လိင်ဆက်ဆံတဲ့ အကြိမ်ရေ များလွန်းနေလား ဆရာ
mizzimaburmese.com
|
2019-12-23

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win



ဒါကတော့

အိမ်ထောင် သည်တွေ၊ ချစ်သူတွေအပြင် ပုံမှန်လိင်အပျော်အပါးလိုက်စားလေ့ရှိတဲ့သူတိုင်း မေးတတ်ကြတဲ့ မေးခွန်းတွေထဲက တစ်ခုပါ။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီးပြန်ဖြေပေးရမယ်ဆိုရင် လိင်ဆက်ဆံတဲ့ အကြိမ်ရေကို ကိုယ်တိုင်ကလွဲပြီး ဘယ်သူကမှ နည်းတယ်၊ များတယ် သတ်မှတ်လို့ မရပါဘူး။

အာသာဖြေ တာဖြစ်ပါစေ၊ လိင်ဆက်ဆံတာဖြစ်ပါစေ လူတိုင်းမှာ ကိုယ်နိုင်သလောက် အတိုင်းအတာတစ်ခုရှိပါတယ်။ ဒီအတိုင်းအတာထက် ကျော်သွားမှသာ ကိုယ်ခန္ဓာက မောပန်းနွမ်းနယ်လာတာ၊ အောင့်ပြီး ကြွက်သားတွေ နာကျင်တာ၊ ခေါင်းမူးခေါင်းကိုက် ဖြစ်တာ စတဲ့လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။


တချို့ကျတော့လည်း

ဇနီးမောင်နှံ အချင်းချင်း အကြိမ်ရေများများ ဆက်ဆံနိုင်တယ်၊ ဒါပေမယ့် ဘေးလူတွေက ဒီကိစ္စက မှားယွင်းနေတယ်၊ အဲ့လောက် အကြိမ်ရေ အများကြီးလုပ်လွန်းရင် မကောင်းဘူး၊ ကျန်းမာရေးထိခိုက်နိုင်တယ်ဆိုပြီး ဘေးလူက ဝေဖန်တာမျိုးတွေလည်း ရှိပါတယ်။ တကယ်တော့ လူသားတိုင်း အိပ်၊ စား၊ ကာမနဲ့ မကင်းနိုင်ပါဘူး။ ကိုယ်တိုင်က ကာမနဲ့ပတ်သက်ပြီး အားအင်အပြည့်ရှိတယ်၊ စိတ်လည်း ပါတယ်၊ ကိုယ်နဲ့ ဆက်ဆံသူကလည်း ကိုယ့်လိုပဲ စိတ်အပြည့်အဝ ရှိတယ်ဆိုရင် ဘယ်သူပြောတဲ့ စကားမှ နားဝင်နေစရာမလိုပါဘူး။

ဒါဆို လိင်ဆက်ဆံဖို့ အကြိမ်ရေမှာ အတိုင်းအဆ လုံးဝမရှိတော့ဘူးလား။

အပေါ်မှာ ပြောခဲ့သလိုပါပဲ။ ကိုယ်နိုင်ရင် နိုင်သလောက် အကြိမ်ရေများများ ဆက်ဆံလို့ရသလို နည်းနည်းပဲ ဆက်ဆံလို့လည်း ပြဿနာမရှိပါဘူး။ ဒါက ကာယကံရှင် နှစ်ဦးနဲ့ပဲ သက်ဆိုင်တာပါ။ တချို့လူတွေမှာ တစ်နေ့တည်းနဲ့ အကြိမ်ပေါင်းများစွာ ဆက်ဆံနိုင်တယ်၊ တစ်နေ့ကို တစ်ကြိမ်လောက်ပဲ သို့မဟုတ် တစ်ပတ်ကို တစ်ကြိမ်လောက်ပဲ ဆက်ဆံနိုင်တဲ့သူတွေလည်း ရှိတယ်။ ဒီလို

လိင်ဆက်ဆံ ချင်စိတ်ကို ဖြစ်စေတဲ့၊ ကာမဆက်ဆံဖို့ အကြိမ်ရေ အတိုင်းအဆ ဆိုတာ တစ်ယောက်နဲ့ တစ်ယောက်တော့ တူမှာမဟုတ်ပါဘူး။


ဒါပေမယ့် ထိခိုက်ဒဏ်ရာ ရလောက်တဲ့အထိ အကြိမ်ရေများလာတာ၊

လိင်စိတ်ဆန္ဒ ပြီးမြောက်ပြီးနောက်မှာ အပြင်းအထန် ခေါင်းမူးခေါင်းကိုက်လာတာ၊ လိင်ကိစ္စကလွဲပြီး ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိတော့တာ၊ ဒီအကြောင်းကိုပဲ အမြဲတမ်း စိတ်ထဲ ရောက်ပြီး ဘာကိုမှ အာရုံစိုက်လို့ မရတာကိုတော့ ပြဿနာလို့ သတ်မှတ်လို့ရပါတယ်။

လိင်ဆက်ဆံတဲ့ အကြိမ်ရေများလောက်အောင် ဘယ်အရာတွေက တွန်းပို့နေတာလဲ။

နှစ်ဦးလုံး ကျန်းမာရေးအရမ်းကောင်းပြီး စိတ်ပျိုကိုယ်နုဖြစ်နေတာ
တစ်ဦးနဲ့ တစ်ဦး စိတ်ခံစားချက်ဆိုင်ရာအရရော လိင်ပိုင်းဆိုင်ရာအရပါ ခံစားချက်ပြီးမြောက်မှု အပြည့်အဝ ပေးစွမ်းနိုင်တာ
မွေးရာပါ လိင်စိတ်ဆန္ဒ တက်ကြွတာ

