အကြောပြတ်ရာတွေက ကိုယ်ဝန်ဆောင်စဉ်နှင့် ကိုယ်အလေးချိန် တတ်ပြီး ရုတ်တရက်ကျသွားတဲ့အခါ အများဆုံး ပေါ်လာလေ့ရှိပါတယ်။ ခြေထောက်၊ တင်ပါး၊ လက်မောင်းနှင့် ဝမ်းဗိုက်တို့မှာ အများဆုံးတွေ့ရပါတယ်။ အကြောပြတ်ရာတွေကို ရှောင်ရှားဖို့ အကောင်းဆုံးနည်းလမ်းက ကျန်းမာသော လူနေမှုပုံစံဖြင့် နေထိုင်ခြင်းနှင့် အရေပြားကို ပုံမှန်ရေဓါတ်ဖြည့်ပေးခြင်းတို့ ဖြစ်ပါတယ်။ အကြောပြတ်ရာတွေကို ဖယ်ရှားပစ်ဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ လုံးဝပျောက်ကွယ်သွားမှာမဟုတ်ပေမယ့် သိသာထင်ရှားမှု နည်းသွားအောင်တော့ ကူညီပေးနိုင်ပါတယ်။ ဒါ့ကြောင့်အကြောပြတ်ရာတွေကို ဖယ်ရှားဖို့ ကုသမှုနှင့် လှည့်ကွက်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အကြောပြတ်ရာတွေကို လျှော့ချဖို့ အကောင်းဆုံး ကုသမှုတစ်ခုက နေ့စဉ် exfoliation လုပ်ပေးခြင်း ဖြစ်ပါတယ်။ ထိုသို့ပြုလုပ်ရန် အသားအရ exfoliation အတွက် ပြုလုပ်ထားတဲ့ ရေမြှုပ်တစ်မျိုးကို သုံးနိုင်ပါတယ်။ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို သဘာဝအတိုင်း ပြန်လည်နုပျိုလာစေပါတယ်။
၂။ ရေချိုးတဲ့အခါ အထူးသဖြင့် ခြေထောက်မှာ သွေးလည်ပတ်မှုတိုးစေဖို့ ရေပူနှင့် ရေအေး တစ်လှည့်စီ စမ်းကြည့်ပါ။ ရေအေးနှင့် အပြီးသတ်လောင်းချိုးပေးတာက အသားအရေကို ထိန်းညှိပေးပြီး အစိုဓါတ်ကို ထိန်းသိမ်းပေးပါတယ်။
၃။ တစ်နေ့လျှင် ရေ ၂လီတာသောက်သုံးခြင်းဖြင့် အရေပြားကို ရေဓါတ်ဖြည့်ပါ။ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ကဲ့သို့သော ရေများသော အစားအစာများကို စားခြင်းဖြင့် သင့်အသားအရေကို ရေဓါတ် ပြည်လည် ထိန်းသိမ်းနိုင်ပါတယ်။
၄။ ဗီတာမင် အီးဟာ အကြောပြတ်ရာတွေကို ကုသရာမှာ အရမ်းကောင်းပါတယ်။ ဒီဗီတာမင်ကို ဟင်းနုနွယ်ရွက်နဲ့ ဗာဒံသီးမှာ ရှာတွေ့နိုင်ပါတယ်။ အသားအရေနှင့် ပတ်သတ်လာရင် ဗီတာမင်အီးဟာ အရမ်းကို အထောက်အကူပြုပါတယ်။ ၎င်းမှာ ကော်လာဂျင်ကို ကာကွယ်ပေးတဲ့ အင်တီအောက်ဆီဒင့် ဂုဏ်သတ္တိတွေ ပါဝင်တာကြောင့် ဖြစ်ပါတယ်။ ၎င်းက အသားအရေကို ပြန်လည်နုပျိုစေပါတယ်။
၅။ သံလွင်ဆီ သို့မဟုတ် ကိုကိုးထောပတ်ဦ နှင်းဆီ ဆီ၊ ကြက်ဆူဆီ၊ shea butter နှင့် ဗီတာမင် အေ၊ စီ စတဲ့ ပါဝင်ပစ္စည်းတစ်ခုခု ပါသော ခရမ်များဖြင့် နှိပ်နယ်ပေးနိုင်ပါတယ်။
၆။ အကြောပြတ်ရာတွေကို လျှော့ချဖို့ အခြားနည်းလမ်းတွေလည်း ရှိပါသေးတယ်။ microdermabrasion ကဲ့သို့သော ဆေးဘက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများရှိသလို ၊ လေဆာရောင်ခြည်ကုထုံးတွေလည်း ရှိပါတယ်။ ထို့အပြင် ဆရာဝန်တွေဟာ အရေပြားကို ပြန်လည်တည်ဆောက်ပေးတဲ့အပြင် အကြောပြတ်ရာအသွင်အပြင်ကို လျော့နည်းစေတဲ့ retinoic acid ကို အသုံးပြုခဲ့ကြပါတယ်. ဒီနည်းက invasive နည်းပေမယ့် အရမ်းထိရောက်တဲ့ ရွေးချယ်စရာ ဖြစ်ပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-steptohealth