ရှိနိုင်ပါတယ်။




လက်ချောင်းတွေ နီလာတာ

သင့်ရဲ့ လက်ချောင်းတွေ နီလာရင် ဒါက သတင်းကောင်းဖြစ်ပါတယ်။ ဆိုလိုတာက သင့်သွေးရဲ့ oxygenation နှင့် ဆက်စပ်နေသော ပြဿနာတွေ မရှိပါဘူး။ သင့်နှလုံးနှင့် သွေးလည်ပတ်မှုက ကျန်းမာပါတယ်။

လက်ချောင်းတွေ ဖြူဖက်ဖြူရော် (သို့) ပြာနှမ်းနှမ်း ဖြစ်လာတာ

အကယ်၍ သင့်လက်ချောင်းထိပ်တွေ ဖြူဖက်ဖြူရော် (သို့) ပြာနှမ်းနှမ်းဖြစ်လာရင် သင့်သွေးလည်ပတ်မှုမှာ ပြဿနာများ ဖြစ်နိုင်ပါတယ်။ သွေးနီဥမှာ အောက်ဆီဂျင်ပမာဏ နည်းပါးတာကြောင့် (သို့) ခန္ဓာကိုယ်ထဲမှာ နှလုံးဆီက ညှစ်ထုတ်ပေးလိုက်တဲ့ သန့်စင်တဲ့သွေးမှာ ပြဿနာများ ရှိနေတာကြောင့် ဖြစ်ပါတယ်။



ဒီကိစ္စမျိုးမှာ သင်ဟာ နဂိုအတိုင်းပြန်ဖြစ်ဖို့ လက်တွေကို နွေးနွေးထွေးထွေးထားပြီး (သို့) နှိပ်နယ်ပေးဖို့ ကြိုးစားနိုင်ပါတယ်။ လက်ချောင်းလေးတွေ ပြာနှမ်းနှမ်းဖြစ်သွားတယ်၊ အောက်ပါလက္ခဏာတွေလည်း ရှိတယ်ဆိုရင် ဆရာဝန်နှင့် ပြသသင့်ပါတယ်။
အသက်ရှုရ အခက်အခဲဖြစ်ခြင်း
ဖျားခြင်း
ခေါင်းကိုက်ခြင်း
ရင်ခေါင်းနာခြင်း
ချွေးထွက်ခြင်း
လက်ချောင်း၊ ခြေချောင်းတွေ၊ လက်၊ ခြေထောက်တွေမှာ ထုံကျင်ခြင်း
မူးဝေခြင်း (သို့) နှုန်းချည့်ချည့်ဖြစ်ခြင်း

နှလုံးကျန်းမာရေးကို တိုးတတ်စေသော အစားအစာတစ်ချို့




ကြက်သွန်ဖြူ – သွေးပေါင်ချိန်ကို လျော့နည်းစေပြီး သွေးကြော ပိတ်ဆို့မှုကို လျော့နည်းစေပါတယ်။

ချောကလက်အမည်း – သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်စေပြီး ရောင်ရမ်းခြင်းကို တိုက်ဖျက်ပေးပါတယ်။

သစ်ကြံပိုး -နှလုံးရောဂါနှင့် သွေးကြောဆိုင်ရာ ရောဂါတွေကို တိုက်ဖျက်ပေးပါတယ်။

ထောပတ်သီး -မကောင်းတဲ့ ကိုလက်စထရောပမာဏကို လျော့ကျစေပြီး သွေးလွှတ်ကြောများကို ရှင်းလင်းစေပါတယ်။

Lifestyle_Myanmar
LM_Nandar


Source-brightside




Some text some message..