စိတ်ဖိစီးမှု တွေကို ပြေလျော့စေတာကြောင့်
ကိုယ်ဝန်ရစေဖို့ ကြိုးပမ်းနေတဲ့ ကာလ
ဆန္ဒပြီးမြောက်ပြီးနောက်မှ ညစ်နေသမျှ ပြေလျော့ပြီး စိတ်ကြည်လင် ပျော်ရွှင်စေတာကြောင့်
ပြင်ပမှာ ကြုံနေရတဲ့ စိတ်ဖိစီးမှု၊ လောကဓံကနေ လွတ်မြောက်လိုတဲ့ ထွက်ပေါက်တစ်ခု အဖြစ် လိင်ဆက်ဆံတဲ့ အကြိမ်ရေက များသွားတတ်ပါတယ်။

လိင်ဆက်ဆံတဲ့ အကြိမ်ရေက ကိုယ့်အတိုင်းအတာထက် လွန်နေပြီဆိုရင် ဘယ်လိုသိနိုင်မလဲ။


ပုံမှန်အားဖြင့်က တစ်နေ့ တစ်ကြိမ် နေ့တိုင်းလိုလို လိင်ဆက်ဆံရုံလောက်နဲ့ ကိုယ်ခန္ဓာက ဘေးထွက်ဆိုးကျိုးတွေ မဖြစ်နိုင်သလောက် နည်းပါတယ်။ ဒါပေမယ့် လူတစ်ယောက်နဲ့ မတူညီတာကြောင့် ကိုယ်နိုင်သလောက် အတိုင်းအတာထက် ကျော်လွန်သွားမယ်ဆိုရင်တော့

လိင်အင်္ဂါ အရေပြား ခြောက်သွေ့ကြမ်းတမ်းလာတာ
လိင်အင်္ဂါတစ်ဝိုက်မှာ နာကျင်နေတာ၊ ထုံကျဉ်နေတာ၊ ဖူးရောင်နေတာ
အမျိုးသမီးတွေဆိုရင် မိန်းမကိုယ်လမ်းကြောင်းတစ်လျှောက်နဲ့ သားအိမ်မှာ အောင့်နေတာ
လိင်ဆက်ဆံနေစဉ် နာကျင်မှုကို ခံစားရတာ

ဆီးလမ်းကြောင် း ပိုးဝင်တာ
ဇက်က တောင့်တင်းပြီး လှုပ်ရ၊ စောင်းရမလွယ်ကူတာ
အစားပျက်၊ အအိပ်ပျက်ခံပြီး လိင်ဆက်ဆံခြင်းကို မရပ်မနားပြုနေတဲ့အတွက် ပိန်လာတာ၊ အာဟာရပြတ်လပ်တာ၊ အိပ်ရေးမဝတာ
ခြေထောက်ကြွက်တက်တာ ခေါင်းမူးတာ၊

ခေါင်းကိုက် တာတွေ ဖြစ်နိုင်ပါတယ်။

လိင်ဆက်ဆံအကြိမ်ရေနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ။


၁။ အကြိမ်ရေ များခြင်း၊ နည်းခြင်းသည် ကာမဆက်ယှက်နေတဲ့ ကာယကံရှင် နှစ်ဦးနဲ့ပဲ သက်ဆိုင်ပါတယ်။ ဘေးလူတွေ စကားကို နားယောင်နေစရာမလိုပါဘူး။

၂။ လူတိုင်းမှာ ကိုယ်နိုင်သလောက် အတိုင်းအတာဆိုတာ ရှိပါတယ်။ အဲ့ဒီအတိုင်းအတာထက်ကို ကျော်လွန်ပြီး မလုပ်ပါနဲ့။

၃။ လိင်ဆက်ဆံတဲ့ အကြိမ်ရေ၊ အနေအထား၊ သက်တောင့်သက်သာ ရှိခြင်း မရှိခြင်းဆိုတာတွေကို ကိုယ်နဲ့ ဆက်ဆံမယ့်အဖော်နဲ့ သေချာတိုင်ပင်ကြည့်ပါ။

၄။ လိင်ဆက်ဆံခြင်းသည် ဆက်ဆံသူ နှစ်ဦးစလုံးကို စိတ်ပျော်ရွှင်စေပြီး သာယာမှုကို ပေးစွမ်းနိုင်တဲ့ကိစ္စပါ။

၅။ လိင်ဆက်ဆံတဲ့ အကြိမ်ရေများလို့ဆိုပြီး ရှက်နေစရာ၊ တစ်ခုခုမှားယွင်းနေတယ်လို့ ထင်စရာမလိုပါဘူး။

၆။ လိင်ဆက်ဆံရာကနေ ခဏအနားယူဖို့ လိုအပ်နေပြီဆိုရင် ပွင့်ပွင့်လင်းလင်းပြောပါ။ အတင်းအကျပ်လုပ်ယူပြီး ဆက်ဆံတာမျိုး မလုပ်သင့်ပါဘူး။

ဒါဆို လိင်ဆက်ဆံတဲ့ အကြိမ်ရေ များလွန်းနေလား၊ နည်းလွန်းနေလားဆိုပြီး သောကရောက်နေကြတဲ့ Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း စိတ်ကျေနပ်တဲ့ အဖြေတစ်ခု ရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ခုလို ဆောင်းတွင်းမှာ နွေးနွေးထွေးထွေး ဖြစ်စေဖို့၊ သာယာတဲ့ လိင်မှုဘဝတစ်ခု ပိုင်ဆိုင်ရဖို့ ဆုတောင်းပေးရင်းနဲ့ နိဂုံးချုပ်လိုက်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website:

http://building.mizzimafoundation.org/



Some text some message..