ပန်းသစ်တော်သီးလေး စားပေးပါ
hellosayarwon.com
|
2019-12-24

ပန်းသစ်တော်သီး က အရည်ရွှမ်းသလို စားလိုက်ရင်လည်း  ချိုချိုလေးနဲ့အရသာရှိပါတယ်။ ဒီလိုအရသာရှိတဲ့ ပန်းသစ်တော်သီးက ဘယ်လို

ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။

ပန်းသစ်တော်သီး ဆိုတာ
ပန်းသစ်တော်သီးက အပေါ်ခွံအဝါရောင်သန်းသန်းလေးရှိပြီး အသားခပ်ပွပွ အရည်ရွှမ်းရွှမ်းလေးနဲ့ ဝါးလိုက်တိုင်း တဂျွတ်ဂျွတ်နဲ့ စားကောင်းပါတယ်။ ရင်ထဲအေးသလို ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် နဲ့

သတ္တုဓာတ်တွေ ပြည့်ဝစွာပါဝင်နေပါတယ်။

ခန္ဓာကိုယ် မှာ အားပြည့်စေသလို ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီကိုလည်း အားပြည့်အောင် အားဖြည့်ပေးပါတယ်။

ဘယ်လိုအာဟာရဓာတ်တွေပါဝင်နေလဲ.............
အရသာရှိလှတဲ့ ပန်းသစ်တော်သီးမှာ

ကယ်လ်လိုရီ
ပရိုတင်း
ကာဗိုဟိုက်ဒရိတ်

အမျှင်ဓာတ်
ဗီတာမင် C
ဗီတာမင် K
ပိုတက်ဆီယမ်
ကော့ပါး

အမျှင်ဓာတ်
ဓာတ်တိုးဆန့်ကျင် အာနိသင်တို့ ပါဝင်နေပါတယ်။

ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်လဲ.................
အရသာရှိတဲ့ ပန်းသစ်တော်သီးက

ကိုယ်အလေးချိန် မတက်စေဘဲ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ကယ်လ်လိုရီ အပြည့်အဝရရှိစေတယ်


ဝိတ်တက်မှာကို ကြောက်တတ်သူတွေအနေနဲ့ ပန်းသစ်တော်သီးကိုစားပေးလို့ရပါတယ်။ အကြောင်းကတော့ ပန်းသစ်တော်သီးက အမျှင်ဓာတ်ကြွယ်ဝစေသလို

ကိုယ်အလေးချိန် မတက်စေဘဲ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကယ်လ်လိုရီတွေကို အပြည့်အဝပေးစွမ်းနိုင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကယ်လ်လိုရီတွေကို အပြည့်အဝဖြည့်ပေးနိုင်ပြီး ခန္ဓာကိုယ်ကို အင်အားပြည့်လို့ ကျန်းမာနေစေမှာပါ။ အမျှင်ဓာတ်ကြွယ်ဝတာကြောင့်

အစာခြေစနစ် ကျန်းမာစေနိုင်တယ် ပန်းသစ်တော်သီးမျာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ရော မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ပါကြွယ်ဝစွာပါဝင်နေပါတယ်။ ထမ်ငးစားပြီးချိန်မှာ ပန်ူသ်စတော်သီးကို စားပေးမယ်ဆိုရင် ဗိုက်ပြည့်တယ်လို့ ခံစားရစေပြီး စိတ်ကျေနပ်မှုကို ရရှိစေနိုင်မှာဖြစ်သလို အဆာခံနိုင်စေမှာပါ။ အမျှင်ဓာတ်ကြောင့် အူမကြီးကို ကျန်းမာစေနိုင်သလို ဝမ်းမှန်စေဖို့လည်း အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။ ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်က သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး နှလုံး ကျန်းမာစေနိုင်သလို သွေးတွင်းသကြားဓာတ်ကိုလည်း အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ အစားစားပြီးချိန်မှာ သွေးချိုမြင့်တက်သွားတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ လေပွတာ၊ ဗိုက်အောင့်တာ၊

ဝမ်းပျက်ဝမ်းလျှောတာ တွေကို သက်သာစေနိုင်ပါတယ်။


ကိုယ်တွင်းက

အဆိပ်အတောက်တွေ ကို ဖယ်ရှားပေးတယ်



ပန်းသစ်တာ်သီးမှာ အမျှင်ဓာတ်ပါဝင်နေမှုက ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလို

အူမကြီး ကို ကျန်းမာစေပြီး အူနံရံတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဝမ်းမှန်စေပြီး အူမကြီးရောင်ရမ်းတာ အူလမ်းကြောင်းတလျှောက်မှာ ရေတွေစုပုံနေတာမျိုးမဖြစ်အောင် အကောင်းဆုံးလုပ်ဆောင်ပေးနိုင်ပါတယ်။ ကိုယ်တွင်းကအဆိပ်အတောက်တွေကိုလည်း အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။

ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေနိုင်ပါတယ် ပန်းသစ်တော်မှာ ဗီတာမင် C  ကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အန္တရာယ်ကနေ အထိရော်ကဆုံး ကာကွယ်ပေးနိုင်ပါတယ်။ အရေပြားကို ကျန်းမာစေသလို အရွယ်တင်နုပျိုစေပြီး သံဓာတ်စုပ်ယူမှုကိုလည်း ကောင်းစေနိုင်ပါတယ်။ သွေးအားနည်းရောဂါ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါတွေကိုလည်း အထိရောက်ဆုံးတားဆီးပေးနိုင်ပါတယ်။

အရွယ်တင်နုပျို စေနိုင်ပါတယ်။

နာကျင်ရောင်ရမ်းမှု ကို သက်သာစေနိုင်ပါတယ်



ပန်းသစ်တော်သီးမှာ ဓာတ်တတိုးဆန့်ကျင်အာနိသင်၊ ရောင်ရမ်းမှုကို သက်သာစေတဲ့အာနိသင်၊ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်၊ ကင်ဆာတိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်၊ ဓာတ်မတည့်မှုကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်တွေကို ပါဝင်နေပါတယ်။  ဒါကြောင့် ခန္ဓာကိုယ်မျာဖြစ်နေတဲ့ နာကျင်ရောင်ရမ်းမှုတွေ၊ အရေပြားအနာတွေကို သက်သာစေဖို့အတွက် ပန်းသစ်တော်သီးကို စားပေးလို့ရပါတယ်။

ကင်ဆာ ကာကွယ်တဲ့ အနေနဲ့လည်း ပန်းသစ်တော်သီးကို စားပေးလို့ရပါတယ်။

ဦးနှောက် ကျန်းမာစေတယ် ပန်းသစ်တော်သီးမှာ ပိုတက်ဆီယမ်ပါဝင်နေတာကြောင့်နှလုံးကျန်းမာစေနိုင်သလို အာရုံကြောနဲ့ကြွက်သားတွေကို ကျန်းမာစေနိုင်ပါတယ်။ ပိုတက်ဆီယမ်က ဦးနှောက်ကို အာဟာရဓာတ်တွေ အကောင်းဆုံးဖြည့်တင်းပေးနိုင်ပြီး အာရုံကြောတွေကို အကောင်းဆုံးလှုပ်ရှားနိုင်အောင် လှုံ့ဆော်ပေးပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး ဦးနှောက်ဆီ သွေးစီးဆင်းရောက်ရှိမှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။

အရိုးတွေ ကြံ့ခိုင်သန်စွမ်းစေနိုင်တယ် ပိုတက်ဆီယမ်ကြွယ်ဝမှုက အာရုံကြောတွေနဲ့ သွေးပေါင်ချိန်ကိုတင် ကောင်းမွန်စေတာမဟုတ်ပါဘူး။ ကယ်လ်ဆီယမ်စုပ်ယူနိုင်စွမ်းကို မြင့်မားစေပြီး

ရိုးတွင်းခြင်ဆီတွေ ကို အကောင်းဆုံးဖြစ်ပေါ်စေပါတယ်။ အရိုးသိပ်သည်းဆကို ကောင်းစေပြီး အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ အရည်ရွှမ်းတဲ့ ပန်းသစ်တော်သီးကိုစားရင်း ခန္ဓာကိုယ်ကျန်းမာရေးကို အကောင်းဆုံးစောင့်ရှောက်လိုက်ပါ..............

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။




Some text some message..