ပျားရည်၏ ကောင်းကျိုးများ
healthcare.com.mm
|
2018-11-18

ပျားရည်မှာ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးအချက်အလက်တွေ မြောက်များစွာ ရှိပါတယ်။ ပျားရည်ရဲ့ ချိုမြတဲ့အရသာဟာ သင့်ရဲ့အရသာအာရုံခံအဖုလေးတွေကို လှုံ့ဆော်ပေးယုံသာမကပဲအစာစားချင်စိတ်ကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင်အစားအစာများ ချက်ပြုတ်ရာမှာလည်း မွှေးပျံ့သင်း ကြိုင်နေအောင်အသုံးပြုနိုင်ပြီး ပျားရည်နဲ့ မုန့်အမျိုးမျိုးကို ပြုလုပ်စားသုံးနိုင် ပါသေးတယ်။ ကယ်လိုရီ မြောက်များ စွာပါဝင်ပြီး လည်ချောင်းယားယံပြီး မသက်မသာ ဖြစ်တာတွေကိုလည်း ဖုံးအုပ်ကာ ကွယ်ပေး ထားနိုင်ပါတယ် ။ ယခုဆိုရင်စမ်းသပ်လေ့လာသူတွေဟာ ပျားရည်ရဲ့ဆေးပညာဆိုင်ရာ ကောင်းကျိုး (medical benefits ) တွေကို ရှုထောင့်ပေါင်းစုံကနေ နည်းလမ်းပေါင်းများစွာနဲ့ စမ်းသပ်အဖြေထုတ်နေကြပြီဖြစ်ပါတယ် ။ ပျားရည်ဟာ သင့်ရဲ့အာခံတွင်းထဲမှာ စိတ်ကျေနပ်မှု ဖြစ်စေယုံသာမကပဲ ပိုးသန့်စင်စေခြင်း ( Antiseptic) ၊ ဓါတ်တိုး ဆန့်ကျင်ပစ္စည်း (Antioxidant) ၊ ခန္ဓာကိုယ်သန့်ရှင်းစင်ကြယ်စေခြင်းစတာတွေကို လုပ်ဆောင်ပေး ပါတယ် ။အမျိုးသမီးတွေမှာဆိုရင်လည်း အရေပြားနဲ့အသားအရည်ကို ဝင်းပစိုပြည်စေပြီး ခြုံငုံပြီးကြည့် မယ်ဆို ရင်အနာကျက်မြန်ခြင်း ။မျက်ခမ်းစပ်ရောဂါကို ကာကွယ်ပေးနိုင်ခြင်းစတဲ့ ဦးခေါင်း ကနေ ခြေထောက်အထိ ကျောင်းကျိုးများစွာကိုပေးစေပါတယ် ။ ပျားရည်ရဲ့အနာကျက်မြန်တဲ့ ကောင်းကျိုးကို ရှေးနှစ်ပေါင်း များစွာကတည်းကအသုံးပြုခဲ့ကြပြီးအထူးသဖြင့် ပြတ်ရှနာများမှားပိုအသုံးဝင်ပါတယ် ။ သာမန်ဖျား နာမှုနဲ့ ရောဂါတွေမှာလည်း ကုသမှုအဖြစ်အသုံးပြုနိုင်ပြီး မျိုးဆက်တစ်ခုမှနေ၍ နောက်တစ်ခုကို ကျန်းမာရေးကောင်းကျိုးတွေကို ဆင့်ကဲပေးစေပါတယ်။ UMF Manuka Honey လို့ခေါ်တဲ့ပျားရည်ဟာဆိုရင် ယနေ့ပျား ရည်ရဲ့ကျန်းမာရေးဆိုင်ရာဆွေးနွေးမှုတွေမှာအရသာအရှိဆုံး ပျားရည်ဆေးအဖြစ် ထည့်သွင်းပြော ဆိုနေကြပြီဖြစ်ပါတယ် ။ ဒီပျားရည်ဟာ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ယုံတင်မကပဲ တစ်ရှူးများအနာ ကျက်မြန်ခြင်းကို ကာကွယ်ပေးခြင်း ၊အမာရွတ်ဖြစ်ခြင်းနှင့်ရောင်ရမ်းခြင်းများကို လျော့နည်းစေခြင်း စတဲ့အချက်တွေ ရရှိပါတယ်။ ဒါ့အပြင်အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ ဝမ်းသွားခြင်း ၊အစာမကြေခြင်း ၊အစာအိမ်အနာများနဲ့ ဝမ်းပျက်ဝမ်းလျှောခြင်း ( GE) ကိုပါ ကုသဖို့အတွက်အသုံးပြုနိုင်ပါတယ်။ ပျားရည်ကိုအစားအစာတွေမှာအသုံးပြုခြင်းနဲ့ ကောင်းကျိုးတွေကတော့ ပျားရည်ကို ရရှိတဲပင် ရင်း နဲ့ နေရာဒေသအပေါ် မူတည်ပါတယ် ။ ပျားတွေကနေရရှိတဲ့ ပျားရည်ကိုအသုံးပြုပြီးတော့ propolis , royal jelly , beewax ( ပျားဖယောင်း ) စတဲ့ ထုတ်ကုန်တွေ ထုတ်လုပ်ပြီးအသက်ရှုမဝခြင်း ၊ ဆံပင်ကျွတ်ခြင်း ၊အိပ်မပျော်ခြင်း ၊အဆင်အမြစ်နာခြင်း ၊ ဝက်ခြံနဲ့ မှိုပိုးဝင်ခြင်းစတာတွေမှာပါအသုံးပြုတာကြောင့် ပျားရည်ကို ရိုးရာဆေး ( Traditional medicine)အဖြစ်နေရာအတော်များများမှာအသုံးပြုနေကြပါပြီ ။ ဆက်လက်ပြီး ကျန်း မာရေး ဆိုင်ရာကောင်းကျိုးတွေကိုအသေးစိတ် လေ့လာကြည့်ရအောင် ။ ၁ ။ Natures's Energy Boosterအရသာ ကောင်းလွန်းတယ်ဆိုတဲ့အပြင်ပျားရည်ရဲ့ကောင်းကျိုးတွေအများကြီး ရှိပါသေးတယ် ။ သဘာ၀ ကစီဓါတ် ပင်ရင်း ( Natural source of carbohydrate) ဖြစ်ပြီး လူတွေရဲ့ ခန္ဓာကိုယ် ကို ခွန်အားနဲ့ စွမ်းအင်တွေကို ပေးစေပါတယ် ။ ဒါကြောင့် ပျားရည်ကို စွမ်းဆောင်ရည်မြင့်မားစေဖို့အကူပစ္စည်း (Booster)အဖြစ်အပြင် ကြွက်သားများညောင်းညာခြင်း၊မောပမ်းနွမ်းနယ်ခြင်းတွေကိုလည်း လျော့နည်းစေပါတယ် ။ သဘာ၀ သကြားအချိုအရသာဟာ လေ့ကျင့်ခန်းပြုလုပ်ခြင်းောကာင့် ဖြစ်ပေါ်လာတဲ့ မောပန်းခြင်းတွေကို ကာကွယ်ပေးနိုင် ပါတယ် ။ ပျားရည်ထဲမှာပါတဲ့ ဂလူးကို့စ်ကို ခန္ဓာကိုယ်က လျှင်မြန်စွာ စုပ်ယူပြီး စွမ်းအင်ကိုတိုး တက်စေပါတယ် ။အဲဒီအချိန်မှာ fructose ကိုတော့ ဖြေးညှင်းစွာ စုပ်ယူပြ့ီး energy ကို ပုံမှန်ပဲပေးစေ ပါတယ် ။ သွေးတွင်း သကြားဓါတ်ကိုလည်း တခြားသကြားဓါတ် များနှင့်ယှဉ်လျှင်ထိမ်း ညှိပေးနိုင်ပါတယ် ။ ဒါကြောင့် ပျားရည်ရဲ့ကျန်းမာရေးကောင်းကျိုးတွေကိုသိစေဖို့အတွက် - သင်အလုပ်သွားခါနီးတိုင်း ပျားရည်တစ်ဇွန်းခန့် သောက်သုံးသွားနိုင်ပါတယ် ။- မနက်ပိုင်းတွေမှာ မကြည်မလင်နိုးထတတ်ပြီး စွမ်းအားမပြည့်သလို ခံစားနေရရင် ပျားရည်ကို သောက်သုံး ကြည့်နိုင်ပါတယ် ။- သင့်ကလေးငယ်တွေဟာ ပင်ပင်ပန်းပန်းဆော့ကစားပြီး ကျောင်းသွားဖို့ ငြင်းဆန်နေပါသလား ။ ပျားရည်နဲ့ sandwiches ကိုပြင်ဆင်ပေးလိုက်ပါ ။ ဒါဆို တစ်နေ့လုံး စွမ်းအားပြည့်ပြီး လန်းဆန်းတက်ကြွနေပါလိမ့်မယ် ။ ၂ ။ Immunity System Builderပျားရည်ရဲ့ကောင်းကျိုးအများကြီးထဲကမှအဖိုးတန်တဲ့အရာတစ်ခုကတော့ immune system boosterအဖြစ်ဆောင်ရွက်ပေးခြင်းပါပဲ ။ ပျားရည်ရဲ့ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနဲ့ ဘတ်တီးရီးယားပိုးမွှားတွေကို သတ်နိုင် တဲ့အစွမ်းကအစာအိမ်နဲ့အူလမ်းကြောင်းကို တိုးတက်ကောင်းမွန်စေပြီး သင့်ကို ကျန်းမာပျော် ရွင်စေနိုင် ပါတယ် ။ ပြင်ပပိုးမွှားတွေကို တိုက်ထုတ်နိုင်ပါတယ် ။ ဒါကြောင့် မနက်စာမစားခင်လေးမှာ ပျားရည် တစ်ဇွန်းနဲ့ lemon တစ်ဇွန်းလောက်နဲ့ ရောပြီး ရေနွေးနွေးနဲ့ ဖျော်စပ်သောက်သုံးခြင်းအားဖြင့် ပျားရည် ရဲ့ကောင်းကျိုးတွေကို သိနိုင်ပါတယ် ။ ၃ ။ Honey is Anti-Cancer ပျားရည်ဟာ ကင်ဆာကို ကာကွယ်ပေးနိုင်သလား ဆိုတာ မသေချာပေမယ့် လူအများစုကတော့ ပျားရည်ရဲ့ ကင်ဆာ ကာကွယ်ခြင်း ( Carcinogen preventing) နဲ့ ကင်ဆာကာကွယ်ခြင်းဂုဏ်သတ္တိ ( Anti-tumour properties) တွေကို စူးစမ်းလေ့လာနေကြဆဲဖြစ်ပါတယ် ။ ၄ ။အိမ်တွင်းအသုံးဝင်မှုများ မီးလောင်နာနှင့် ပြတ်ရှနာများ ရှေးနှစ်ထောင်ပေါင်းများစွာကတည်းက ပျားရည်ကိုအိမ်တွင်းသုံးဆေး ဝါးတစ်လက်အဖြစ် များစွာသော ရောဂါတွေနဲ့ yeast ပိုးဝင်ခြင်းတွေမှာ သုံးလာခဲ့ကြပါတယ်။အဆစ်အမြစ်နာခြင်း မှာလည်းအသုံး ဝင်ပြီး သူ့ရဲ့ ပိုးသတ်နိုင်တဲ့စွမ်းရည်ကြောင့်အချို့သော ဘတ်တီးရီးယားတွေရဲ့ကြီးထွားနိုင်မှု ကို တားဆီးပေးပြီးအနာသန့် ရှင်းစေခြင်းနဲ့ ပိုးမဝင်ခြင်းကို ဖြစ်စေပါတယ် ။အရေးပေါ် သဘာ၀ ဆေးစွမ်းတစ်လက်အနေနဲ့လည်း ပြည်တည်နာများ ၊အပူလောင်ခြင်း ၊ ဓါးရှခြင်း ကို လည်း သက်သာစေပါတယ် ။ပျားရည်ဟာ လေထဲက စွတ်စိုထိုင်း မှိုင်းမှုကို စုပ်ယူနိုင်စွမ်းရှိပြီးအနာကျက်ခြင်းကိုအားပေးပါတယ် ။ ရောင်ရမ်း နာကျင်မှုများ ကိုလည်း လျော့နည်းစေပြီးအမာရွတ်တည်ခြင်းကို နည်းစေပါတယ် ။ Anitbacterial property များစွာပါဝင်တဲ့ UMF Manuka ကို wound dressingအတွက်အသုံးများကြပါ့တယ် ။အရက်သောက်သူများအတွက်သင်ဟာ တခါတရံမှာအများကြီး သောက်မိတယ်ဆိုရင် ပျား၇ည်ကို သုံးစွဲကြည့်ပါ ။ ပျားရည်ဟာအစာအိမ်ကို သိမ်မွေ့စေပြီး fructose ပါဝင်တဲ့အတွက်အသည်းကနေအရက်ကို oxidation ဖြစ်စေတဲ့အရှိန်ကို မြင့်တက်စေပါတယ် ။ ဒါကို sobering agent လို့လည်းခေါ်ပါတယ် ။ လိမ္မော်ရည် 80ml မှာ ပျားရည် 15ml နှင့် ဒိန်ချဉ် 70ml ရောစပ် မွှေနှောက်ကာအရက်နာကျခြင်းကို ဖြေပေးနိုင်ပါတယ် ။ ချောင်းဆိုးအာသီးရောင်ခြင်းအာသီးရောင်ချောင်းဆိုးခြင်းကိုလည်း ပျားရည်က နိုင်စေပါတယ် ။ Professional singer တွေဟာ sore throats ကိုကာ ကွယ်ပေးနိုင်ဖို့အတွက် သီချင်းမဆိုခင်မှာ ပျား၇ည်ကို သောက်သုံးလေ့ရှိကြပါတယ် ။ တ ရုတ်တွေ ကတော့အပူများရင်အာသီးရောင်တယ်လို့ ယုံကြည်ကြပြီး ပျားရည်ကို သောက်သုံးကြပါတယ် ။ ပျားရည်နှစ် ဇွန်းခန့်နဲ့ lemon လေးဇွန်း ကိုရောစပ် ဆားအနည်းငယ်ထည့်ပြီးအာသီးရောင်နေစဉ်အတွင်းသောက်သုံးကြည့်ပါ ။အိပ်မပျော်ခြင်းသင်အိပ်မပျော်ဘူးလား ။ နို့နဲ့ပျားရည်ကို သောက်သုံးကြည့်ပါ ။ နို့ပူပူလေး တစ်ခွက်ကို ပျားရည်တစ် ဇွန်းခန့်ရောစပ်ပြီးအအေးခံ သောက်သုံးပါက နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။ Ref :  သက်တန့်ချိုသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..