အနာကပ်ပလာစတာသုံးသူတိုင်း သိသင့်တဲ့ ရှောင်ရန်ဆောင်ရန်တွေ။   ။
hellosayarwon.com
|
2018-11-18

တစ်ခုခုထိခိုက်မိပြီးအနာဖြစ်ဖူးတဲ့သူ၊ ဒဏ်ရာရဖူးတဲ့သူတွေ ရှိကြပါသလား။ လူတိုင်းဖြစ်ဖူးကြမှာပါ။ မတော်တဆထိခိုက်မိလို့ပဲဖြြစ်ဖစ်၊ ရန်ဖြစ်လို့ပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ်နာကျင်အောင်လုပ်တာပဲဖြစ်ဖြစ်အကုန်လုံးက ထိခိုက်ဒဏ်ရာကနေ ပြေးမလွတ်ပါဘူး။

တစ်ခုခုထိခိုက်မိသွားလို့ ဖြစ်လာတဲ့အနာတွေကို ဘယ်လို ကုသရမလဲ။
ဒဏ်ရာသေးရင်တော့

သာကပ်ကြပြီး ၊ ဒဏ်ရာကြီးရင်တော့

းစည်းတတ်ကြပါတယ်။ ပတ်တီးစည်းရတဲ့အဆင့်လောက်ဆိုအနာက တော်တော်လေးကြီးနေပြီမို့ ဆေးခန်းသွားပြီး ကုမှရတာပါ။အဲဒီအခါကျရင် ဆရာဝန်က ပတ်တီးစည်းရင်လုပ်သင့်တဲ့ရှောင်ရန်ဆောင်ရန်တွေ တစ်ခါတည်းပြောလိုက်မှာပါ။

ကကျတော့ ကိုယ့်ဘာသာအိမ်မှာပဲ လွယ်လွယ်ဝယ် သုံးနေကြတဲ့အတွက် သူနဲ့ ပက်သက်တဲ့ ရှောင်ရန်ဆောင်ရန်တွေကျတော့ မသိဖြစ်နေတတ်ကြပါတယ်။

ချင်လို့၊ ပိုးမဝင်စေချင်လို့အနာကပ်ပလာစတာသုံးခါမှအသုံးမတတ်လို့ ပိုဆိုးသွားတဲ့အနာတွေအများကြီးရှိပါတယ်. ဒါကြောင့်အနာကပ်ပလာစတာ သုံးသူတိုင်း သိထားသင့်တဲ့ ရှောင်ရန်ဆောင်ရန်လေးတွေကို ပြောပြပေးချင်ပါတယ်။  ။

ဆောင်ရန်အချက်များ။ ။

အနာကပ်ပလာစတာ ဝယ်တော့မယ်ဆိုရင် ကိုယ်ဝယ်လိုက်တဲ့အနာကပ်ပလာစတာဘူးရဲ့ သက်တမ်းကုန်ဆုံးရက်ကို စစ်ကြည့်ဖို့ မမေ့ပါနဲ့။
အနာကပ်ပလာစတာအခွံပြဲနေရင် ဆက်မသုံးပါနဲ့တော့။ လက်ကို ပိုးသေအောင်

ပီးမှအနာကပ်ပလာစတာ ကိုကိုင်ပါ။
ဆေးရှိတဲ့နေရာနဲ့အနာကိုသေချာထိအောင်ချိန်ပြီးမှအနာကပ်ပလာစတာကပ်ပါ။

( ဒါမှမဟုတ်)အနာနဲ့ရေနဲ့ထိနိုင်တဲ့အခါမျိုးဆိုရင် ရေစိုခံအနာကပ်ပလာစတာကို ရွေးသုံးပါ။
အနာကပ်ပလာစတာကို တစ်နေ့ နှစ်ခုလဲပေးပါ။
သုံးပြီးသားအနာကပ်ပလာစတာတွေကို တွေ့ရာနေရာမှာလျှောက်မထားဘဲ စနစ်တကျ လွှင့်ပစ်ပါ။

ရှောင်ရန်အချက်များ။ ။

အနာကပ်ပလာစတာနဲ့အသားကြားထဲမှာ နေရာလွတ်ရှိမနေသင့်ပါဘူး။
အပြင်က ပိုးတွေ မဝင်အောင်၊အနာကျက်မြန်အောင်အနာကပ်ပလာစတာကပ်ရမယ်ဆိုပြီး တစ်ချိန်လုံးကြီး ကပ်မထားပါနဲ့။ ဖုန်ထူတဲ့နေရာ တွေ ၊အပြင်တွေသွားရင်တော့ ပလာစတာ မဖြစ်မနေကပ်ထားသင့်ပြီး ညဘက်အိမ်ပြန်ရောက်ရင်တော့ ပလာစတာကို ခွာပြီးမှအိပ်ပါ။အနာကို ပြင်ပကအောက်ဆီဂျင်နဲ့ ထိတေ့ွပေးဖို့လည်း လိုသေးတယ်လေ။
အနာကို ပလာစတာကပ်ရင် တင်းတင်းကြပ်ကြပ် မစည်းပါနဲ့။အနာဆီကို သွေးတွေ မရောက်နိုင်ရင်အနာကျက်တာလည်း နှေးသွားနိုင်တဲ့အတွက်ကြောင့်ပါ။
အနာကို ကြည့်ချင်လို့ဆိုပြီး ပလာစတာကို သွားခွာလိုက်၊ ပြန်ကပ်လိုက် မလုပ်သင့်ပါဘူး။အနာကိုဆွပေးသလိုဖြစ်လို့ ပိုးတွေဝင်ပြီးအနာကျက်နှေးတတ်ပါတယ်။ အနာကျက်ခါနီးရင်

တတ်တာ ထုံးစံဖြစ်တဲ့အတွက်အနာကပ်ပလာစကာအပေါ်ကနေအနာကို လက်နဲ့ကိုင်တာမျိုး၊ ကုတ်တာမျိုးတွေက မလုပ်သင့်တဲ့အရာတစ်ခုပါ။ ခုပြောပြခဲ့တာတွေကတော့အနာကပ်ပလာသုံးသူတိုင်း သိထားသင့်တဲ့ ရှောင်ရန် ဆောင်ရန်အချက်တွေဖြစ်ပါတယ်။ လူတိုင်းကအနာတွေ၊ ဒဏ်ရာတွေနဲ့ မကင်းနိုင်တဲ့အတွက်  ခုပြောပြတဲ့အချက်လေးတွေက တစ်နေရာရာမှာအသုံးဝင်မယ်လို့ ထင်ပါတယ်။    ။

 သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။  ။




Some text some message..